မနေ့ကဆောင်းဟွန်းပြောသွားသည့်စကားကို ဒီနေ့မနက်ရောက်တဲ့အထိတောင် ဆောနူတော့နားထဲမှာကြားယောင်နေဆဲပင်။ တစ်ခါမှလေသံပြေပြေနဲ့မပြောဖူးသည့်ဆောင်းဟွန်းကထိုနေ့ကညကဘာဖြစ်လို့ပါလိမ့်။ ဆောနူတစ်ယောက်တွေးရခက်လာသည်။ ကျောင်းသွားရတော့မည့််အချိန်နီးနေပေမယ့် အိပ်ယာထဲမှာ စောင်ကိုရင်ဘတ်အပြည့်ထိခြုံထားလျှက် ထိုအကြောင်းတို့ကိုမှိုင်ထွေထွေစဥ်းစားနေလေ၏။
ဆောနူထင်သည်က ကိုယ့်ဘက်ကစေတနာကြောင့်များပြောင်းလဲသွားတာများလား။ ဒါမှမဟုတ်ဘာကိုလှည့်စားချင်လို့ပါလိမ့်။ တစ်ယောက်ထဲဆက်တွေးနေရင်ရူးသွားတော့မည်ဖြစ်၍ ကျောင်းသွားရင်းသာဂျယ်ယွန်းကို ပြောပြအုံးမည်ဟုဆုံးဖြတ်ကာ အိပ်ယာထဲမှအမြန်ခုန်ထွက်လိုက်သည်။
တော်ပါသေးရဲ့သူ့အတွက်ရင်ဖွင့်စရာရွယ်တူတစ်ယောက်အနီးနားကိုရောက်လာပေလို့သာ။ ဂျယ်ယွန်းကရောဒီအကြောင်းတွေကိုနားထောင်ချင်ပါ့မလား ဆောနူမသိပေ။
uniformကိုသေချာ၀တ်ဆင်ပြီးအောက်ထပ်သိုအနည်းငယ်စိတ်လှုပ်ရှားကာဆင်းလာခါ်သည်။ ဒီနေ့မှဆောင်းဟွန်းမသွားသေးဘူးပဲ မနက်စာစားသည့်စားပွဲတွင်သာရှိသေးသည်။ ဆောနူစိတ်ထဲကပျော်သည်တစ်၀က် မပျော်သည်တစ်၀က်နှင့် အင်တင်တင်ဖြစ်သွားသည်။ ညကကိစ္စကိုဆက်ဆူမှာတော့မဟုတ်ပါဘူးနော်။
စားပွဲနားရောက်ခါနီးမှခြေလှမ်းတွေကိုအရှိန်သပ်ကာအလိုလိုခပ်ဖွဖွနင်းမိပြီး ဆောင်းဟွန်းဘေးနားကခုံလွတ်မှာအသေအချာထိုင်ချလိုက်သည်။
"မြန်မြန်စား အလုပ်နောက်မကျချင်ဘူး"
"ဟင် ဆောင်းဟွန်း..သွားချင်သွားလို့ရပြီလေ"
"ဒီနေ့..ကိုယ်..ငါလိုက်ပို့မှာ စကားမများနဲ့စားတော့"
ဒုတိယတစ်ကြိမ် ကိုယ်? သေချာပေါက်တစ်ခုခုမှားနေပြီထင်သည်။ ဆေးတွေဘာတွေများမိထားသလားမသိတော့ပေ။ ကြားသည့်နားတောင် errorတက်နေသည်ဟုထင်မိသေးသည်။ အန်တီရှင်းပြုံးနေတာကိုမြင်လိုက်တော့မှတကယ်ပါလားဟုလက်ခံလိုက်ရသည်။