12

445 35 5
                                    

Uni

P'Jeff ပြန်သွားပြီးမှ Offroad လဲဗိုက်က မယအချက်ပြလာတာမို့ တခုခုမှာစားဖို့လုပ်ရန် ဖုန်းကိုလှမ်းကိုင်နေတုန်း Daouမှမေးလာလေသည်။

'မင်းချက်မစားဘူးလား '

'ဟင့်အင်း.... ကျနော် ချက်ရတာအဆင်မပြေလို့ '

'ဒါဆို ကိုချက်ပေးမယ်လေ အိမ်မှာဝယ်ထားတာတွေများရှိလား '

Daou အမေးအား ခေါင်းခါပြလာတဲ့ Offroad ကြောင့် သူလဲမီးဖိုချောင်ထဲမှ ရေခဲသေတ္တာအား
ဖွင့်ကြည့်မိတော့ ရေဘူး၊ အချိုရည်ဘူးတွေနဲ့ အသီးအနှံ့တွေသာရှိလေသည်။ တခြားဟင်းချက်စရာတခုတလေမှမရှိပေ။

မီးဖိုချောင်းအတွင်းလှည့်လည်ကြည့်မိတော့လဲ ပြောင်ရှင်းလင်းနေတဲ့မီးဖိုတခု။ အပေါ်ဘက် Storeစင်မှာလဖြ အသင့်စားမုန့်တွေအပြည့်။ မီးဖိုချောင်အပြင်
ဘက်မှ Offroad အား သူပြန်လှည့်ကြည့်မိတော့သည်။ ဒီတလျှောက်လုံး ထိုကလေးက ဘဝကို
ဒီတိုင်းသာဖြတ်သန်းနေသည်လား ?

သူနောက်ကွယ်မှစောင့်ကြည့်ပေးနေပေမဲ့ အဝေးကအခြေအနေမို့ ‌သူမသိလိုက်တဲ့ကိစ္စတွေရှိနေတာပဲ။

' P'Daou ကျနော်အပြင်ကနေပဲ မှာလိုက်ပါ့မယ်
အလုပ်ရှုပ်မခံပါနဲ့ '

'မဟုတ်တာ လာခဲ့ အပြင်သွားမယ် '

'ဘယ်.... ဘယ်ကိုလဲ P '

သူ့လက်အားအတင်းဆွဲလို့ အပြင်ကိုထွက်လာတဲ့ Daouရဲ့ တည်နေရာက ကုန်တိုက်တခုသို့သာ ဖြစ်လေတယ်။ ပစ္စည်းထည့်တွန်းလှည်းအား အသာအယာတွန်းလို့ ဝယ်စရာတွေအား တခုချင်း အလေးအနက်ထား ရွေးဝယ်နေလေသည်။ Offroadတယောက်ကတော့ လှည်းဘေးမှ ကပ်
လိုက်ရင်း......

' P'Daou ကျနော်တို့မှာစားလိုက်ပါ့မယ်ဆို P'Daou .... '

Offroadသူ့အားတချက်လှည့်ကြည့်ပြီး ခေါင်းတခါခါနဲ့ အရှေ့ပြန်လှည့်သွားတဲ့ Daouကြောင့် သူ့ခေါင်းလေးသာကုပ်နေမိလေသည်။

' P 'Daou လို့ P..... P'Ou '

'ကဲကွာ အရမ်းစကားများတာပဲ ရော့ ... '

' အွတ် ......'

Offroadရဲ့နားပူနေမှုအားမခံနိုင်တဲ့အဆုံး Daouတယောက် သူ့အိပ်ကပ်ထဲမှ သကြားလုံးတခုဖောက်ပြီး ‌ထိုလေပေါနေသော သူလေးရဲ့ ပါးစပ်တွင်းထည့်ပေးလိုက်တော့သည်။ Daouအား ပြူးကြောင်ကြောင်လေးပြန်ကြည့်နေတာမို့ သူလဲမျက်နှာအား ပစ္စည်းတွေရွေးတဲ့ဘက် အမြန်လှည့်လိုက်ရလေသည်။

Behind (Bl ) (Complete )Where stories live. Discover now