ပွဲပြီးသည်နှင့် ဂျွန်သည် "ဗီလာ"သို့သာတောက်လျှောက် မောင်းလာခဲ့ပြီး ခြံဝန်း ထဲ တွင် Rolls Royce တစ်စီး ရပ်ထားသည်ကိုတွေ့လေသည်။*ဒယ်ဒီရောက် နေ တာဘဲ။*
ကားထဲက ဆင်းပြီးအိမ်ထဲ ဝင် ဝင်ချင်း
"congratulations son"
"Thanks Dad"
"ရောက်တာကြာပြီးလား "
"မကြာသေးပါဘူးကွာထိုင်ဦး "
သူ ဒယ် ဒီရှေ့ ကဆိုဖာ တွင်သာဝင်ထိုင်လိုက်သည်။
"ကယ်..လက်ရွေး စင်ကြီး ဘလိုလဲ "
"ဒီတိုင်းပါဘဲ"
"အဟားးမင်းနဲ့တော့"
ဦးဘုန်း သိတာပေါ့ သူ့သား က ဘာမှ မဖြစ် သလိုသာနေနေ တာ သူဘလောက် ကျေနပ် နေမလဲသူသာအသိဆုံး။ နိုင်ငံ ကိုယ်စားပြုရွေးခြယ်ခံရဖို့ကို ကြိုးစားခဲ့တာ ရက် ပိုင်း လပိုင်းကလေး မှမဟုတ်တာဘဲ။
"ဒယ်ဒီအမြင် မင်း ထပ်trainရဦးမယ်"
"သားသိပါတယ်Dadရာ"
"မင်းဘာမင်းတော့မဖြစ်ဘူး ငါ မင့်train ဖို့ trainer ခေါ်ထားတယ်"
"ဟာာ...Dadက အပို အလုပ်မဟုတ်တာတွေ လုပ်ပြီ။ ကျတော ဘာသာ လုပ်လည်းဖြစ်တယ်။ အန်ကယ် Wick တို့လည်းရှိတာဘဲ"
"မင့် ပေါ့ သေးသေး မထင် နဲ့ဦး ဂျွန် ..တစ်ဖက် ပြိုင် ဘက်က ဘယ်လို ဆိုတာမသိသေးသ၍မင်းအကောင်း ဆုံး ရင် ဆိုင်နိုင် ဖိုကြိုတင့် ပြင်ဆင်ထားဖို့လိုတယ်"
"............"
"နောက်ပြီး အခု ငါခေါ်ထားတဲ့trainer က နယ်နယ်ရရမဟုတ်ဘူး"
"Dadဟိုတစ်ခေါက်လည်း အဲ့လိုပြောတာဘဲ ကျတော့combined driftလေး တောင် ၂ခါ မဆွဲရဘဲ ထွက်ပြေးသွာတာ တွေချည်း"
"မတူဘူးကွ ဒီတစ်ခါ ငှားချင်တိုင်းငှားလို့ရတဲ့သူမျိုး မဟုတ် ဘူး "
"ဟွန်းးပိုက်ဆံ ပေးလိုက်ရင် အကုန်ဖြစ်ပါတယ် Dadရာ"
"မင့်အသာနေစမ်းပါ ငါကိုယ်တိုင်အကူညီ တောင်း လို့ ဟိုက လက် ခံ တာ မင်းသာအေးဆေး သူ့ဆီကtraining ယူ ကြားလား"
ဂျွန်ထပ်မငြင်းဖြစ်တော့ ရောက်လာမှ ကြည့် ကြသေးတာပေါ့။ ဖြစ်သလိုသဘောတူပြီးအိပ်ခန်း ရှိရာသို့ တက်လာခဲ့ လိုက်လေသည်။
————————————————-