အပိုင်း 3

541 36 4
                                    

အလွမ်းတို့ ကျောင်းတက်တာ အခုဆို တစ်လတောင် ပြည့်တော့မည်။ နေ့ ကလည်း အလွမ်းစကားတွေကို အရင်ကထက်တုန့်ပြန်လာပြီး။

"နေ့ မင်း ကိုးတန်းကတည်းက ဒီကျောင်းကဘဲလာ "

"အမ် "

"အို့ ငါမင်းကို ကျောင်းသားသစ်ထင်နေတာ သူငယ်ချင်းလည်း မရှိဘူးဆိုတော့ "

ဟုတ်သည်လေ။အလွမ်းကျောင်းစတက်တဲ့နေ့က နေ့ တစ်ယောက်တည်းထိုင်နေတာ။အသစ်လားပေါ့။ အသစ်ထင်လို့တောင် အလွမ်းက သူနဲ့ မရမက မိတ်ဖွဲ့ခဲ့တာလေ။

"........"

အလွမ်းအပြောကြောင့် နေ့တိတ်ဆိတ်သွားသည်။ သူငယ်ချင်းလား။ သိပ်ရှိခဲ့တာပေါ့။ ဟိုမိန်းမ ပြန်မလာခင် လွန်ခဲ့တဲ့ ၃ နှစ်ကပေါ့။

"ဒီလိုဘဲ ကျုပ်နဲ့က ပြောစရာစကားမရှိလို့ "

အလွမ်းနေ့ကို ကြည့်နေမိသည်။‌ေန့ကစကားပြောရင် ပြတ်သည်။ တည်ငြိမ်သည်။ ဟက်ဟက်ပက်ပက် ရီတာလည်း မတွေ့ဖူးဘူး။

မင်းဘဝက ဘယ်လောက်တောင် ခက်ခဲ နေတာလည်း နေ့ရယ်.....

"မင်း မိဘတွေကော နေ့ "

"........"

အလွမ်း စကားကြောင့် နေ့မျက်နှာ တစ်ချက်ပျက်သွားသည်။

"အာ မင်းမဖြေချင်လည်း မဖြေပါနဲ့ "

အလွမ်းဘယ်လောက်ဘဲ သိချင် သိချင် နေ့က ဖြေဖို့အဆင်မပြေရင် အလွမ်းလည်း မသိချင်တော့ပါ။

"ရှိတယ် အမေက ဒီမှာဘဲ အဖေက ဒီမှာ မဟုတ်ဘူး "

"အော် "

"ကျုပ် ....."

"အမ်း ပြောလေ "

နေ့ သာလိကာလေးကို သေချာကြည့်မိသည်။ သာလိကာလေးကို ယုံကြည်လို့ရပါ့မလားပေါ့။ နေ့ကို ထပ်ပြီးထားသွားကြရင်ကော

"ပြောလေ "

အလွမ်း ပြူးပြကာ နေ့ကို ပြောလိုက်သည်။ထိုအချိန် အလွမ်းသတိထားမိလိုက်တာက နေ့ နှုတ်ခမ်း အနည်းငယ် ကွေး ညွှတ်သွားသည်ကို။

"မင်းက ပြုံးတာနဲ့ ပိုလိုက်တယ် နေ့ "

"ကျုပ် မပြုံးဘူး "

မောင့် ရောင်ခြည်ငယ်(Complete )Where stories live. Discover now