နာမည်ကြီး တရုတ်စားသောက်ဆိုင်တစ်ဆိုင်ရဲ့ဝိုင်းတစ်ဝိုင်းတွင်တည်ငြိမ်ရင့်ကျက်တဲ့လုပ်ငန်းရှင်တစ်ဦးဘေးတွင်အေးချမ်းပြီးတည်ကြည်တဲ့လူတစ်ယောက်နဲ့သူတို့နဲ့သွေးအပြည့်ပါတဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်အပါဝင်သုံးဦးသားထိုင်နေပြီးတစ်ဦးမှပုစွန်များကိုသေချာစွာခွာပြီးဘေး ရှိကလေးနဲ့သူရဲ့ချစ်ရသူပန်းကန်ထဲအားဂရုတစိုက်ထည့်လို့ပေးနေသည်
ထိုစဥ် ဆိုင်တွင်းသို့ လူငယ်ယောက်လျှောက်လာပြီး သူတို့ဝိုင်းထဲအားဝင်လိုက်သည်
"သူတို့သားဖတွေက ဒီမှာလာသာယာနေကြတာ"
နေစင် ဝိုင်းထဲဝင်ထိုင်ရင်း စကားစလိုက်သည်
"အားကျရင် မင်းလောင်ဖော့်ခေါ်ပြီးလာလေ ယောက်ဖလေးရ"
သူရိန် နေစင်ကို တစ်ပြန် ပြန်ပတ်လိုက်သည်
"ကျွန်တော်အချစ်က ခများရဲ့အသည်းအသက်အလုပ်တွေကြောင့် ထမင်းစားချိန်တောင်ပုံမုန်မရပါဘူးဗျာ"
နေစင် အပြောကို ပုစွန်စားနေတဲ့ ကြယ်စင် မျက်ခုံးပင့်လိုက်ပြီး သားနဲ့မျက်လုံးချင်းဆိုင်ကြည့်လိုက်သည်တစ်ဖက်မှ သားကလဲ အရိပ်အကဲသိတာမြန်သည် သူဘာကိုဆိုလိုတာတန်းသိသည်
"မှန်းစမ်း လေးလေးရန်နဲ့ရန်ဖြစ်လာမို့လား နေနေ"
နေစင် ဆရာကြီးဆိုက်ဖမ်းပြီး ပြောနေသော တူတော်မောင်ကို အနိုင်မခံပြန်လည်ချေပသည်
"ဒီလိုရန်ဖြစ်အောင်မင်း ပါးပါး လုပ်တာလေ"
"ပါပါးနဲ့ဘာဆိုင်လို့လဲ"
"ဘာဆိုင်ရမှာလဲ မင်းပါပါးသား ငါ့အချစ်လေးကိုအလုပ်တွေဖိမခိုင်းရင် ငါ့အချစ်လေးကငါ့နဲ့အချိန်ပြည့်ရှိနေမှာ"
"ဟွန်း ကျွန်တော်သိသလောက် နေနေက မအားနေတာမဟုတ်ဘူးလား အချိန်ပြည့် လမ်းပေါ်မှာမဟုတ်ဘူးလား"
"မင်းနေတိမ်လွှာထွဋ်ခေါင် မင်းနော်"
ကြယ်စင် စကားနိုင်လုနေသော တူဝကြီးနှစ်ကို မောင်ခွာပေးသော ပုစွန်စားရင်း ကြည့်နေလိုက်သည်
ŞİMDİ OKUDUĞUN
My Husband Blutterfly {ရပ်နားထား}
Aksiyon🦋my husband blutterfly🦋 မင်းမဟာမောင်+နေတာယာထွဋ် စိတ်ကူးယဥ် ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည် May🌻