Part -3 (Zawgyi)

362 7 0
                                    

အမှတ်တရ သီတင်းကျွတ်ည

Part -3

ရောင်ဖြာ အခုတလော ထွန်းထွန်းတို့ ဘက်ကိုသာ ခြေဦးလှည့်နေဖြစ်သည်။ နေ့ရှိသ၍ သွန်းငယ်ရဲ့ အိမ်လိပ်စာသိရအောင်၊ သွန်းငယ် ဘာတွေလုပ်နေလဲဆိုတာ သိရအောင် ထွန်းထွန်းနှင့် နှစ်ယောင်ပေါင်းကာ ချယ်ချယ်ဆီမှ သိရဖို့ ကြံကြသော်လည်း လုံးဝ မသိရပေ။

အခုဆို ရောင်ဖြာ သွန်းငယ်ကို ဖွင့်ပြောထားတာ နှစ်ပါတ်ကျော်ပြီဖြစ်ကာ နှစ်ယောက်သား ဖုန်းတွေပြေယရင်းလည်း တော်တော်လေး ရင်းနှီးနေကြပြီဖြစ်သည်။ သွန်းငယ်က Social acc တွေသုံးလားဟု မေးတော့လည်း သုံးတယ်ဟုပြောသော်လည်း အကောင့်နာမည်တွေမေးတာ လုံးဝမပြောပေ။ ကိုယ့်ဟာကိုယ် ရှာတော့လည်း လုံးဝရှာမတွေ့တာကြောင့် တော်တော်လေး လမ်း ပျောက်နေရတော့၏။

"သား.... အခုတလော..... အပြင်ပဲ ထွက်နေတယ်.... ခဏလာပါဦး...."

ရောင်ဖြာ ထွန်းထွန်းတို့ဘက်က ပြန်လာတော့ ဖေဖေနဲ့ မေမေက ဧည့်ခန်းမှာ စကားပြောနေရင်းမှ လှမ်းခေါ်လေသည်။ ရောင်ဖြာလည်း အပေါ်မတက်သေးပဲ ဧည့်ခန်းက ခုံမှာသာ ခြေပစ် လက်ပစ် ထိုင်ချလိုက်တော့သည်။ ကိုယ့်ကားနဲ့ကိုယ် သွားတာဆိုပေမယ့် ညနေ ရုံးဆင်းချိန် လမ်းတွေ‌ပိတ်တော့ ကားကြပ်ကာ မောင်းရတာ ပင်ပန်းလှ၏။ ရောင်ဖြာတို့က ဘောက်ထော်မှာ နေတာ ဖြစ်ကာ ထွန်းထွန်းတို့က မြောက်ဥက္ကလာမှာမို့ နည်းနည်းတော့ ဝေးတယ် ပြောရမည်။

"ဘယ်တွေသွားပြီး ဘာတွေများ လုပ်နေလို့ အခုလောက်ထိ ပင်ပန်းလာရတာလဲ သားရယ်...."

မေမေက ရောင်ဖြာ့ဘေး ပြောင်းထိုင်ကာ ရောင်ဖြာ့ ဆံပင်ကို သပ်တင်ရင်း ပြောတော့ မေမေ့ပေါင်ပေါ် လှဲချလိုက်တော့သည်။

"ဟေ့ရောင်.... မကြီးမငယ်နဲ့ ငါ့မိန်းမကို ဘာလို့ ကပ်နေတာလဲ....."

ဖေဖေ့ဆီမှ လှမ်းစသံဖြစ်သည်။ ရောင်ဖြာ့မှာ ကိုယ့်အမေ ကိုယ်ကပ်ချင်တာတောင် အမြဲတမ်း ဖေဖေနဲ့ လုကပ်နေရတာပင်။

"ဒီည သား မေမေနဲ့ အိပ်မယ်.... ဖေဖေ တစ်ယောက်တည်း အိပ်...."

"ရမလား.... ကွ..... ငါ့မိန်းမကို ဖက်အိပ်ချင်လို့တောင် အပိုင်ယူထားတာလေ.... မင်းလည်း ဖက်အိပ်ချင် မိန်းမယူလိုက်... အသက်လည်း ၂၀ကျော်ပြီကို မအေပဲ လိုက်ကပ်နေတယ်...."

အမှတ်တရ သီတင်းကျွတ်ညWhere stories live. Discover now