Chapter 2.1

29 8 0
                                    

ရထားတွဲအတွင်းရှိ လေထုသည် သွေးရနံ့တင် မဟုတ်ဘဲ မီးခိုးငွေ့များပါ ရောသွန်းကာ အလွန်ငြိမ်သက်လျက် ရှိသည်။ ဂိမ်းဇာတ်အိမ်နေရာဆီ မရောက်ခင်မှာပင် သေဆုံးခြင်းကို စတင် ကြုံတွေ့နေရပြီ ဖြစ်သည်။

ဤကဲ့သို့ ဆိုးရွားလှသော အဖွင့်သည် ရှင်သန်ကျန်ရစ်သူများကို အချင်းချင်းသံသယဖြစ်စေပြီး ကစားသမားဟောင်းများကိုပင် အန္တရာယ်ငွေ့ရိပ်ကို သတိထားမိစေခဲ့သည်။ သို့သော် သေဆုံးသွားသည့် ကစားသမားကို မည်သူမျှ ဂရုမပြုတော့ဘဲ ရထားမှ ထွက်ခွာရန်သာ ပြင်ဆင်နေကြသည်။

အမျိုးသမီး ကစားသမားသည် ထိုသူ၏ ရုပ်အလောင်းကို မြင်တွေ့လိုက်ရသည့်အခိုက် သူမ၏ အချင်းချင်း ကူညီကြမည်ဆိုသော အကြံပြုချက်သည် ပျက်စီးသွားပြီဖြစ်သည်။ လူသတ်သမားက မည်သူဆိုသည်ကို မသိကြသဖြင့် ကျန်ရှိသော ကစားသမားအသစ်နှင့် အဟောင်းတို့သည် အချင်းချင်းယုံကြည်မှုပျောက်ဆုံးကုန်ကြသည်။

သူမသည် ရှက်ရွံ့တုန်လှုပ်လျက် ရုပ်အလောင်းကိုတွန်းဖယ်ကာ ထရပ်လိုက်သည်။ အဆုံးတွင် သူမ နားလည်လိုက်သည်က ဂိမ်းကမ္ဘာ၏ စည်းမျဉ်းများကို လိုက်နာခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

တစ်မိနစ်အတွင်း ရထားပေါ်မှ ဆင်းရမည်ဟု ကြေညာထားသောကြောင့် ရထားရပ်ပြီးနောက် ဆင်းရန် ပျက်ကွက်ပါက သေဆုံးသွားနိုင်သည်။ စိတ်လှုပ်ရှားနေပါက အမှားလုပ်မိရန် ပို၍လွယ်ကူသည်။ သူမသည် သွေးအိုင်ထဲသို့ ပြန်လည်လဲကျသွားကာ သွေးများ ပေကျံလျက်ရှိသည်။

အခြားကစားသမားများသည် ထိုအမျိုးသမီး၏ အခြေအနေကို လျစ်လျူရှုထားကြသည်။ မကြာခင်က သူမနှင့် ငြင်းခုံခဲ့ကြသော အမျိုးသားကမူ သူမ၏ နုံအမှုကို ပြက်ရယ်ပြုလျက်ရှိသည်။

ချက်ချင်းပင် ထိုအမျိုးသားသည် ကိုယ်ကိုလှည့်ကာ ခရီးဆောင်အိတ်ထဲမှ အဝတ်တစ်ထည်ကို ယူထုတ်လိုက်သည်။ မျှော်လင့်မထားသည်က ဂါဝန်တစ်ထည်ဖြစ်နေခြင်းပင်။ အသာစောင့်ကြည့်နေသည့် ချီရိယင်းသည် မျက်ခုံးပင့်တက်ကာ ထိုအမျိုးသား၏ အပြုအမူကို အံ့ဩမှင်တက်လျက်ရှိသည်။

ထိပ်တန်းအဆင့် လျှို့ဝှက်ဆန်းကြယ်‌ကြောက်မက်ဖွယ် ဝတ္ထုရေးဆရာWhere stories live. Discover now