ဆောနူပထမဆုံးကျောင်းပြန်တက်ရမှာမို့ညကalarmပေးထားပြီးအိပ်လိုက်သည်။ alarmသံဆူညံမှပဲနိုးလာတော့သည်။ စိတ်ထဲကတော့တော်ပါသေးရဲ့ အပြင်ထွက်ရပြီဆိုပြီးပျော်နေပေမယ့်လည်း တစ်ဖက်ကတွေးရင်လည်းမပျော်နိုင်ပေ။ တစ်ကျောင်းလုံးကဆောနူလက်ထပ်ထားတာကိုသိပြီးသွားပြီများလား။ ဆောနူကိုဘယ်လိုတွေပြောကြအုံးမလဲ စဥ်းတောင်မစဥ်းတတ်ပေ။ အရင်တည်းကဘာအပြစ်မှပြောစရာမရှိအောင်နေတာတောင်အပြောခံရသေးသည့် သူ့အဖြစ်ကိုပြန်မြင်ယောင်မိသည်။
အခုတော့အဲ့တာတွေကိုတွေးရန်အချိန်မပေးတော့သည်မှုအိပ်ယာကထလိုက်ပြီး မျက်နှာသစ်ရန်ရေချိုးခန်းဆီသို့ဦးတည်လိုက်သည်။ သတိထားကြည််မှသူ့မျက်နှာဒီနေ့အတော်လေးကြည်လင်နေသည်။ ခါတိုင်းနေ့တွေနှင့်မတူတမူထူးခြားနေသည်။ ဘာလို့လဲတော့ဆောနူကိုယ်တိုင်လည်းအဖြေထုတ်မရပေ။
ကျောင်းသွားဖို့သေချာပြင်ဆင်ပြီး အိမ်အောက်ကိုဆင်းရန်ပြင်လိုက်သည်။ ဂျောင်း၀န်းဆီကိုလည်းငါဒီနေ့ကျောင်းလာမှာနော်ဟုသည့်မက်ဆေ့ချ်ကိုပို့လိုက်ပြီး အခန်းတံခါးကိုပိတ်ကာဆင်းလာတော့သည်။
ထမင်းစားခန်းထဲမှာဆောင်းဟွန်းကတော့စောစောစီးစီး မနက်စာကိုတစ်ယောက်ထဲစာနေနှင်ပြီ။ အပေါ်ကကလေးကိုလည်းမစောင့်မိ စောင့်ရန်လည်းစိတ်ကူးမရှိ။
အဲ့လောက်ထိစိတ်ပူပေးနေဖို့တော့မလိုဘူးထင်သည်။"သား ဆောင်းဟွန်း သွားတော့မှာလား"
"ဟုတ်ကဲ့ အန်တီ ဘာမှာချင်လို့လဲ"
"မမှာပါဘူး ဟို ဆောနူကိုကျောင်းကဘယ်လို.."
"အော် ဟုတ်တယ် ကျွန်တော်ပြောဖို့မေ့နေတာ အန်တီ့သားကားမောင်းတတ်လား"
"ဂျယ်ယွန်းလား သူအရင်တုန်းကတော့မောင်းဖူးပါတယ်"
"အင်း သူ့ကိုပို့ခိုင်းလိုက် အိမ်ကတစ်စီးနဲ့ အခုကျွန်တော့်ကိုသွားခွင့်ပြုပါအုံး"
အန်တီရှင်းတစ်ယောက်သက်ပြင်းကိုမသိမသာလေးသာခိုးချရတော့သည်။ လက်ထပ်ထားသည့်နေ့တည်းကတိုင်ဒီနေ့ထိဆောင်းဟွန်းဘက်ဆောနူကိုကြင်နာတာတစ်ခါမတွေ့သလို ဖြည့်တွေးပေးတာမျိုးလည်းမရှိ။ ငယ်ငယ်ထဲကကိုယ်စီဒဏ်ရာတွေနဲ့ကြီးလာတဲ့ကလေးတွေမို့ ထိန်းလာတဲ့အန်တီရှင်းကအသိဆုံးပင်။ သူတို့ကြားဒီလောက်ထိတော့တင်းမာလိမ့်မည်ဆိုတာကိုတော့ မထင်မှတ်ထားပေ။ တစ်ယောက်ကလည်းလူအိပ်ချိန်မှရွေးပြန်လာပြီး မနက်ဆိုလည်းအစောကြီးထထွက်သွားသည့်သူ။ နောက်တစ်ယောက်ကလည်း အခန်းထဲပဲနေပြီးအပြင်မထွက်သည့်သူ။