Final Part (Zawgyi)

329 5 0
                                    

အမှတ်တရ သီတင်းကျွတ်ည

Final Part

ဒီနေ့မှာ သွန်း ၁၈နှစ်ပြည့်ပြီဖြစ်သည်။ သွန်းငယ်ငယ်လေးတည်းကနေ အခုချိန်ထိ မွေးနေ့ရောက်တိုင်း ဖေဖေနဲ့ မေမေက မနက်ပိုင်းဆို မိဘမဲ့ ဂေဟာနှင့် ဘိုးဘွားရိပ်သာမှာ အလှူလုပ်ပေးကာ ညနေပိုင်းကျ ခင်မင် ရင်းနှီးသူ မိတ်ဆွေ အနည်းငယ်ဖြင့် မွေးနေ့ ညစာ စားပွဲလေး အမြဲ လုပ်ပေးခဲ့သည်။

သွန်းက ငယ်ငယ်တည်းက အနေအေးကာ တကိုယ်တည်း နေတတ်သူမို့ သူငယ်ချင်း မရှိခဲ့သော်လည်း ဒီနှစ်မွေးနေ့မှာတော့ ချယ်ချယ်ရှိနေပြီမို့ သွန်းသူငယ်ချင်းပါ ဖိတ်သော ပထမဆုံး မွေးနေ့ဖြစ်လာသည်။ မနက်က ကိုကိုနဲ့ ဖုန်းပြောဖြစ်သော်လည်း ဒီနေ့က သွန်းမွေးနေ့ဆိုတာကို မပြောဖြစ်ခဲ့ပါ။

ကိုကို ဖွင့်ပြောသည့်နေ့တည်းက သွန်းဘက်က ခံစားချက်ကို ထုတ်ပြောခဲ့သော်လည်း သွန်းတို့ ချစ်သူတွေ မဖြစ်ခဲ့ကြပေ။ ကိုကိုကတော့ နေ့စဉ် နေ့ရော ညပါ ဖုန်းဆက်၍ သွန်းကို ပိုးပန်းနေပြီး ချစ်သူတွေ ဖြစ်ကြဖို့သာဂျီကျနေတော့သည်။ သွန်းကတော့ စာအုပ်တွေ ဖတ်လွန်းသူမို့ စိတ်ကူးယဉ်တယ် ဆိုဆို ကိုကိုနဲ့ သွန်းသာ ဖူးစာ စစ်မှန်ပါက ကိုကို သွန်းရှေ့ ရောက်လာမယ်ဆိုတာ ယုံကြည်နေမိသည်။

"ဒေါက်.... ဒေါက်...."

"သွန်း.... ငါဝင်လာပြီနော်..."

သွန်းမွေးနေ့ပွဲကို အရင်နှစ်တွေလိုပဲ ခြံထဲမှာ ကျင်းပမည်ဖြစ်ရာ ဒီနှစ်တော့ ချယ်ချယ့်ကို ဖိတ်ထားလေသည်။ မနက်က မိဘမဲ့ဂေဟာနှင့် ဘိုးဘွားရိပ်သာမှာ အလှူသွားလုပ်ပြီး နေ့ခင်းဘက် ပြန်အိပ်လိုက်တာ ညနေစောင်း အကိုဖုန်းဆက်လာမှ နိုး၏။ သွန်းအိပ်နေလျှင် ဘယ်တော့မှ လာမနှိုးပဲ ထားပေးတတ်သည့် ဖေဖေနဲ့မေမေကတော့ သွန်းနိုးချိန်ထိသာ စောင့်ပေးတတ်သည်။

ကိုကိုနဲ့ ဖုန်းပြောပြီးတော့ ၅နာရီ ထိုးနေပြီမို့ ရေအမြန်ချိုးကာ အသည်းအသန် ပြင်ဆင်ရတော့သည်။ အခုတော့ ချယ်ချယ်တောင် ရောက်နေပြီထင်ပါရဲ့။

"သွန်း.... နင်.... ပြင်လို့ မပြီးသေးဘူးလား...."

"ပြီးပါပြီဟယ်.... ငါ.... အိပ်ရာထ နောက်ကျသွားလို့ပါ....."

You've reached the end of published parts.

⏰ Last updated: Oct 18 ⏰

Add this story to your Library to get notified about new parts!

အမှတ်တရ သီတင်းကျွတ်ညWhere stories live. Discover now