Part -2 (Unicode)

1.1K 93 10
                                    

အမှတ်တရ သီတင်းကျွတ်ည

Part -2

သွန်းမိဘတွေက ဗိုလ်ချုပ်ဈေးထဲ ပန်းချီကား ဆိုင်နှင့် ရတနာဆိုင်ဖွင့်ထားကြကာ သွန်းက တစ်ဦးတည်းသော သမီးဖြစ်သည်။ မိဘတွေက အလုပ်များသူမို့ သွန်း ငယ်စဉ်ကတည်းက တစ်ယောက်တည်းသာ စာအုပ်တွေကို အဖော်ပြုနေခဲ့ရ၏။ ကာတွန်း၊ ဝတ္ထု၊ မှုခင်း၊ ဘာသာပြန်၊ ဘာသာရေး စာအုပ်မှန်သမျှ သွန်းအကုန်ဖတ်သည်။ ဘာသာစကားတွေလည်း စာအုပ်တွေဖတ်ပြီးသာ လေ့လာခဲ့တာဖြစ်သည်။ သွန်း သဘော အကျဆုံး ဘာသာစကားက စပိန်ဘာသာစကားဖြစ်ကာ တက္ကသိုလ်တက်ဖို့ လျှောက်ရာတွင်လည်း YUFLမှာ စပိန်ဘာသာ သင်ယူမှာဖြစ်သည်။

သွန်းအခုတလော ဖတ်ဖြစ်နေတာကတော့ အချစ် ဝတ္ထုတွေပင်။ သီတင်းကျွတ်တုန်းက ချယ်ချယ်တို့ ဘက်မှာ ဆုံတွေ့ခဲ့သည့် ကိုကို့ကြောင့် အချစ်ကို ရင်ခုန်စွာ ရှာဖွေ တွေ့ရှိခဲ့သည်။ ထိုနေ့ပြီးကတည်းက အချစ် ဝတ္ထုတွေဖတ်ကာ စိတ်ကူးယဉ်ပြီး ကိုကို့ကိုသာ မြင်ယောင်ခဲ့ မိ၏။ သွန်းလည်း ချယ်ချယ်တို့ဘက် မသွားဖြစ်သလို ချယ်ချယ့်ကို ကိုကို့ အကြောင်း မေးဖို့ကလည်း ရှက်နေမိတာကြောင့် ထိုနေ့ပြီးကတည်းက ကိုကိုနဲ့ မတွေ့ဖြစ်သလို အဆက်အသွယ်လည်း မရှိတော့ပါ။

အခွင့်အရေးရှိလျှင်တော့ သွန်းရဲ့ ရင်ခုန်ဦး‌သူလေးနှင့် တစ်ကြိမ်လောက်ဖြစ်ဖြစ် ထပ်ဆုံချင်ပါသေးသည်။

✨✨✨

"Ring....."

သွန်း ညက စာအုပ်ဖတ်တာ နောက်ကျ သဖြင့် မနက်ကျ မနိုးပဲ ဖြစ်နေကာ ဖုန်းသံကြောင့် နိုးသွားရသည်။ အချိန်ကြည့်တာ့ မနက် ၉နာရီခွဲပြီမို့ မေမေတို့ကတော့ ဆိုင်သွားကြပြီဖြစ်မည်။ သွန်းအကြောင်း သိသူတွေမို့ သွန်းကို မနှိုးပဲ ထားထားခြင်းသာ။ မနက်က ၅နာရီထိုးခါနီးမှ အိပ်ပျော်သွားတာကြောင့် အိပ်ရေးမဝပဲ လူက စိတ်မကြည်ကာ ဖုန်းကိုင်လိုက်သံတောင် တင်းမာလျက်နှင့်။

"ဟဲလို....."

ရောင်ဖြာ သွန်းငယ်ဆီ ဆက်သွယ်ဖို့ ထွန်းထွန်းကို အပူကပ်ကာ သူ့ညီမဆီကနေ သွန်းငယ် ဖုန်းနံပါတ် မနည်းတောင်းထားရတာ ဖြစ်သည်။ တောင်းထားတာ ၁၀ရက်လောက်ရှိတော့မှာကို ထွန်းထွန်းရဲ့ ညီမက သူ့သူငယ်ချင်း ဖုန်းနံပါတ် မပေးနိုင်ပါဘူးဟုဆိုကာ ဈေးကိုင်ပြီး မပေးပဲနေတာကြောင့် အချိန်တွေ ကြာသွားရ၏။ မနက်ကတော့ ထွန်းထွန်းက ရောင်ဖြာ့ဆီ ဖုန်းဆက်၍ သူ့ညီမကို နိုင်ကွက်ရပြီ မင်းရဲ့ သွန်းငယ်ဖုန်း ရစေရမည်ဟု လှမ်းပြောပြီး အခုတင် မက်ဆေ့ပို့ပေးတာကြောင့် ချက်ချင်း ဖုန်းတန်းခေါ်မိတော့သည်။

အမှတ်တရ သီတင်းကျွတ်ညWhere stories live. Discover now