အဘိုးရဲ့စျာပနအခမ်းအနား ကိုခမ်းနားစွာကျင်းပနေသည်။ နိုင်ငံ၏ရာထူးကြီးပုဂ္ဂိုလ်တစ်ဦးမို့ လူကြီးလူကောင်းများစွာနှင်တခြားသော celebritiesများပါလာရောက်ဂါရ၀ပြုကြသည်။ အဘိုးရဲ့အဖြူရောင်အခေါင်းရဲ့ မှန်ပြားကနေမြင်နေရသည့်အဘိုးရဲ့မျက်နှာကအေးချမ်းလှသည်။ သူ၏သားကတော့ထိုသို့မဟုတ်ချေ။
အဘိုး၏ကျေးဇူးတွေသည်ကျွန်တော်ပေါ်၌အလွန်များပြားသည်ဟုပဲဆိုရမလား မြေးအရင်းမဟုတ်တာတောင်မှ ကျွန်တော့်ကိုဒီအရွယ်ထိကြည့်ရှူစောင့်ရှောက်လာခဲ့သည်။ အခုအဘိုးကပါလောကကြီးကထွက်သွားပြီဆိုတော့ ကျွန်တော့်မှငဲ့စရာလူတစ်ယောက်ကလေးတောင်မရှိတော့ပါဘူး ။
သို့သော်လည်းတစ်ဦးတော်ကျန်ခဲ့သေးသည်။
ကင်မ်ဆောနူ ကျွန်တော့်ကိုအမြဲတမ်းစိတ်အနှောက်အယှက်ဖြစ်စေတဲ့အပြင် သူ၏အဖေကြောင့်ကျွန်တော်တို့သားအမိ ဒုက္ခတွင်းထဲကိုကျရောက်ခဲ့ရသည်။ သူ့အဖေကြောင့်ကျွန်တော့်အမေဆုံးသည် ကျွန်တော့်ဘ၀ကြီးလည်းပျက်စီးခဲ့ရသည်။ လောကကြီးကကျဥ်းလိုက်ပုံက အဘိုးရဲ့မြေးအရင်းကကင်မ်ဆောနူလေ။ဘယ်ဘ၀ကရေစက်ဆိုးလဲကျွန်တော်မသိပေမယ့် ဘ၀အဆက်ဆက်မှာသူဟာကျွန်တော့်ရဲ့ရေစက်ဆိုးဖြစ်နေမှာ။ ။
"ကင်မ်ဆောနူရော"
"အပေါ်ထပ်အခန်းထဲမှာပါအကိုလေ နာရေးကပြန်လာပြီးထဲကငိုထားလို့အားမရှိပုံလည်းပေါက်နေပါတယ်"
"အင်း"
ဆောနူသည်သိပ်ချစ်ရတဲ့အဘိုးကိုဆုံးရှုံးလိုက်ရတော့အခုသူ့အတွက်ဘယ်သူမှမရှိတော့ပေ။ အမြဲတမ်းအနားမှာပြုစုယုယပေးသည််အဘိုးကပါသူ့ကိုထားသွားသည်။
အိပ်ခန်းလေးထဲအမှောင်ချကာ မျက်ရည်စများရွဲနေအောင်ငိုကြွေးနေသည်။ မည်သူမျှမကြားနိုင်။အပေါ်ထပ်အခန်းများရှိရာသို့သွားရင်း ရွေရောင်ငွေရောင်တို့နှင့်၀င့်ထည်နေသည့် လှေကားအထစ်ထစ်ကိုအသာအယာယာတက်နင်းလာခဲ့သည်။ သို့သော်ငြားလဲစီးထားသည့်ရှူးဖိနပ်ကြောင့်တဒေါက်ဒေါက်မြည်သံနှင့်အတူအခန်းတစ်ခုရှိရာသို့ လျှောက်လာခဲ့သည်။