လအနည်းငယ် ကြာသောအခါ"လွမ်းသတ်တန့်ရောင်ခြည် "
"အေ့ ဘယ်သူလည် ငါ့နမည်အပြည့်အစုံခေါ်နေတာ"
ဘေးမှာထိုင်နေကြတဲ့ သူတွေက ခပ်လန့်လန့်
"အဲ့ ဟို ကိုမြို့သားကြီးပါ အကိုလွမ်း ဟို "
နေ့ သာထူးရဲ့ အပြောကိုမစောင့်ဘဲ အမူးသမားကို ဆွဲထုတ်လာလိုက်သည်။
"လာစမ်း ခများ ကျုပ်ကတော့ လယ် ထဲမှာ ခများထမင်းချိုင့် လာပို့မယ်ဆိုပြီးစောင့်နေတာ ဟမ့် ခများနော် ခများ "
နေ့ အနည်းငယ် စိတ်တိုနေတာမှန်သော်လည်း ချစ်ရသူမို့ စိတ်လျော့လိုက်ရသည်။
"ခများ ဘာဖြစ်လဲ ဟမ် နေ့အလင်းရောင် မင်းအခု ငါ့ကို စိတ်မရှည်တော့ဘူးပေါ့ ငါ့ကိုလွှတ် "
အမူးးသမားလေးက ပြောကာ လမ်းဘေးမှာ စောင့်ကြောင်းရီးထိုင်ကာ ဒူးပေါ်မှာပါ ခေါင်းတင်ထားကာ ငိုက်နေသည်။နေ့လည်း ခါးထောက်ကာ ကြည့်ပေးနေလိုက်သည်။
"ငါ့ကိုချီ ငါမနိုင်တော့ဘူး မောင် "
အမူးသမားလေး မျက်လုံး လေးစင်းပြီးနေ့ကို မော့ ကြည့်ကာ ဆိုလာတာကြောင့် ဆိုးချင်နေတဲ့ စိတ်တောင် ကြ က်ပျောက် ငှက်ပျောက် ဖြစ်သွားရသည်။
မူးတော့လည်း တစ်မျိုးချစ်ဖို့ကောင်းနေပြန်ရော လွမ်းသတ်တန့်ရောင်ခြည်တို့က"ဟမ့် ဒီလိုနည်းနဲ့ဘဲ ခများကျုပ်ကို နိုင်စားတယ်နော် "
နေ့အမူးသမားလေးရှေ့ သွားရပ်လိုက်တော့ လူပေါ်ကုပ်တတ်လာသည်။
" ခ် ခ် မောင်က ချစ်ဖို့ ကောင်းလိုက်တာ လူတွေရယ် "
"ငြိမ်ငြိမ်နေလေ ဗျာ "
အမူးသမားက နေ့ ကျောပေါ်မှာ လက်တွေ ရမ်းကာ ပြောပြီး ရီနေတာကြောင့် နေ့မှာ အမူးသမားလေး ပြုတ်မကျအောင် ထိန်းနေရသည်။
"ခများနဲ့တော့ ခက်ပြီး ရောင်ခြည် "
နေ့တို့ အခု ပထမနှစ်ကို အဝေးသင်နဲ့ တက်နေကြသည်။ ဖေကြီးတို့က နှစ်ယောက်စလုံးကို Day တက်ဖို့ မတတ်နိုင်မှန်းသိတာကြောင့် နေ့က ရောင်ခြည်ကိုသာ တက်ခိုင်းခဲ့ပေမယ့် ရောင်ခြည်က လက်မခံဘဲ နေ့နဲ့အတူ အဝေးသင်သာ တက်သည်။ ပြောပါသေးသည်
![](https://img.wattpad.com/cover/378065222-288-k821058.jpg)