ယနေ့ဟာ ရာသီဥတုသာယာသော်လည်းတစ်စုံတစ်ယောက်၏ မိုးလေဝသကသိပ်တော့မကောင်း။အကြောင်း မှာ Jeon Jungkiok ပင်။ နံနက် အစော မိုး လင်းခါစရှိသေး ဒယ်ဒီက သူ့အား လေ့ကျင့်ရေးကွင်းသွားရန် လော်ဆော် နေသည်မှ ထပ်အိပ်မရ တော့ အောင်ထိ ပင်။
သူသိတာပေါ့ ဒီနေ့ဟိုလူနဲ့training ဆင်းရမှာ ။တမင်ကို မသွားဘဲ အိမ်မှာသာ ဒီနေ့ တစ်နေ့လုံး အချိန်ဖြုန်း ဖို့ ဆုံးဖြတ်ထားပြီသား။
သို့သော် မိုးမလင်းခင်တည်းက တဂွမ်ဂွမ် မြည်နေသော ဒယ်ဒီ့ ဆီမှဖုန်း call တွေကြောင့် ဆက်အိပ်မရ တော့ဘဲ လေ့ကျင့်ရေးကွင်းဆီ သာ ထွက် လာခဲ့ လိုက် တာ ခု ရောက် တော့
"ငှက်တစ်ကောင် လူတမုတ်"တောင်မတွေ့ရ။ကွင်း တစ်ခုလုံးမှာ လူဆိုလို့သူတစ်ယောက်တည်းသာရှိသည်။ စိတ်ပေါက်ပေါက် နဲ့ လှည့် ပြန် မည် အပြု အိတ်ထောင်ထဲမှဖုန်းမြည်လာလေသည်။
"ring ring ring!"
"Hello"
"Morning!"
*ဒီအသံ!*
"ခင်ဗျားလား"
" ကိုယ့်အသံမှတ်မိတယ်လား"
"ခင်ဗျာခုဘယ်မှာလဲ "
"ကိုယ်လား"
"........."
"လေ့ကျင့်ရေးကွင်းမှာလေ"
"အပိုစကားတွေပြော မနေနဲ့ ဒီမှာ ခင် ဗျားအရိပ်နဲ့ တူ တာ ဆိုလို့ မီတာဘုတ်ဘဲရှိ တယ်" (ပုတာကိုပြောချင်တာပါခ်ခ်)
သူပြောလိုက်တော့ တစ်ဖက်က ခပ်လွင်လွင်ရယ်သံ လေးထွက်လာလေသည်။
"မနေ့က ကွင်းထဲရောက်နေတာလား"
"မဟုတ်လို့?"
"အာ ...ကိုယ်ပြောဖို့မေ့နေတာ မင်းရဲ့ နောက် ပိုင်း training ကို ကိုယ့် ရဲ့ Race Track( လေ့ကျင့်ရေးကွင်းပြင်) မှာ ဘဲ ဆက် လုပ်ရမှာ"
"ဘာရယ်?"
"မင်းဒယ်ဒီမပြောလိုက်ဘူးလား"
"ကျစ်!"
ဒယ်ဒီက ဘာမှကိုမပြောလိုက် ။လေ့ကျင့်ရေးကွင်းမှာစောင့်နေတယ်လို့သာပြောတာ ဘယ်ကွင်းလဲ ဆိုတာကိုတော့မပြော ။ ဒါသက်သက်သူ့ကိုပညာပြတာ။ Jungkookစုတ်သပ်ကာ ဆံပင်ရှည် တွေကို ဆွဲ ဖွ ပြစ်လိုက်သည်။ မနက်စောစော ဟာအ ,မင်္ဂလာပါနဲ့အစချီတာဘဲ