2♡. unicode

251 25 8
                                    

ဒီနေ့ Sunday အလုပ်ပိတ်ရက်မို့ရှောင်းကျန့်အိမ်မှာနားနေခြင်းပင် ရှောင်းကျန့်က ဘယ်လောက်ဘဲအလုပ်လောဘကြီးပါစေ တစ်ပတ်မှာ sunday တစ်ရက်ကိုတော့ ဘာအလုပ်ကိုမှမယူဘဲ စိတ်အေးလက်အေးနားလေ့ရှိသည်
သို့ပေမဲ့လို့ ရှောင်းကျန့်ရဲ့ နားမည်ဆိုသည့်အတွေးက အိမ်ထဲကို ဝင်လာတဲ့တစ်ယောက်ကိုမြင်လိုက်ရချိန်မှာတော့ ပျက်သုဉ်းသွားရလေသည် ဒီနေ့လည်းသေချာပေါက်သူစိတ်ရူပ်ရအုန်းမည်ပင်

" ရှောင်း ကျွန်တော်လာတယ် "

" မြင်တယ်လေ "

ဟိုတစ်နေ့ကိစ္စပြီးကတည်းက ရှောင်းကျန့်က အဲ့တစ်ယောက်ကိုအရင်ကထက် ပိုပြီးတော့တောင်အမြင်မကြည်ဖြစ်လို့လာသည် ဝမ်ရိပေါ်ရဲ့အရိပ်ကိုမြင်တာနဲ့ ရှောင်းကျန့်ရဲ့ မျက်မှောင်တွေက အော်တို ကြုတ်ပြီးသားပင်

" မြင်တယ်ဆိုရင်လည်း အပြင်သွားပြီး ဒိတ်ရအောင် နော် ရှောင်း "

" ကျစ် ~ ငါဒီနေ့အေးအေးဆေးဆေးနားချင်တယ် ဝမ်ရိပေါ် လာမရူပ်စမ်းနဲ့ "

စိတ်ရူပ်စွာဆိုလာတဲ့ရှောင်းရဲ့အပြောကြောင့်ရိပေါ်နှုတ်ခမ်းဆူမိသွားသည် ရှောင်းကအမြဲအဲ့သလိုဘဲ ရိပေါ်ကိုဆိုနည်းနည်းလေးတောင် အမြင်မကြည်သလို အလိုလည်းမလိုက်ပေ

" ရှောင်းကလည်းဗျာ နှစ်ရှည်လများ အနားမှာနေပေးခဲ့တဲ့ မျက်နှာလေးကိုထောက်ပြီး နည်းနည်းလေးတော့အလိုလိုက်သင့်တာပေါ့လို့ "

" မင်းကိုငါက နေခိုင်းခဲ့လို့လားဟမ်း ဒီလောက်ထိ နှင်ထုတ်နေတာတောင် မင်းဘာသာမင်းဆက်နေနေပြီးတော့ အခုမှပေးဆပ်သူအသွင်လာဖမ်းမနေနဲ့ "

မချေမငံထွက်လာတဲ့ရှောင်းရဲ့စကားတွေက ရိပေါ်အတွက် ဘာမှမခံစားရဘူးဆိုရင်လိမ်ရာကျမှာပေါ့ သူလည်းလူသားတစ်ယောက်ပေမဲ့ ကိုယ်ချစ်တဲ့သူဆီက ဒီလိုအပြောကြမ်းတွေကိုတော့ ဘယ်ခံနိုင်ရည်ရှိပါ့မလဲ ဒါပေမဲ့လည်းဝမ်ရိပေါ်တို့ကရှောင်းနဲ့ပတ်သတ်ပြီး ဒီလိုအခြေနေတွေကိုအရေထူနေပါပြီးလေ

" ရှောင်းကလည်းဗျာ ဒီရက်ပိုင်း ရှောင်း ကျွန်တော့်ကိုပစ်ထားတာအရမ်းများနေပြီးလေ ဒီနေ့တော့လိုက်ခဲ့ပါနော် နော်လို့ ရှောင်း ~ "

This Is Call Love Where stories live. Discover now