𝙲𝚑𝚊𝚗𝚐𝚎𝚜.・✫・゜・

48 8 0
                                    

မဲမှောင်နေသည့်အခန်းကျယ်တစ်ခုထဲတွင်ဆောနူဆာင့်ကြောင့်ကလေးသာထိုင်နေမိသည်။ လောကကြီးကသူ့ကိုအချုပ်ချလိုက်သလိုပင်ခံစားနေရပြီ။ ဘာအရာတွေကဘယ်လိုမှာခဲ့တာပါလိမ့်။ ဘယ်အချိန်ထိရောဆက်မှားနေမှာပါလဲ။ အတွေးတိမ်ဆိုင်တွေဟာ တစ်ဖြည်းဖြည်းပမာဏကြီးလာပြီးမျက်ရည်ပင်လယ်ကြီးဖြစ်သွားသည်။
ဆောနူ၏ပါးနှစ်ချပ်ထက် ပူနွေးစိုစွတ်သည့်မျက်ရည်စီးကြောင်းကလေးနှစ်ကြောင်းကျဆင်းသွားတော့သည်။

မျက်ရည်လေးတွေကဆောနူ၏ပါးပြင်နှင့်ထိတွေ့ရသည်ကိုသဘောကျပုံရသည်အဆက်မပြတ်ကို ကျဆင်းနေတော့တာပဲ။

အချိန်အတော်အကြာစောင့်ကြောင့်ထိုင်ထားရာမှ ထုံထိုင်းလာသောအကြောစတို့ကြောင့် ကုတင်ပေါ်သို့ပြောင်းကာ ပက်လက်လှန်ချလိုက်သည်။ တစ်နေကုန်ဘာမှလုပ်စရာမရှိသည့်သူ၏အဖြစ်ကိုဆက်မတွေ့ချင်တော့တာကြောင့် စားပွဲပေါ်က laptopကိုဖြင့်ကာ အဆုံးသတ်ရန်ကျန်သေးသည့် Assignmentများကိုဆက်၍သာရေးနေလိုက်တော့သည်။

ကိုယ့်feelingနှင့်ကိုယ်ရေးနေရင်းဖုန်းတစ်လုံး၀င်လာတာကြောင့် စောနကထိုင်နေတဲ့နေရာမှကျန်ခဲ့သည့်ဖုန်းကိုယူရန်ထလိုက်သည်။

"သား.."

"အဖေလား ဖုန်းကထပ်ပြောင်းသွားတာလား"

"ဟုတ်တယ် အဖေကတစ်လုံးထဲကိုင်နေလို့မှမရတာ အခုလည်းရှောင်နေရတာလေ"

"အင်း အခုကရောဘယ်မှာလဲအဖေ"

"ဂျယ်ဂျူကျွန်းမှာ သားရောအဆင်ပြေလား"

"အင်း အဘိုးဆုံးပြီးထဲကပျင်းစရာတော့ကောင်းသွားတယ်"

ဆောင်းဟွန်းနဲ့လက်ထပ်ရမှာကိုရောအဖေ့ကိုပြောပြရမလား။ ဒီအတိုင်းပဲထားလိုက်ရမလား။ အဖေတစ်ယောက်အနေနဲ့သိသင့်သည်မလား။ ဒါပေမယ့်ပေးသိလိုက်ရင်လည်း ပြဿနာ။ ကင်မ်ဆွန်းဂျယ်သည် သူ့သားကိုမည်မျှပင်သံယောဇဥ်မရှိစေပါအုံးတော့ သူ့နှင့်ဆက်ဆံရေးမပြေလည်သည့်သူနှင့်လက်ထပ်မည်ကိုတော့ မည်သို့မျှလက်ခံမဟုတ်ပါချေ။ သို့ပေးသည့် အခုအချိန်မှာအဖေနဲ့ကျွန်တော်သည်အတူတူရှိမနေနိုင်ဘူးမလား။ အဖေအရင်းးဆိုပေမယ့် ငယ်ငယ်ထဲကနီးနီးကပ်ကပ်မှမရှိခဲ့တာ အခုချိန်မလွမ်းပါဘူးလို့ပြောရင် အရမ်းဆိုးမနေဘူးမလား။

Love : Never start or endWhere stories live. Discover now