Part(5)Uni

398 15 2
                                    

"Hello"

"ရောက်ပြီလား"

"လမ်းမှာဘဲ ရောက်တော့မယ်"

"ဟုတ်ပြီရောက်ရင် Indoor Karting Center ထဲဘဲတန်းဝင်ခဲ့လိုက် ကိုယ်အဲ့မှာစောင့်နေမယ်"

"အင်း"
တစ်ဖက်ကဖုန်းချပြီးတာနဲ့ Jeonသည် မောင်းနှင်နေသောအရှိန်အား မြင့်လိုက်လေသည်။ သိပ်မကြာလိုက် လေ့ကျင့်ရေးကွင်းသို့ရောက်သည်နှင့် ပြောသည့်အတိုင်း စင်တာ ထဲသို့ သာ ဝင်လာခဲ့လိုက်လေသည်။

Indoor Karting Center မှာ 3 Floor Big Hallကြီးဖြစ်ပြီး စင်တာ​၏အောက် တစ်ထပ်လုံးဟာRacing Car Showroom ပင်ဖြစ်သည်။
မတူညီသော Brand အသီးသီးတွေ နဲ့ Collab လုပ် ထားသည့် အမျိုးမျိုးသောမော်ဒယ်မြင့် ပြိုင် ဘီးတွေ။ ရှားပေ့ ဆိုသည့် Limited Edition တွေ အကုန်လုံးကိုဒီHallထဲတွင်တစ်စုတစ်စည်းတည်းတွေ့နိုင်သည်။

စင်တာ​၏ ဒုတိယထပ်တွင် Sports theme များ သာ ရောင်း သည့် area ဖြစ်ပြီး Racing Helmet , Suit, Boots,HANS Device (ဦးခေါင်းနှင့် လည်ပင်းအားအဓိကကာကွယ်ပေးသည့်device) ,Balaclava (အပူဒဏ်ခံပစ္စည်း)အစရှိသော Racing Sport နှင့် ပတ်သက်သည့် ပစ္စည်း အစုံအလင် များကို ဝယ်ယူ နိုင် သည်။

အပေါ်ဆုံးထပ် ဟာတော့ အထူး training ပေးသည့် Racer Development Centre ပင်ဖြစ်​၏။ ထိုအထပ် ဟာ အထူး ရွေးခြယ်ခံရသောလက်ရွေးစင်များအတွက် သီးသန့် ထရိန်နင် ပေးသောPrivate Area ဖြစ်သည်။ထိုထဲတွင် အရည်အသွေးမြင့် ခောတ် မှီ စက်ပစ္စည်း ကိရိယာ များနှင့် training techniques များစွာ ရှိပြီး အရေးပေါ်ဆေးပေးခန်း များလည်း ထားရှိထားသည်။

"ကိုယ်ဒီမှာ"

Jeonဝင်ဝင် ချင်း လှမ်း ခေါ် လာသဖြင့် ထို သူ့ ဆီသာ တန်းတန်း မတ်မတ်လျှောက် သွား လေပြီး

"ထိုင် Breakfast စားပြီးခဲ့ပြီမလား"

*စားပြီးပြီလားမေးရမှာ မဟုတ် လား။ဒီလူပြောရင်အဆန်း*

"မစားရသေးဘူး"

"အာ..ကိုယ်က မင်းစားလာတယ်မှတ်နေတာဒါဆိုလည်း မနက် တစ်cutပြီးမှတူတူသွားကြတာပေါ့"

"ဟ!ခုစား တော့ ဘာဖြစ် လို့တုန်း"

"နိုးနိုးး ဆရာ ..အခု မင်း လုပ် ရ မဲ့ ထရိန်နင်က ရိုးရိူးမဟုတ်ဘူးနော် HPDD ဗျ(ပြင်းထန်တဲ့ လေ့ကျင့် မှုကိုပြောတာပါ)"

DRIFT KINGWhere stories live. Discover now