မဂ်လာဆောင်ပြီး နောက်တစ်နေ့မှာဘဲ ရှောင်းဟာအလုပ်ကိစ္စရှိလို့ဆိုပြီး ဂျပန်ကို သုံးရက်ခန့်ခရီးထွက်သွားလေရဲ့ နဂိုကတည်းက ရိပေါ်ကခပ်ခွာခွာနေချင်သူမို့ အခုလို ဝေးနေရတော့လည်း ပိုပြီးသက်တောင့် သက်သာဖြစ်ရသည် သို့ပေမဲ့လို့လည်း ချစ်တဲ့စိတ်ဆိုသည့်အရာလေးက ခံနေသေးတော့ ဝေးကွာရသည့်ရက်တွေအား လွမ်းဆွေးရသည်ပေါ့လေ ဒါပေမဲ့လည်း စကားလုံးကြမ်းတွေနဲ့ ထိုးနှက်ခံနေရမှာထက်စာရင် အခုလိုဝေးကွာနေရတာက ပိုပြီးတော့ကောင်းတယ်လို့ ရိပေါ်ထင်မိသည်..
ရိပေါ် ဒီနေ့ event တစ်ခုအတွက်အလုပ်ရှိတာမို့ မနက်အစောကြီး အိမ်ကနေထွက်လာခဲ့လိုက်သည် သွားကတည်းက သုံးရက်ကြာမည်လို့ပြောသွားတဲ့ရှောင်းက ဒီနေ့သူပြန်ရောက်မဲ့အကြောင်းရိပေါ်ကို ဖုန်းလှမ်းဆက်လို့ အသိပေးထားလေရဲ့ရိပေါ်ကိုလည်း သူပြန်မရောက်မချင်းဘယ်မှမသွားရန် သေချာမှာထားလေသည်
သုံးရက်လုံးအေးချမ်းပြီးထင်ခဲ့ပေမဲ့ လူကပြန်မရောက်သေးတာတောင် ရိပေါ်ကို ဖုန်းထဲကနေလှမ်းပြီးတော့ကို အနိုင်ကျင့်နေတာပင်
ဝမ်ရိပေါ်ဆိုသည့်သူကလည်း တစ်သက်လုံး ကိုယ့်စိတ်နဲ့ကိုယ်နေလာခဲ့သည်မို့ ဘာကိစ္စ သူမသွားခိုင်းတိုင်းမသွားဘဲနေရမည်နည်း ပြီးတော့ ရှောင်းက ညနေ Flight နဲ့မှဒီကိုပြန်ရောက်လောက်မည်မို့ရိပေါ် အလုပ်လုပ်ဖို့ရန်အတွက် ထွက်လို့ရပါသည် ရှောင်းပြန်မရောက်ခင် အိမ်ကိုပြန်ရောက်နိုင်သည်မို့ ရိပေါ် ဘာမှသိပ်ပြီးတွေးပူမနေတော့ပါ
......
" ရိပေါ် ဒီဘက်တစ်ချက်လောက် လိုက်စစ်ပေးပါအုန်း အဆင်ပြေရဲ့လားဆိုတာ "
" ကျွန်တော်လာခဲ့မယ် ကျဲမေ "
ကျောင်းတက်ပြီးပြန်လာကတည်းက ပါးက ရိပေါ်အတွက် ကိုယ်ပိုင် fashion လုပ်ငန်းတစ်ခုကိုတည်ထောင်ပေးမည်ဟုပြောခဲ့သည် သို့ပေမဲ့လို့ ရိပေါ်က ကိုယ့်အရည်ချင်းနဲ့ကိုယ် အောက်ခြေက စချင်သည်မို့ ပါးတို့ရဲ့အကူညီကိုလုံးဝမယူခဲ့ပေ ဘာအတွေ့ကြုံမှမရှိသေးဘဲ လုပ်ငန်းတစ်ခုကို မဦးစီးချင်သည်မို့ ရိပေါ်သူများ ကုမ္ပနီမှာ လက်အောက်ငယ်သားအနေနဲ့ အရင်ဆုံးအလုပ်ဝင်ခဲ့သည်ပင် အခုတော့ ရိပေါ်လည်း အတွေ့ကြုံ တော်တော်များများလေးရနေပြီးဖြစ်သလို ကိုယ်ပိုင်စုဆောင်းထားတဲ့ဝင်ငွေလည်း လုပ်ငန်းထူထောင်ဖို့လုံလောက်နေပြီးမို့ နောက်တစ်နှစ်လောက်နေရင် ဒီအလုပ်က ထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်တော့မည်ပင်
YOU ARE READING
This Is Call Love
Fanfictionငါကလေးတွေကိုမချစ်ဘူးဝမ်ရိပေါ် #xiaozhan အဲ့တာဆိုလည်းကျွန်တော်အသက်ကြီးတဲ့အထိစောင့်ပေးမလားရှောင်း #wang yibo