နှစ်

83 5 2
                                    

အဖြစ်ပျက်များမှာ မြန်ဆန်လွန်းသည်ကြောင့် ကျွန်တော်ငိုင်မိသွားသည်။ မနက်ဆို နယ်ဘက်သို့ ရုတ်တရက် ပြောင်းရွှေ့ရမည် ။ သံယောဇဥ်ဟူ၍ မရှိသလောက်ရှားသည့် ဤရပ်ဝန်းအား တသသ လွမ်းမိနေသည်မှာ ပုံမှန်တော့မဟုတ်ပေ သို့သော်  ငိုင်နေ၍လည်း မဖြစ် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရန် အတွက် လမ်းမကြီးထိပ်စတိုးဆိုင်သို့ လိုရာပစ္စည်းများသွား၀ယ်ရန် ထသည့် အချိန် ရှိုင်းအောင်မှ -

" ဟေ့ကောင် မနက်ဖြန်ဆိုတော့ ၊   မင်း ဘာတွေ ၀ယ်ပြီးပြီးလဲ "

ကျွန်တော်သူ့အား ညာဖက်မျက်ခုံး ပင့်၍ လှမ်းကြည့်လိုက်သည်။

" အခုပဲ သွား၀ယ်မလို့လေ ၊ ငနာရဲ့ "

သူက ကျွန်တော့်အား နှုတ်ခမ်းဆူကာ စိတ်ကောက်မူကို ပေါ်လွှင်စေသည့် ပုံစံဖြင့် ပြန်ကြည့်သည်။

" ငါမသိလို့ပါ ၊ ခွေးကောင်ရ "

သူ့အား ကျွန်တော်မည်သည့်စကားမျှ ဆက်မပြောချေ။ ကျောခိုင်း၍သာ လမ်းထိပ် လှည့်ထွက်လာခဲ့သည်။ မွေးကတည်းက ယခုအချိန်ထိ ကျွန်တော့်ကို စိတ်ဆိုးသည့်သူ ၊ စိတ်ကောက်သည့်သူများ အား တစ်ခါမှ မချော့ဘူးချေ။ မည်သည့်အခါမှလည်း ချော့မည်မဟုတ် အလျှော့ပေးမည်လည်း မဟုတ်  ။ ကျွန်တော် ဂရုစိုက်သည်မှာ ကျွန်တော့် ကျောင်းသားများပင်ဖြစ်၏။ သူတို့မှလွဲ၍ မည်သူ့ကိုမှ အလေးထားမည်မဟုတ်ပေ။

" တီ.... တီ...... " ဟူ၍ ဆူညံလွန်းသော ကားသံများကြောင့် တစ်ဖက်သို့ ကူးရန် ဘယ်ညာ အား ခေါက်တုံ့ခေါက်ပြန် ကြည့်နေရသည်။ ထိုအချိန် မျက်စိရှေ့၌ ပေါ်လာသော လူတစ်ယောက်ကြောင့်စိုးရိမ်စိတ်နှင့် အတူ ရီချင်သလိုပင် ဖြစ်မိတော့သည်။ ထိုသူမှာ ပုဆိုးကို တိုတို၀တ်၍ မြင်းခေါင်းစွပ်ကျယ် အဖြူ နှင့် မျက်နှာကိုတော့ သေချာမတွေ့ရသဖြင့် မသိရချေ သို့သော် အဲ့လူသည် ကျွန်တော်ရှိရာ ဖက်သို့ ကူးရန် အတော်အခက်တွေ့နေပုံရပြီး ကားသမားများကိုလည်း လက်အုပ်ချီကာ တောင်းပန်နေသည်။

သူများကိစ္စအား စိတ်ဝင်စား၍ မဖြစ် အချိန်တန်လျင် ဒီဘက်လမ်းသို့ သူဘာသာ ရောက်လာပေမည်။ ကျွန်တော်သည်သာ လိုအပ်သည့် ကိစ္စများကို ဆောင်ရွက်ရန်ရှိသေးသဖြင့် တစ်ဖက်သို့ လျင်မြန်စွာ ကူးရင်း စတိုးထဲသို့ ၀င်ခဲ့သည်။

" နွေးထွေးမှု နှင့် အေးချမ်းမှု "Where stories live. Discover now