ငါး

26 3 2
                                    

"အဲ့လောက်လဲ လန့်မနေပါနဲ့ဗျာ ၊ လာ ရေချိုးပြီးရင်လည်း ထမင်းလာဆင်းစား အမေကြည် စောင့်နေတယ် "

ကိုညီမောင်အေး စကားကြောင့် ကျွန်တော်အသိပြန်၀င်ကာ အောက်ထပ်သို့ ဆင်းရန် ခြေလှမ်းစဥ် " အား " ဟူသော အသံနှင့်အတူ ကုတင်ပေါ်သို့ ကောက်ထိုင်လိုက်ရသည်။ ဒူးခေါင်း ၌ ပွန်းနေသည့် ဒဏ်ရာမှာ ပို၍နာပြီး ဘယ်ချိန်က ဖြစ်သွားမှန်းမသိ သော ခြေချင်း၀တ် ခေါက်လဲသည့် ဒဏ်မှာ နာကျင်လွန်းလှသည်ကြောင့် အော်လိုက်မိခြင်းပင်ဖြစ်၏။

" ကဲကဲ ပုဆိုးလှန် "

" ခင်ဗျာ"

" ဒီမှာ ကျုပ် ဆေးထည့်ပေးဖို့ဗျ "

"ရပါတယ် ကျွန်တော့်ဘာသာ ကျွန်တော်ထည့်ပါ့မယ်"

စိတ်ထဲတွင် သူ့အပြစ်သူသိ၍ ကျွန်တော့်အား လာရောက် အပိုတွေလုပ်သည်သာ ထင်မိ၏။ ဘာကြောင့်ဆို သူလုပ်လို့ ကျွန်တော်ဒီလိုဖြစ်တာ မဟုတ်လား။ အစောထဲက အေးအေးဆေးဆေးဆို ဘာမှဖြစ်မည်မဟုတ်။ သူဒေါသကြီး၍သာ ဖြစ်ရသည်များပင်။

တွေးတောရင်း ကုတင်ပေါ်ထိုင်ချိန် ကျွန်တော့်ခြေထောက်အား ရုတ်ချည်းဆန်စွာ လှမ်းဆွဲသည့်ကြောင့် လန့်သွား၍ " အောင်မလေး ဗျ " ဟူသော အသံနှင့် အတူ တစ်ဖက်လူရဲ့ ဦးခေါင်းကိုလည်း " ဂွပ် " မြည်အောင်ခေါက်လိုက်မိသည်။

" အာ ခင်ဗျား ဘာလုပ်တာလဲဗျ "

" ခင်များကရော ကျွန်တော့်ခြေထောက်ကို ဘာလို့ ရုတ်တရက် လာဆွဲသလဲ "

" ဆေးလူးပေးဖို့ ဗျ ... ဆေးလူးပေးဖို့ တော်ပြီ တော်ပြီ ခင်ဗျားတို့ မြို့ကလူတွေက စေတနာနဲ့ကို မတန်တာ "

" လားလား ရှိ ခင်များ လုပ်လို့ ကျွန်တော် ဒီလိုဖြစ်တာလေ "

" အို ခင်ဗျား က နှေးကွေးနေတာလိပ်လိုပဲ မို့လိုလေ "

" ခင်များကတော့ ဘီလူးကြီးလိုပဲ အားနေ ဒေါသက ငယ်ထိပ်ရောက်နေတာလေ "

" ဟဲ့ ညီမောင်အေး နင် က  ဆရာလေး နဲ့လည်း ရန်ဖြစ်နေပြန်ပြီလား နင်အခုချက်ချင်းလာခဲ့စမ်း "

အမေကြည်သံကြားတော့မှပဲ ကျွန်တော်တို့ ၂ ယောက်လုံး စကားသံ ပိတ်သွားပြီး အောက်ထပ်သို့ အလျိုလျို ဆင်းခဲ့ကြသည်။ ရောက်ရောက်ချင်းမှာပင်  အမေကြည်က ညီမောင်အေး နားအား ချက်ချင်းလိမ်ဆွဲလိုက်သည်ကြောင့် ရီချင်သည်။

" နွေးထွေးမှု နှင့် အေးချမ်းမှု "Where stories live. Discover now