Jeon ဟာ မနက်အစောကြီးကတည်းကလေ့ကျင့်ရေးကွင်းထဲ ကားပတ်မောင်း နေ တာ ခုထိ မရပ်သေး။
ပါလာတဲ့သူငယ်ချင်း တွေဟာ လည်း အင်ဂျင်သံ နဲ့ကို အတော်လေး နား အူနေပြီ"ဒီကောင်ဘာဖြစ်နေတာလဲ"
"ဘူနေတာလေ"
"ဘာဖြစ်ရပြန်တာလဲ"
"သူ့ fatherကြီးပေါ့ တစ်ခါကလိုtrainer ထပ်ခေါ်ပေးမယ်ပြောနေတာလေ"
"ဒါများ အရင်လိုဘဲ လုပ်လိုက်ပေါ့ ဟာ ဘာတွေ ခက်"
သူတို့ အချင်းချင်း ပြော နေ ချိန် ကွင်း ထဲ ကနေ ထွက် လာ သော Jeon သည် helmet ကိုလက် တစ်ဖက်ကကိုင်ရင်း သူတို့အဖွဲ့ ရှိရာဆီသို့ လျှောက်လာလေသည်။
ဘေးကသူငယ်ချင်းက ရေဘူးကိုလှမ်းပစ်ပေးလိုက် ပြီး
"သားရီးရအခြေနေ"
မေးတော့ ရေဘူးကို ကောက် ဖွင့်ကာ တစ်ကြိုက် တည်း မော့သောက်ရင်း ပုခုံးတွန့်ပြသည်။
"မင်းဒယ်ဒီပြောတဲ့trainer ကရော"
ဘေးကကောင်က ထမေး တော့ ပါးစပ် ထဲ ငုံထားတဲ့ရေကို မျို ချလိုက်ပြီး
"ငါကဘယ်သိမှာလဲ"
"ဟ"
"မင့်ကိုtrainမှာဆို"
"အဲ့တာက သူ့ ကိစ္စ လိုက်လုပ်မလုပ်က ငါ့ကိစ္စ တစ်ကန့် စီဘဲ"
"လာသေးတယ် အေးပါ ပညာပြန်ပြမယ်ဆိုလည်းကြည့်ကြပ်လုပ် မင်း ဒယ်ဒီနားထဲပြန်ရောက် မှ ကားနေဦးမယ်"
"ဟက်! အေးဆေး ပါကွာ ။ငါကဘယ် သူမလို့လဲ"
"အေးအေး မင်းပြော ထား ဦး"
ဆိုကာသဘက် တစ် ထည် လှမ်းပစ်ပေး ပြန်သည်။ ဆံ ပင်ဂုတ်ထောက် ဟာ helmet ဝတ် ထား တာကြောင့် ပြန်ချွတ် ချိန် အနည်းငယ် ပွယောင်းယောင်း ဖြစ်နေပြီး ချွေး စီး သန် မှု ကြောင့် တစ်စု တစ်စုစီ နဲ့ တစ်မျိုး တစ် ဖုံ ကြည့်ကောင်းလို့နေလေပြန်သည်။
*ပြောလို့ပြောတာ မဟုတ် ဒီကောင်က တကယ်ကို အဖွဲ့ထဲ မှာ ပျို တိုင်းကြိုက် တဲ့ နှင်း ဆီ ခိုင် အစစ် မှ အစစ် *
သူတို့အဖွဲ့သူငယ်ချင်း တွေ နဲ့စကား ခနပြောပြီး ကွင်းထဲ ထပ်ဆင်းသွားလေသည်။ နေ နည်းနည်းမြင့်ရော အားဖြည့် ပရိတ် သက် တွေက တစ်ဖွဲဖွဲရောက်လာလေ သည်။
Jeon Jungkook ဆို တာအဲ့လို။ ဘာ ပွဲရက်မှ လညိး မဟုတ်ပါဘဲရိုးရိုး လေ့ ကျင့် ရေးပေး training ဆင်းတဲ့ နေ့ တောင် ပွဲ ကြည့် အားပေး လက်မြောက်သူ တွေက အမြဲ မပျက် ။