အပိုင်(3)

3 1 0
                                    


  "ဟိတ်ရောင့် နေတာ မင်းမလာသေးဘူးလား"

  "ခနလေးနေရင် ငါရောက်တော့မှာ အရင်ဆိုင်မှာဘဲမဟုတ်လား"

နေတာ သူ့ကိုကြာလို့ဖုန်းဆက်ပြီးတာဖောက်နေသော မင်းခန့် ဖုန်းအားချလိုက်ပြီး ကားကို့အာရုံစိုက်မောင်းလိုက်သည်

နေတာ ကားမောင်းရင်း ဘေးဘီလိုက်ကြည့်ရာ ကားမှတ်တိုင် နားမှာ လူတစ်ယောက်မူးလှဲတော့မယ်အနေထားရောက်နေပြီကိုမြင်လိုက်သည်မို့ အဲဒီကို့မောင်းလိုက်ပြီး​ ရောက်တာနဲ့ကားထဲကထွက်ပြီး ထိုလူအားတွဲလိုက်သည်

"အကို အဆင်ပြေရဲ့လား"

"အင်းရပါတယ် ခေါင်းနည်းနည်းမူးသွားလို့ပါ ကျေးဇူးတင်ပါတယ် "

ထွဋ်ခေါင် အိမ်မှာအိမ်သုံးပစ်စည်းလိုတာတွေလာဝယ်ရင်း နေပူလားလို့လားမသိ ခေါင်းထဲမူးနောက်နောက်နဲ့လှဲတော့မဲ့အချိန် သူ့အားလာတွဲသော ကောင်လေးအားကျေးဇူးတင်လိုက်သည်

"အကို ကားကဘယ်နားမှာလဲကျွန်တော်အကို့ကားနားလေးထိလိုက်ပို့ပေးမယ်"

"အကိုမှာ ကားမပါဘူး "

"အဲဆို့ အကိုဘယ်ပြန်မှာလဲ ကျွန်တော်လိုက်ပို့ပေးမယ်လေ"

"နေပါစေ အကို့ ခင်ပွန်းဘဲလာကြိုခိုင်းလိုက်တော့မယ်"

ထွဋ်ခေါင် တစ်ဖက် ကောင်လေး အားနာသည်မို့ မောင်အား ဖုန်းဆက်လိုက်မည်ဟုသာပြောလိုက်သည်

"ရလို့လား "

နေတာ တသ်ဖက်လူရဲ့မျက်နှာအနေထားကြည့်ရတာ အတော်ကိုပင်ပန်းနွမ်းနယ်နေသည်ကို့တွေ့ရသည်မို့ သူ့အား အားနာပြီး လာကြိုခိုင်းလိုက်မည်ဟုပြောလိုက်သည်ဟုထင်လိုက်သည်

"ရပါတယ် ဒါပယ်မဲ့ အကို့ကိုဖုန်းခန ငှားပါလား အကို့ဖုန်းကပါဝါကျသွားလို့"

"ဟုတ် ရပါတယ်"

နေတာ ဖုန်းထုပ်ပေးလိုက်ပြီး တစ်ဖက်လူနံပါတ်တစ်ခုခေါ်နေသည်အားကြည့်လိုက်သည်

ထွဋ်ခေါင် မောင်ကိုဖုန်းသာခေါ်ရတာ မောင် ကအစည်းဝေးလုပ်နေလားမသိ သူ့ထွက်လာတာမောင်မသိပါ ရောင် တို့အားခေါ်အောင်လဲသူ့တို့က မန်းလေးရောက်နေကြသည် အတွေးများနေတုန်း တစ်ဖက်မှ ဖုန်းကိုင်လာသည်မို့ ထွဋ်ခေါင် အားကိုးတစ်ကြီးခေါ်လိုက်သည်

My Husband Blutterfly {ရပ်နားထား}Where stories live. Discover now