အခန်း 16 ငါတို့မိသားစု ဒီဘဝမှာ အဆင်ပြေရမယ်။
ထိုအကြောင်းကို ပြောရင်း ချင်းကျို၏ မျက်လုံးများ နီရဲနေသေးသော်လည်း သူ့အသံမှာ ငြိမ်သက်သွားသည်။
“သမီး စဉ်းစားထားပြီးသားပါ။ အခု သမီးတို့ မိသားစုမှာ အိမ်နှစ်အိမ် ရှိတယ်။ အဲဒါတွေကို မလို ချင်ဘူး။ အိမ်ဖိုးကို လျှော့ယူလိုက်မယ်။ ခရိုင်မြို့ကို သွားပြီး အရင်အိမ်ငှားနေမယ်။နောက်ပိုင်းပိုက်ဆံစုပြီးတော့ အိမ်ဝယ်မယ်။ အဖေတို့လည်း ခရိုင်မြို့မှာ အလုပ်ရှာလို့ရတယ်။ အဖေတို့အလုပ်သွားတဲ့ အချိန်မှာ သမီးကျောင်းချိန်ရွှေ့ပြီး ရှောင်ရှီနဲ့ နေလိုက်မယ်။အခုချိန်ထက် ခက်ခဲတဲ့အချိန်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။"
ချင်းကျုံးဟိုင်ကို မပြောနှင့် စုရန် ပင် အံ့အားသင့်သွားခဲ့သည်။
ချင်းကျုံးဟိုင်က မိသားစုခွဲထွက်ဖို့ကို မစဉ်းစားခဲ့ပေမယ့် စုရန်ကတော့ ခွဲထွက်ရန် ပြောခဲ့သည်။ သို့သော် သူမသည် အစပိုင်းမျှသာ တွေးပြီး ထိုမျှအထိ မတွေးခဲ့ပေ။
ဒီအကြောင်းကို သူမက လေးလေးနက်နက် တွေးပြီး "ရှောင်ကျို ပြောတာ မှန်တယ်လို့ ထင်တယ်။အိမ်ခွဲတဲ့အခါ အိမ်ကို ထပ်မလိုချင်တော့ဘူး၊ ပြီးတော့ အိမ်ဆောက်တုန်းက သုံးခဲ့တဲ့ ယွမ် ၅၀၀၀ ကို ငါတို့ဆီ ပြန်ပေးခိုင်းရမယ်။ !"
စုရန် ဟာ သားတစ်ယောက်မှ မမွေးထားတာကြောင့် အဘိုးအိုက သူ့အပေါ် သဘောထားကြီးပြီးတော့ သုံးယောက်မြောက်ကလေးကို သားယောကျာ်းလေး မွေးစေချင်ပါသည်။
သူတို့တကယ်အိမ်ခွဲရင် ဘာမှမရနိုင်ဘူးဆိုတာ စုရန်လည်းသိသည်။သို့သော် ဒီအချိန်မှာ အိမ်ရှေ့ခြံတွင် ဆောက်ထားသော အုတ်ကြွတ်မိုးအိမ်အတွက် ကုန်ကျငွေ ယွမ်ငွေ ၁၀,၀၀၀ထဲမှ ထက်ဝက်သည် သူတို့ နှစ်အနည်းငယ်ကြာအောင် စုဆောင်းထားသောငွေဖြစ်သည်။
လူအိုကြီးစုံတွဲ အတွက်ဆိုရင် အဆင်ပြေပေမယ့် တတိယမိသားစုကသာ ထိုအိမ်တွင်နေထိုင်နေသည် ။ ဒါကိုတွေးရင်း စုရန် ထိတ်လန့်သွားသည် ။
"ငါ ပြန်စဉ်းစားကြည့်ဦးမယ်" ချင်းကျုံးဟိုင်သည် သစ္စာရှိပြီး ရိုးသားသူဖြစ်သည်။ သူသည် အခြားသူများကို ဆိုးဆိုးရွားရွား မတွေးခဲ့ဘူးပါ။ တစ်ခါတရံမှာ တစ်ဖက်သားက မကောင်းတာတွေ လုပ်ခဲ့လျှင်ေတာင် တခြားသူတွေအတွက် တရားမျှတဖို့ အကြောင်းပြချက်ရှာပေးသည်။
YOU ARE READING
80 ခုနှစ်မှ ဗီလိန်ရဲ့ ကံကောင်းသောချစ်ဇနီးလေး
Teen FictionRebirth Part end - 786 This is not my own novel. I'm not permission for this translation. Translator -song