လူကုန်ထံအသိုင်းဝိုင်းတွေရဲ့ အပြိုင်အဆိုင် ဂုဏ်ချင်းယှဉ်ပြိုင်မှုတွေစီးပွားရေးအရပတ်သတ်ဆက်နွယ်မှုတွေအကြား အပြုံးတုတွေဖန်တီးလျက် တစ်ယောက်ကိုတစ်ယောက် ဟန်ဆောင်ချီးမွမ်းစကားတွေ စသည့်အစစ်မှန်ဆိုတာထက် အတုယောင်မျက်နှာဖုံးတွေသာ ခြုံလွှမ်းနေတဲ့ပါတီပွဲတစ်ခု
တစ်နည်းအားဖြင့် စီးပွားရေးလောကမှာ မသိသူမရှိ ဒိတ်ဒိတ်ကြဲအင်အား ကြီးမားလှပါသည့်ဝမ်အိမ်တော်ရဲ့ အငယ်ဆုံးသား ဝမ်ရိပေါ်ရဲ့ မွေးနေ့ပါတီ
ရှောင်းကျန့် ဒီတစ်ယောက်ရဲ့ပွဲကို နည်းနည်းလေးတောင်လာချင်စိတ်မရှိပေ ဝမ်ဥက္ကထကြီးအား အကြောင်းမျိုးစုံပြ၍ ငြင်းဆန်ထားပြီးပေမဲ့လို့ဒီပွဲကိုမှမလာလျှင် ရှောင်းကျန့်နဲ့ သေခန်းပြတ်ဖြစ်တော့မည့် မိဘနှစ်ပါးကြောင့် သူ့မှာမတတ်နိုင်တဲ့အဆုံးလိုက်ပါလာခဲ့ရသည်
ရှောင်းကျန့်တို့မိသားစုပွဲထဲကိုရောက်လာတော့ ပါးနဲ့မားက ဝမ်ဥက္ကတို့ဇနီးမောင်နှံကို နှုတ်ဆတ်ဖို့ဆိုပြီးထွက်သွားလေရဲ့ ရှောင်းကျန့်ကတော့မည်သူနဲ့မှစကားပြောချင်စိတ်မရှိသည်မို့ ထောင့်ကျကျ ဝိုင်းတစ်ဝိုင်းကိုသာရှာ၍ ထွက်လာလိုက်သည် သို့ပေမဲ့လည်း ရှောင်းလုပ်ငန်းစုရဲ့ ဥက္ကထတစ်ယောက်အနေနဲ့ ဒီပွဲတစ်ပွဲလုံးမှာရှိတဲ့လူတွေက ရှောင်းကျန့်ကိုမသိသူက မရှိသလောက်ပင် ဒါကြောင့်လည်း သူ့ဆီကိုလာရောက်နှုတ်ဆတ်တဲ့လူတွေက တစ်စထက်တစ်စပို၍များပြားလာသည် စိတ်ရူပ်နေသည့်ကြားမှ ရှောင်းကျန့်ဟာ ဟန်ဆောင်အပြုံးတွေ စကားလုံးတွေနဲ့ ပြန်လည်တုံ့ပြန်ပေးနေရသည်....
လုပ်ငန်းရှင် မိတ်ဆွေတွေနဲ့စကားပြောနေတုန်းခပ်လှမ်းလှမ်းက ဝိုင်းတစ်ဝိုင်းမှ မြင်လိုက်ရတဲ့အလှတရားတစ်ခုကြောင့် ရှောင်းကျန့်စက္ကန့်အနည်းငယ်မျှသတိလစ်ကာ ငေးမောနေမိတော့သည်
အတွင်းအကျီ shirt အပါးလေးကို အပြင်က ရွှေအိုရောင်ကုတ်လေးအုပ်ဝတ်ထားပြီး အောက်က pant ကိုတော့ အဖြူရောင်လေးဖြင့်ရိုးရှင်းစွာတွဲဖက်ဝတ်ဆင်လို့ထားသည် ဖက်ရှင်နဲ့ကျောင်းပြီးခဲ့သည့်သူမို့ ဝမ်ရိပေါ်ရဲ့ ဝတ်ပုံစားပုံကရိုးရှင်းနေလျှင်တောင် ဆွဲဆောင်မှုက တစ်ရာရာခိုင်နှုန်းအပြည့်ပင် ဂုတ်ပေါ်ကို ကပိုကယို ကျနေတဲ့ဆံနွယ်လေးတွေက ဒီတစ်ယောက်နဲ့ကျမှ ဘာလို့ဒီလောက်ထိပနံသင့်အောင် လှနေရသနည်း
YOU ARE READING
This Is Call Love
Fanfictionငါကလေးတွေကိုမချစ်ဘူးဝမ်ရိပေါ် #xiaozhan အဲ့တာဆိုလည်းကျွန်တော်အသက်ကြီးတဲ့အထိစောင့်ပေးမလားရှောင်း #wang yibo