"ရှူး ပါးပါးအိပ်နေတယ် "
"စောကြီးအိပ်နာလာ ပါးပါးက "
"ပါးပါးက ပင်ပန်းလို့အိပ်နေတာ ဒယ်ဒီကိုယ်လက်သန့်စင်ပေးမယ် လာ "
နေ့ သားကို ရေချိုးခန်းထဲ ခေါ်သွားကာ ကိုယ်လက်ဆေးပေးပြီး အကျီ်လဲပေးလိုက်သည်။
သားကို ကြည့်တော့ သူ့ပါးပါးကို နှုတ်ခမ်းလေးဆူပြီး ကြည့်နေသည်။
"လာ ဒယ်ဒီ ပုံပြောပြမယ် "
"ဟုတ် "
အ့တော့မှကုတင်ပေါ် ကုတ်တက်လာသည်။
"နေ့နေ့လေးက ချိုချိုမချိတော့ အိပ်တတ်ဘူး "
ညတိုင်း ရောင်ခြည့်ရင်ခွင်မှာ အိပ်နေကြသားက သူ့ကို မော့ကြည့်ကာ မျက်နှာငယ်လေးနဲ့ပြောရှာသည်။
ဟိုတစ်ယောက်ကလည်း အိပ်နေရင်း အင်းအဲလုပ်ပြီးနိုးလာသည်။ သားအသံကို ကြားသွားတာ ဖြစ်မယ်။
"သား လာ ပါးပါးဆီ "
အသွက်ကလေးက နေ့ ရင်ခွင်ထဲက ထွက်ကာ သူ့ပါးပါးဆီ ကပ်သွားသည်။
"ပင်ပန်းနေတာကိုဗျာ မောင် ကြည့်လုပ်လိုက်မယ် "
နေ့ပြောတော့ မျက်စောင်းလေးက ဒိုင်းကနဲရောက်လာသည်။
မတတ်နိုင်ဘူး။ ကိုယ်ကလည်း တစ်ကြိမ်တည်း ပြီးတဲ့ ကောင်မဟုတ်တော့။
ပင်ပန်းမှန်းသိရင် အစကတည်းက ရပ်ခိုင်းတာကို ရပ်ပေးသင့်တယ် မဟုတ်လာ။ အလွမ်း တစ်ချက်သာ ကြည့်ပြီး သားကို သိပ်ဖို့ လုပ်ရတော့သည်။ သားကလည်း နို့ငုံပြီးမှ အိပ်တတ်တာ။
"အမယ် ဒီသားဖ နှစ်ယောက်က ဒယ်ဒီ့ကျ ပစ်ထားကြပြန်ပြီး "
"ပါးပါးနဲ့ နေ့နေ့လေးကို ဖတ် ဒယ်ဒီ"
"ဖက်မှာပေါ့ နှစ်ယောက်လုံးကို "
ဖက်ဆိုတော့ အလွမ်းနဲ့သားက မောင့်ရင်ခွင်ထဲရောက်သွားရသည်။
သားက နို့စို့ရင်း ပြုံးလို့
"အိပ်တော့ သားသား မွ "
ကလေးကို လှမ်းနမ်းသလိုလိုနဲ့ အလွမ်းကိုပါ ငုံ့နမ်းလာသည်။
