လေး

74 5 1
                                        

သမ္မန်ဆိပ်နားတွင် မတ်တတ်ရပ်ကာ စောင့်နေကြသည့် အရွယ်စုံ လူသူများကြောင့် ကျွန်တော်မှာ အံ့သြရသည်။ ရွာ၌ အလှူပင်ရှိလေသလား အရေးကြီးဧည့်သည် များလာရောက်ခြင်း ရှိနေသလား ဆိုသည့် အတွေးများသာနေရာယူလျက်ရှိ၏။

" ကျောင်းဆရာ လာလေ "

ကျယ်လောင်လှသော စကားသံနှင့်အတူ မျက်စိရှေ့သို့ ရောက်လာသည့် လက်ချောင်းသွယ်သွယ်ကြောင့် အပေါ်သို့ မော့ကြည့်ပြီး လက်ကမ်း၍သာ ကုန်းပေါ်သို့ တက်လိုက်၏။

ကျွန်တော့်ကို ကြည့်ရှုနေကြသည့် မျက်လုံးများဟာ များလွန်သည်ကြောင့် ကိုယ့်ကို မင်းသားတစ်ဦးဦး လို့တောင် ထင်မိသယောင်ပင်။အထုတ်များအား ကျွန်တော်မဆွဲရတော့သလို ကိုညီမောင်အေးနှင့် ကိုထွဋ်လှိုင် လည်း မဆွဲရပါ။ ကျွန်တော်တို့ အနောက်၌ မြန်မြန်ဆန်သော ခြေလှမ်းများဖြင့် တပ်ကျပ်မကွာလိုက်နေသည့် များပြားလာသည့် လူများက ဝိုင်းဝန်းဆွဲပေးသောကြောင့် ဖြစ်၏။

မတ်ဇောက်သော မြေပြင်ပေါ်  အားယူတက်အပြီးတွင် ရွာဦးဘုန်းကြီးကျောင်းအား မြင်ရသည်ကြောင့် စိတ်ထဲ၌ ဘုရား တရား သံဃာ အား အာရုံ ပြု၍

"  ဗုဒ္ဓံ      သရဏံ ဂစ္ဆာမိ
   ဓမ္မ      သရဏံ ဂစ္ဆာမိ
   သံဃာ သရဏံ ဂစ္ဆာမိ "  ကို ရွတ်ဆိုမိသည်။

လမ်းတစ်လျှောက်မှာ ပြေပြစ်မနေပါ ခဲ၊သဲ၊စနစ် ပေါများလွန်းလှသည်။  ကြမ်းတမ်းသည့် လမ်းပေါ လျှောက်ရသည့်အတွက် လူမှာလည်း ဒယိမ်းဒယိုင်ပင်။ လျှောက်လှမ်းဘေးကြည့် အိမ်များတွင်လည်း တိုက်အိမ်ဟူ၍ မတွေ့ရချေ သစ်ဖြင့် ဆောက်ထားသည့်အိမ်များ ၊ ဓနိဖြင့် ဆောက်ထားသည့်  ခြေတံရှည်အိမ်များသာ ပေါများလွန်၏။

တစ်ချို့အိမ်များတွင်မူ လက်ဖဝါး လောက်ကြီးမားသည့် ဝါးလုံးများအား ထိုးထားခြင်းပင် တွေ့ရသည်။ ကျွန်တော်နှင့် မတူအောင်ပင် သိချင်စိတ်များမှာလည်း ပြင်းပြလွန်းလှသည် သို့သော် မေးမြန်းခြင်းမပြုခဲ့ပါ။ ယိုင်ထိုးနေသည့် အနေထားမှ တစိုက်မတ်မတ်ရပ်လိုက်မိသည်။

" ဒါ ဆရာလေး ရဲ့ စာသင်ကျောင်းပဲ "

ကျွန်တော့်ကြည်နူးစိတ်ဖြင့် ငေးကြည့်မိသည်။ ကျောင်းမှာ အများဆုံးကျယ်ဝန်းလျှင် ပေ ၂၀ ကျော်မျှသာ ရှိပါ၏။ ကျောင်းကိုမြင်ရသည်နှင့် ကြည်နူးမိသည် ပင်ပန်းသမျှ သက်သာစေသည် ဒါဟာ ဆရာတစ်ယောက်ရဲ့ မသိစိတ်က ဆေးတစ်မျိုးပင်လား။

" နွေးထွေးမှု နှင့် အေးချမ်းမှု "Where stories live. Discover now