2"

81 4 0
                                    

" ဆုတောင်းတယ် ၊ မင်းဟာ ကိုယ့်အပေါ် မှာ ဥပေက္ခာတွေပဲ ဆက်ရှိနေပါစေ ၊ ကိုယ်ဟာ ဘာသာရေးကို တအားယုံကြည်တဲ့ လူစားမျိုး မဟုတ်ပေမဲ့ မင်းကတော့ ကိုယ် စိတ်လိုလက်ရယုံကြည်ချင်တဲ့ ကိုးကွယ်ရာဖြစ်နေတာမို့ .. မင်း ကိုယ့်ကို မချစ်လာပါစေနဲ့  ဟန်နီ ....... ........ " တဲ့  ။

____________________________________

" မနေ့ညက ကလပ်မှာတွေ့ခဲ့တဲ့သူနဲ့ ငါ အိပ်ခဲ့တယ် ... "

စီးကရက်ကို တရှိုက်မက်မက် သောက်တတ်တဲ့ ငါဟာ ၊ မမှတ်မိချင်တော့တဲ့ လွန်ခဲ့တဲ့ အချိန်တစ်ခုကစလို့  စီးကရက်တွေကို မုန်းတီးလာခဲ့တယ် ။

" စီးကရက်တွေ လျှော့သောက်ပါ ဟန်နီ "

အဖျားကော့ရှုးရှုး သွယ်လျလျနဲ့ မင်းရဲ့လက်တွေ ၊ ခပ်ပါးပါးနဲ့ မင်းရဲ့နှုတ်ခမ်းတွေပေါ်မှာ မကြာခဏနဲ့ အကြိမ်ရေစိပ်စိပ် နေရာယူတတ်လာတာက အဲ့ဒီစီးကရက်တွေ ဖြစ်နေတယ် ။

" ဒါ ငါ့ သဘောပါ "

ဆောရီး ဟန်နီ ... မင်းရဲ့ဇယားတွေနဲ့ တစ်ညတာ ကုန်ဆုံးပေးခဲ့မှုအပေါ်  အပြုံးမပျက်ဘဲ ၊ ငါ့သဘောထား ဘယ်လိုမှ ယိုင်နှဲ့မသွားတာကို မင်းလေး သဘောမတွေ့လဲ ငါ မတတ်နိုင်ဘူး ဟန်နီ ၊ အမြတ်တနိူးနဲ့ မင်းစွဲလန်းတာက သူတို့တွေ မဟုတ်ပဲ ၊ အခု မင်းနှုတ်ခမ်းပါးလေးတွေပေါ်မှာရောက်နေတဲ့ စီးကရက်တွေပဲဖြစ်နေတာ ငါ သိနေတာမို့လေ ဟန်နီ ...

တစ်ခုတည်းသော မနာလိုဝန်တိုမှုဆိုရင် မင်းရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေပေါ်က အမြတ်တနိုးနဲ့ မင်းနေရာပေးတဲ့အရာဟာ ငါ ဖြစ်ခွင့်မရလို့ပါပဲ ဟန်နီ ၊

" မင်း ငါ့ကို ချစ်သလား "

အို ... ဟန်နီ မင်း မမေးနဲ့ ၊ ချစ်သလား"ဆိုတဲ့ မေးခွန်းကို မင်း မေးထွက်မလာပါနဲ့ 

" ဟန်နီ .. မင်းရဲ့ အတွေး ၊ မင်းရဲ့ သဘောထားရှိတဲ့အတိုင်း တွေးနိုင်ပါတယ် "

ချစ်သလား " ဆိုတဲ့ မေးခွန်းရဲ့ နောက်ကွယ်မှာ မင်းရဲ့ သံယောဇဉ်တွေ ကပ်ညှိစွန်းပါလာမှာ ငါ သိပ်ကြောက်တယ် ဟန်နီ ၊ မင်းဟာ ငါ့အပေါ် ဥပေက္ခာတရားနဲ့ပဲ ဆက်ရှင်သန်နေတာ ကောင်းပါတယ် ၊ ချစ်မိသွားပြီရင် ပိုင်ဆိုင်ချင်လာလိမ့်မယ် ဟန်နီ .. ပိုင်ဆိုင်ရခြင်းဆိုတာက အဆုံးမရှိ ပျက်စီးရခြင်းနဲ့  သိပ်ကို နီးကပ်တာမို့ ၊ မင်း ငါ့အပေါ် ချစ်နေသလား" ဆိုတာလည်း မင်းကိုယ်မင်း ပြန်ပြီးမဆန်းစစ်ပါနဲ့ ဟန်နီ ....

" TWELVE "Where stories live. Discover now