အပိုင်(6)

3 1 0
                                    

     
    " ငယ်ငယ် မင်း အလုပ်ရှင်ရှိလား"

တည်ကြည် အမေးကို နေတာ ရုံးခန်းဘက်မှေးဆက်ပြလိုက်သည်

တည်ကြည် မင်းမဟာရုံးခန်းဘက်ကိုလာလိုက်ပြီး တံခါးအားခေါက်လိုက်သည်

"ဒေါက် ဒေါက်"

"ဝင်ခဲ့ပါ"

တည်ကြည် အထဲဝင်လိုက်တော့ မင်းမဟာနဲ့သူရအပြင်နေစင်ထွဋ်ခေါင်ရော ရှိနေတာတွေ့လိုက်သည်

"ရို့ ဘယ်သူများလဲလို့ နီဟောင်"

"နီဟောင်"

မဟာနဲ့သူရကို နေစင် ကအလုပ်ကအပြန်သူ့ဆိုင်မှာ သွားသောက် ဆိုပြီးလာခေါ်တာနဲ့သွားမလို့ပစ္စည်းတွေသိမ်းနေတုန်း
နေတည်ကြည် ဘာအကြောင်းရှိလို့ရောက်လာသည်လဲမသိ ကျေးဇူးရှင်လေးလာခေါ်တာဆို့ သူရုံးခန်းထဲဝင်မည်မဟုတ်ပေ

"ဘာကိစ္စရှိလို့လဲ နေတည်ကြည်"

"ငယ်ငယ်လာခေါ်ရင်း ဖေဖေက မင်းသူဆီလာခဲ့ပါအုံးလို့ပြောခိုင်းလို့"

"အင်း လာခဲ့မယ်"

"အဲဆို ငါသွားတော့မယ် ငယ်ငယ် စောင့်နေလို့"

"ခနနေပါအုံး တည်ကြည်"

တည်ကြည် ပြောစရာရှိတာပြောပြီး ပြန်ထွက်ရန်အလုပ်တွင် နေစင်ထွဋ်ခေါင် မှနေအုံးလို့ပြောသဖြင့် တည်ကြည် သူတို့ပြန်လှည့်လိုက်သည်

"ဘာကိစ္စရှိလို့လဲ "

"ငါတို့ သွားသောက်မလို့ မင်းရောလိုက်ခဲ့ပါလား"

နေစင် နေတည်ကြည်အားခေါ်လိုက်သည် သူတို့နဲ့သိပ်မတွဲပြင်မဲ့ကျောင်းတက်တုန်းက တစ်တန်းတစ်ခန်းထဲကျသူတွေဖြစ်သည်မို့ သူငယ်ချင်းဟောင်းတစ်ယောက်အနေနဲ့ခေါ်လိုက်သည်

"အမ်း ငါလိုက်တော့လိုက်ခဲ့မယ် ဒါပြင်မဲ့ငါညီပြောရအုံးမယ်"

"အိုခေ မင်းညီက မဟာ လက်အောက်ကမလား သူပြောပေးလိ့မယ် လာသွားမယ်"

ပြောချင်တာပြောပြီးထွက်သွားသူအား သူရနဲ့တည်ကြည် မင်းမဟာအားကြည့်လိုက်သည်

မင်းမဟာ သူ့စိတ်ထဲရှိတာတွေဘဲလုပ်တက်တဲ့ နေစင် ကို ခေါင်းတွေပြေးခေါက်ချင်လာသည်

My Husband Blutterfly {ရပ်နားထား}Donde viven las historias. Descúbrelo ahora