Chapter 2.2

91 15 2
                                    

တံခါးဝတွင် လူအုပ်သည် တိုးဝှေ့နေပြီး ကစားသမားတစ်ယောက်သည် တံခါးဝကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့လျက်ရှိသည်။ အနောက်ဘက်ရှိ သူများ အပြေးအလွှား ပြေးနေချိန်တွင် အေးအေးလူလူပင် ရထားပေါ်မှ ထွက်လာခဲ့သည်။

အနောက်ဘက်ရှိ သူများသည် တိုးဝှေ့နေကြသော်လည်း အကျိုးမထူး။ လူတိုင်းသည် အလျင်စလို ဆင်းချင်ကြသော်လည်း တံခါးဝတွင်သာ ပိတ်ဆို့လျက်ရှိသည်။

ထုန်ယောင်၏ ပြတင်းမှန်ကို ရိုက်ခွဲနေသည့် အသံ ကြားရသောအခါ ရထားပေါ်မှ ဆင်းပြီးသည့်သူမှအပ တံခါးဝတွင် တိုးဝှေ့နေသည့် သူတို့သည် အံ့သြလျက် ကြည့်နေကြသည်။

မုတ်ဆိတ်အပြည့်နှင့် သူသည် ရထားလမ်းဘေး စင်္ကြံတွင် ရပ်ကာ ခွဲဖျက်ထားသည့် ပြတင်းကို ကြည့်လျက်ရှိသည်။ သည့်နောက် ချီရိယင်းသည် သူ၏ လက်များကို အေးဆေးစွာသုတ်လျက် ပြတင်းဘက်ဆီသို့ လျှောက်လှမ်းလာသည်ကို မြင်ရသည်။

တစ်ဖက်သူသည် လျော့နည်းသွားသည့် စက္ကန့်ရေတွက်သံက သူ့အပေါ် သက်ရောက်မှု မရှိသကဲ့သို့ ပြုံးလျက်ရှိသည်။ ထုန်ယောင်သည် ပြတင်းပေါက်မှ စိုးရိမ်တကြီးဖြင့် လှည့်ကြည့်နေသည်က ချီရိယင်း၏ နောက်လိုက်ကဲ့သို့ပင်။

...ဟုတ်ပါသည်။ သူအပါအဝင် အားလုံးတို့သည် ရထားပြတင်းပေါက်မှ ထွက်ခွာနိုင်ကြောင်းကို သတိမပြုမိပါချေ။ ထိုအမျိုးသားသည် ချီရိယင်းအား ရထားပေါ်မှ အချိန်မှီ ဆင်းလာနိုင်ပါ့မည်လောကို စိုးရိမ်စိတ်ဖြင့် ရင်တထိတ်ထိတ်စောင့်ကြည့်လျက်ရှိသည်။

ဤသည်ကိုမြင်သော လူအုပ်သည် တံခါးကို စွန့်ဖယ်ကာ ချက်ချင်းပင် ပြတင်းပေါက်ဆီသို့ ပြေးသွားကြသည်။ တစ်ဖက်သူ ရှာဖွေထားသော ထွက်ပေါက်မှ ထွက်ခွာရန် ကြိုးစားကြသည်။ကိုယ်ကျင့်တရားဟူသည် အဘယ်မှာနည်း။ ရှင်သန်ခြင်းသည်သာ အမှန်တရားပေလော။

ထုန်ယောင်သည် လူအများ ပြေးလာကြသည်ကို မြင်သောအခါ မသိစိတ်က ချီရိယင်း၏ ရှင်သန်ခွင့်ကို အခြားသူများ လုသွားမည်ကို စိုးသဖြင့် ချက်ချင်းပင် ပြတင်းပေါက်ကို ကာကွယ်ထားလိုက်သည်။

ထိပ်တန်းအဆင့် လျှို့ဝှက်ဆန်းကြယ်ကြောက်မက်ဖွယ် ဝတ္ထုရေးဆရာWhere stories live. Discover now