အပိုင်း၂၀❤zawgyi

43 2 0
                                    

မြတ်ကြည်-ဒေးဗစ်ကပျောက်သွားပြီ သော်တာစိတ်မပူပါနဲ့ ဒေါက်တာအဆင်ပြေမှာပါ

သော်တာ-ငါ.... ငါ တစ်ကိုယ်ကောင်းဆန်မိတယ် ဒေါက်တာဘာတွေခံစားနေရမယ် ငါမတွေးပေးခဲ့မိဘူး

လင်းလတ်-မောင့်အတွက်ကရောသော်တာ

မြတ်ကြည်-ကဲငါသွားလိုက်ဦးမယ်အေးဆေးပြောကြအုံး

သော်တာ-ဘာလို့ ရှင်အတ္တကြီးနေရတာလဲ

လင်းလတ်-မင်းအခုသူ့ကိုသနားနေတာလား

သော်တာ-မောင်

လင်းလတ်-အဲ့ဒါဆို တောက်စ် ချီးဘဲ သေနတ်ထိရမှာငါဖြစ်သင့်တာ

သော်တာ-မောင် မဆိုင်တာတွေမပြောနဲ့

လင်းလတ်-ငါအတည်ပြောနေတာ မင်းကိုဒီလိုမြင်ရတာငါစိတ်ချမ်းသာနေတာတော့မဟုတ်ဘူးနော် အရင်လိုငါနဲ့လေ ပျော်ပျော်ရွှင်ရွှင် မင်းငါ့ကိုချစ်လွန်းလို့ငါ့နောက်လိုက်ပြီး အရာရာ ရင်ဆိုင်ပြီးခါမှလေ မင်းဘာလို့ပြောင်းလဲသွားရတာလဲ

သော်တာ-လူဆိုတာ စိတ်အမျိုးမျိုးရှိတာဘဲ ပြောင်စလဲတတ်ကြတာဘဲ မောင့်ကိုချစ်လို့လဲ ဒီလောက်သီးခံနေတာပေါ့ မောင်
မောင်ပြောင်းလဲလာတာရောသိလား ဟမ် မောင်ကအရင်ကလင်းလတ်မဟုတ်တော့ဘူး အရာရာကိုအဆိုးလိုက်မြင်နေတယ်

လင်းလတ်-သော်တာမင်းတော်လိုက်တော့ ငါပြောပြီးသား မင်းငါနဲ့လက်ထပ်ရမယ်
တောက်စ်

ဒေါသနဲ့ထွက်သွားတဲ့လင်းလတ် ခဏအကြာဒေါက်တာကြီးထွက်လာသည်

သော်တာ-ဆရာ လူနာအခြေအနေက

ဒေါက်တာကြီး-အနားယူဖို့လိုပါတယ် ဘေးကင်းမကင်းတော့မသေချာသေးပါဘူး ကျည်ဆံက နှလုံးနားဖြတ်သွားတာဆိုတော့ အချိန်ပေးရပါလိမ့်မယ်

သော်တာ-ဟုတ်ကဲ့

ဖြည်းညည်းစွာ ဒေါက်တာခွန်းနားသော်တာကပ်သွားသည်

သော်တာ-ဒေါက်တာ အခုချိန်ပြောသင့်မပြောသင့်မသိပေမယ့် သတိရပါတော့နော် သော်တာမကြည့်ရက်လို့ပါပြီးတော့ ဒေါက်တာကိုသော်တာ ဘေးကင်းစေချင်လှပြီ နော် အရမ်းချစ်တယ်

ပန်းရိုင်း gl 🔞Where stories live. Discover now