အိပ်ခန်းထဲတစစတိုး၀င်လာတဲ့အလင်းရောင်တွေ
မိုးလင်းပြီပဲ....Gem မနေ့ညကသူလုပ်မိခဲ့တဲ့လုပ်ရပ်အတွက် ယူကျုံးမရလဲဖြစ်ရသလို အရမ်းလဲနာကျင်နေရသည်။
Gemတို့တူတူအိပ်ခဲ့ပြီးထဲက သူ့ကိုကျောပေးကာ နဲနဲလေးမှ မလှုပ်ပဲ လှဲနေတဲ့ ကျောပြင်ဖွေးဖွေးလေးဆီလက်လှမ်းလာပြီးမှ အိပ်ယာဘေးစားပွဲပေါ်တင်ထားတဲ့ ဓာတ်ပုံထဲမှာ သူ့ကိုလှမ်းပြုံးပြနေသလား ထင်ရအောင် အေးအေးချမ်းချမ်း ပြုံးနေတဲ့ lingပုံကိုတွေ့တာနဲ့ ကမ်းနေတဲ့ လက်တွေသည် အလိုအလျောက် ရုတ်လိုက်မိသည်။
ဘာတွေဖြစ်သွားပြီလဲ.....သူ့ကိုယ်သူ ထိန်းချုပ်ဖို့ကြိုးစားခဲ့ပါသေးတယ်။
ဒီကောင်လေးကို မစွန်းပေစေချင်လို့ သူထိန်းခဲ့ပါသေးတယ်။
လက်နှစ်ဖက်ဖြင့် မျက်နှာကိုပွတ်သပ်ကာ အုပ်ထားမိသည်။သူတညလုံးအိပ်မရခဲ့သလို အနှီး ပန်းနုရောင်ကောင်ကလေးသည်လဲ တရေးမှ မအိပ်ပျော်ခဲ့ဘူးဆိုတာ Gem သိသည်။
အိပ်ခန်းထဲဆက်နေလျှင်ရူးသွားမှာဆိုးတာကြောင့် Gem အပြင်ထွက်ခဲ့လိုက်သည်။
💭လုပ်လိုက်လေ....ငါ့ကိုနမ်းလိုက်..... ငါနဲ့အိပ်လိုက်၊ ငါ့ရဲ့သိက္ခာကို အကုန်ဖျက်ဆီးပစ်လိုက်၊ ငါ့ကြောင့် မင်းချစ်သူသေရတာအတွက် လက်စားပြန်ချေလိုက်၊ မငိးလုပ်လိုက်လေ...လုပ်လိုက်လေ! 💭
"ကိုယ်မှန်တာ လုပ်ခဲ့ပြီးပြီး ling ၊ ကိုယ်လုပ်တဲ့အရာက lingကိုဆုံးရှုံးစေခဲ့တဲ့အတွက်ပဲ "
ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်တွေရော ဘာမှန်းမသိတဲ့ခံစားချက်တွေပါ ရောယှက်ကာ နာကျင်ခံခက်စွာနဲ့ နံရံတွေကိုသာ ထိုးကြိတ်ပြီး ဒေါသဖြေရသည်။
လက်ကနာတာထပ် Gem ရဲ့နှလုံးသားက အဆပေါင်းများစွာပိုနာကျင်နေရပါတယ်.....
နံရံမှာမှီချကာ အံကြိတ်ရင်းမျက်ရည်တွေကျလာသည်။အခန်းထဲက Gemini ထွက်သွားပြီးတော်တော်ကြာမှ fot ဒီဘက်ခြမ်းကိုလှည့်လိုက်သည်။
💭နင်တွေ့ပြီမလား နင်ရဲ့ကြင်နာမှုတွေအချစ်တွေကတကယ်မရှိဘူးဆိုတာ၊Geminiကလဲ တခြား ယောင်္ကျားတွေနဲ့မခြားနားပါဘူး၊ သူစိတ်ကျေနပ်သွားဖို့ ပျော်ဖို့အတွက်နင်နဲ့အိပ်ချင်နေတာလေ.......💭

YOU ARE READING
Invests With Heart (Completed)
Fanfictionကျနော်တို့ နောက်ဘယ်တော့မှ ထပ်မတွေ့ကြရအောင်ပါ Khun Gemini Fourth Nat ...ကိုယ်တို့တယောက်ကိုတယောက် သိသိရက်နဲ့ရော မသိပဲနဲ့ပါ ထိခိုက်နာကျင်စေခဲ့တာ တွေ၊ ဆုံးရှုံးနစ်နာစေခဲ့တာတွေအရမ်းများခဲ့မှန်းကိုယ်သိပါတယ်၊ ဒါပေမယ့်..... ...