နောက်လာမည့်ဇာတ်ကွက်အတွက် ကုမျန်တွင် scene မရှိချေ။သူမသည် လော့ကျစ်ယွီနှင့်အတူ ရပ်ကာ အခြားအမျိုးသားဇာတ်ပို့သရုပ်ဆောင်နှင့် လော့ချယ် ရုပ်ရှင်ရိုက်ကူးခြင်းကို အဝေးမှ ကြည့်ရှုနေခဲ့သည်။
ကုမျန် လော့ကျစ်ယွီကို တစ်ချက်ကြည့်လိုက်ပြီး "ရှင် ဘာကိုဆိုလိုတာလဲ"
လော့ကျစ်ယွီ သူ့မျက်နှာပေါ် သက်တောင့်သက်သာရှိသည့် အပြုံးတစ်ပွင့် ပြသလိုက်ပြီး "မင်းနဲ့ တွေ့ပြီးတဲ့နောက် သူ့ခံစားချက်တွေက ပိုပြီးကျယ်ပြန့်လာတယ်လေ"
သူက သက်ပြင်းချလိုက်ပြီးနောက် ဆက်ပြောလာ၏။ "တကယ်တော့ ဖျော်ဖြေရေးနယ်ပယ်မှာ သူ မင်းကလွဲလို့ ဘယ်သူ့ကိုမှ မယုံဘူး။ ပုံမှန်အားဖြင့် သူက သူအယုံကြည်ရဆုံးသူကိုပဲ သူအစစ်အမှန်ကို ဖော်ပြတာ သူက စကားနည်းပြီး အေးစက်တယ်၊ မြင့်မားဟန်ပေါ်ပြီး ဆက်ဆံရခက်တယ် ဒါပေမဲ့ တကယ်တမ်းကျတော့၊ သူ့အဖေ မတော်တဆမဖြစ်ခင်တုန်းက သူဒီလိုမဟုတ်ခဲ့ဘူး၊ဖျော်ဖြေရေးနယ်ပယ်ထဲရောက်သွားပြီး လူတော်တော်များများနဲ့တွေ့ပြီးနောက်မှာ တဖြည်းဖြည်းနဲ့ သူ့စိတ်ကိုပိတ်လိုက်တယ် သူ့ရဲ့ခံစားချက်တွေကို ထုတ်ဖော်မပြတော့ဘူး။တစ်ခါတစ်လေကျရင် သူ့ဝမ်းကွဲဖြစ်တဲ့ ငါတောင်မှ သူဘာတွေစဉ်းစားနေလဲဆိုတာကို မှန်းဆလို့မရဘူး"လော့ချန်၏အဖြစ်အပျက်က လော့ချယ်ကို လျင်မြန်စွာ ရင့်ကျက်သွားစေကြောင်း ကုမျန်သိသည်။လော့ချန်လဲပြိုသွားပြီးနောက် သဘာ၀ကျကျပင် သူသည် မိသားစု၏မဏ္ဍိုင်ဖြစ်လာပြီး ၀န်ထုပ်၀န်ပိုးကို ခွဲဝေယူခဲ့ရသည်။
လော့ချယ်သည် ယခုနှစ်တွင် အသက် 22 နှစ်သာရှိသေးသော်လည်း သူ့စရိုက်လက္ခဏာမှာ သူမတူထူးကဲစွာ တည်ငြိမ်အေးဆေးသည်။ သူ့ထက်အသက်ကြီးသော အမျိုးသားအချို့သည်ပင် သူ့လောက် မရင့်ကျက်ကြသေးချေ။
သူ့မိသားစု၏ ကြီးကြီးမားမားအပြောင်းအလဲများကို ရင်ဆိုင်ရင်း သူ ရင့်ကျက်လာခဲ့ရသည်။
သူ ဒီလိုမျိုးဖြစ်သွားတဲ့ထိ ကိစ္စတွေ ဘယ်လောက်များများ ဖြစ်ခဲ့တာလဲ။လော့ကျစ်ယွီက ကုမျန်ကို အပြုံးတစ်ပွင့်ဖြင့် ကြည့်လာပြီး မြေခွေးတစ်ကောင်ကဲ့သို့ လိမ္မာပါးနပ်စွာပြုံး၍ "ဒါပေမယ့် မင်းနဲ့တွေ့ပြီးတဲ့ နောက်မှာတော့ သူက တဖြည်းဖြည်း ပြောင်းလဲလာပြီး ငြင်သာလာခဲ့တယ် အခု သူ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်နေပြီ သူ့နှလုံးသားကို ဖွင့်ဟပြီး ကမ္ဘာကြီးကို ပြန်ပြီးလက်ခံသွားစေခဲ့တဲ့သူက မင်းပဲ"
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)