"မောင်လေးနေတာယာ အမကို ဒီဖိုင်လေးသွား copy ပွားပေးပါအုံး""ဟုတ်ကဲ့ အမ"
နေတာ အမသဇင်လက်ထဲဖိုင်ယူပြီး copyသွားကူလိုက်သည် မိမိအကိုတော်ရဲ့ကျေးဇူးတော်ကြောင့်သူ buttergly group မှာ အလုပ်သင်လုပ်သည်မှာတစ်ပတ်ရှိပြီဖြစ်သည်
" အိုးဟိုး အလုပ်သင်လုပ်တာတစ်ပတ်ရှိပြီဆို့တော့ အခြေနေတွေအတည်ဖြစ်သွားပြီပေါ့ အလုပ်သင်လေး"
နေတာ copyကူးနေရင်း မိမိအားရန်လာစသောလူအားကြည့်လိုက်သည်
"ကုမ်မဏီထဲမှာ ဆွဲထိုးမခံချင်ရင် ကိုယ့်လမ်းကိုယ့်သွားလိုက်တော့ သန့်ဇင်မောင်"
"ငါကမင်းကိုကြောက်ရမှာလား နေတာယာထွဋ် ဒီ ကုမ်မဏီပိုင်ရှင်ကငါအကို့ ဆိုတာမင်းမေ့နေတာလား"
"မမေ့ဘူး ဒီကုမ်မဏီ ပိုင်ရှင်က မင်းအကို ကျက်သရေတုံးကြီးပိုင်တယ်ဆိုတာကို ငါမမေ့ဘူး"
"ဘာ မင်း "
"ငါပြောတာမဟုတ်လို့လား "
နှစ်ယောက်သား စကားများသံမှာကျယ်လာသဖြင့် အမသဇင်နဲ့ အမ ဝါလွင်တို့ရောက်လာပြီးတားသည်
"နေတာယာ သန့်ဇင် ကုမ်မဏီထဲမှာလေ နှစ်ယောက်လုံးဆူခံရမယ် "
"ဟုတ်တယ် နေတာ ဆောန သူဌေးက သူ့ကိုကော်ဖီလာပို့ပါတဲ့ သွားဖျော်ပြီးပို့လိုက်အုံး"
"ဟုတ်"
သဇင်နဲ့ဝါလွင်တို့ ဝင်တားတော့မှနှစ်ဖက်ရှော့သွားကြတော့သည်
"ဒေါက်ဒေါက်..
ကိုကို ညီညီ ဝင်ခဲ့မယ်နော်""အင်း"
သန့်ဇင် အခန်းထဲဝင်လိုက်သည်နှင့်အလုပ်လုပ်နေသော ကိုကိုက သူ့အားခေါင်းထောင်းကြည့် ထိုင်ရန်ထိုင်ခုံးနေရာအားမှေးငေါ့ပြသည်
"ဘာ ကိစ်စ ရှိလို့လဲ ညီညီ"
"ဘာကိစ်စရယ်လို့မဟုတ်ပါဘူး အိမ်မှာနေရတာပျင်းလို့ ကိုကိုဆီခနထွက်လာတာ"
မင်းမဟာ လုပ်နေသောအလုပ်များအားရပ်ပြီး ညီညီအားကြည့်လိုက်သည်
"စကားပုလင်ခံမနေနဲ့ပြောစရာရှိတာပြောညီညီ"
သန့်ဇင် ကိုကိုအား ကြည့်လိုက်သည် သူ့အခုပြောလိုက်သင့်စကားကြောင့် ကိုကို စိတ်ဆိုးသွားမည်ကို စိုးရိမ်နေမိသည်
ESTÁS LEYENDO
My Husband Blutterfly {ရပ်နားထား}
Acción🦋my husband blutterfly🦋 မင်းမဟာမောင်+နေတာယာထွဋ် စိတ်ကူးယဥ် ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည် May🌻