နာကျင်မှုပေါင်းများစွာနဲ့နိုးထလာရတဲ့မနက်ခင်းတစ်ခု ထိုနာကျင်မှုတွေက ခန္ဓာကိုယ်ကလား ရင်ဘက်ထဲကလားဆိုတာတောင် သူကောင်းကောင်းမဝေခွဲနိုင်တော့ပေ ခါးတစ်ဝိုက်မှာ ရစ်ပတ်တွယ်ဖက်ထားပါသော လက်တစ်ဖက်အား ရိပေါ် ဖြေးညင်းစွာဘဲထိတွေ့ကြည့်မိသည်ဘယ်လိုကံတရားတွေကများ သူ့ကိုဒီလောက်ထိလွဲမှားစေခဲ့သလဲမသိတော့ပေ
ချစ်ရသူရဲ့ အထင်လွဲစွာ အထပ်ထပ်အခါခါ စားသုံးမှုတွေကို ရိပေါ်တစ်ညလုံးကြိတ်မှိတ်ခံရင်း အံတုခဲ့ရသည် ချစ်ရသူရဲ့အထိအတွေ့တွေကို လိုချင်တပ်မတ်ခဲ့သော်ငြားလည်း သူလိုချင်တာ ဒီလိုအကြင်နာတရားမပါတဲ့ဆက်ဆံမှုတွေမှမဟုတ်လေဘဲ အခုချိန်ထိအေးချမ်းနေဆဲဆိုပေမဲ့ သူ့နောက်ကျောက အနွေးဓာတ်ပိုင်ရှင် နိုးထလာတဲ့အချိန်ကျရင်ဒီတိတ်ဆိတ်မှုတွေကကွယ်ပျောက်သွားတော့မှာ ရိပေါ်အတွက် ဘယ်လိုမှခံနိုင်ရည်မရှိတဲ့စကားလုံးတွေကို ရှောင်းကထုတ်လွှတ်လာတော့မှာ
ရိပေါ် ဝေ့ဝဲလာတဲ့မျက်ရည်တွေကို အံကြိတ်ကာဖြေဖျောက်လိုက်မိသည် အရာအားလုံးက ကံစီမံရာအတိုင်းဘဲပေါ့ သူ့ဘဝမှာ အရာအားလုံးပြီးပြည့်စုံစွာ ကံကောင်းခွင့်ရခဲ့ပေမဲ့ အချစ်ရေးမှာတော့ ဆိုးရွာစွာ ညံ့ဖျင်းခဲ့ရသည် ဘယ်ဘဝရဲ့ဝဋ်ကြွေးတွေကများ ဒီလောက်ထိတောင် အငြိုးကြီးရသည်သလဲ ရိပေါ်မသိတော့ပေ
" အဟက် ငါ့ကို အပိုင်ရတော့မှာဆိုတော့ အပျော်လွန်ပြီးငိုနေတာလား "
ခါးထက်ကပြေလျော့သွားတဲ့ လက်ပိုင်ရှင်က ရိပေါ်ရဲ့မနက်ခင်းလေးကို ထိုသို့စတင်နှုတ်ဆတ်ပါသည် ပါးပေါ်က မျက်ရည်တွေကိုအလျင်အမြန်ဆွဲသုတ်ပြီး မျက်နှာချင်းဆိုင်ထထိုင်လိုက်ကာ ရိပေါ်ဘက်က စကားစမလို့ပြင်လိုက်သော်လည်း
" မင်းငါ့ကို ဘာမှ ရှင်းပြချက်တွေလာပေးစရာမလိုဘူး ဘာလို့လဲဆိုတော့ ငါမင်းကို နည်းနည်းလေးမှမယုံဘူး ဝမ်ရိပေါ်"
" ရှောင်းကျွန်တော်တကယ်မလုပ်ဘူးလို့ ပြောနေတယ်မလား "
မဟုတ်မမှန်စွတ်စွဲခံရခြင်းတွေအတွက် အခြားသူတွေကတော့ဘယ်လိုနေမလဲမသိပေမဲ့ ရိပေါ်အတွက်ကတော့ အသံတွေတုန်ကာ ဝမ်းနည်းဒေါသဖြစ်ခြင်းဆိုတဲ့တုန့်ပြန်ချက်တွေဘဲ ရှောင်းဆီထုတ်လွှတ်မိသည်
YOU ARE READING
This Is Call Love
Hayran Kurguငါကလေးတွေကိုမချစ်ဘူးဝမ်ရိပေါ် #xiaozhan အဲ့တာဆိုလည်းကျွန်တော်အသက်ကြီးတဲ့အထိစောင့်ပေးမလားရှောင်း #wang yibo