ကျွန်တော့် စိတ်နဲ့ ကျွန်တော့်ကိုယ်ဆို ထထွက်ပြီး ပြေးချင်သော်လည်း ဘေး၌ ကြည့်နေသော မျက်လုံးများမှာ နည်းသည်မဟုတ် ထို့ကြောင့် အရှက်ပြေ စကားစရပြန်။
" ကျွန်တော် စလိုက်တာကို ခင်များ အငိုက်မိသွားပြီမဟုတ်လား "
ကျွန်တော် ထိုစကားပြောလိုက်မှ ကျန်တဲ့သူများလည်း လုပ်စရာရှိတာဆက်လုပ်နေကြပြီး ကျွန်တော်ကတော့ အကြော်ကိုသာ အရှက်ပြေ စား၍ အမေကြည်အားပြုံးပြလိုက်ချိန် ကိုညီမောင်အေးက ဘုကြည့်ကြည့်နေ၏။
" ဆရာလေး အောက်ပိုင်းသွားအုံးမလား ဟဲ့သား ဆရာလေးကို ခေါ်သွားလိုက်"
" ဟုတ်တယ် ကျုပ် အောက်ပိုင်းသွားဖို့ ခင်များလိုက်
ခဲ့လေ "" မလိုက်တော့ပါဘူးဗျာ ၊ ကျွန်တော် အလုပ်လေးတွေရှိသေးလို့ "
ကျုပ်၌ လုပ်စရာများ ပုံနေသည်တော့မဟုတ် သို့သော် ခရီးပင်ပန်း၍ အိမ်ပြန်နားချင်သည်။ ရှင်းလင်းကာပြောပြရရင် ကျွန်တော် အိပ်ချင်နေပြီ။ ထို့ကြောင့် အိမ်သို့ သာ အမေကြည်နှင့် ပြန်လိုက်လာပြီး အိမ်ရောက် ခြေလက်ဆေး၍ အမေကြည်အား ဂါ၀ရပြု၍ အပေါ်သို့ တက်ကာ ကုတင်ပေါ်သို့ လှဲလျောင်းစဥ်မှာပဲ အကြောများအားလုံးပြေပျောက်သွား၏။ ဘေးနားတွင် ရှိနေသော ဖုန်းမှ နာရီကို ကြည့် ချိန် ၃နာရီကျော်မျှသာရှိသေး၏။ထို့ကြောင့် မျက်လုံးများအား ကြိုးစားမှိတ်ရန် ကြံရွယ်သော်လည်း မျက်လုံးများစဥ်းကာ အိပ်ပျော်သွားတော့၏။
××××××××××××××××
" ဟဲ့ သေနာ ဗိုက်ပူ နင့်ကို အဲ့အရည်တွေ မသောက်ပါနဲ့ လို့ ပြောနေတာ အခါပေါင်း ၅၀ ကျော်နေပြီ "
" ဟဲ့ ၀က်မ နင့်ဘာသာ ဗီဒီယိုရုံသွားချင်သွား နားလာမငြီးနဲ့ "
" အရပ်ကတို့ရေ ကြားလို့မှ ကောင်းကြသေးရဲ့လား အရင်ကတော့ အခုလို ၀၀ကစ်ကစ်လေးကို ချစ်လွန်းလို့ပါဆို အခုတော့ ၀က်မ တဲ့ရှင် "
ဆူညံလွန်းလှသည့် အော်ဟစ်သံများကြောင့် အိပ်ရာမှကုန်းထပြီး အောက်ထပ်သို့ ပြေးဆင်းလိုက်သည်။ စိတ်ထဲတွင် အောက်၌ တစ်ခုခုများ ဖြစ်နေကြသည်အထင်နှင့်ပင်။ သို့သော် အောက်မှာမူ အမေကြည်က ထိုင်ကာ ပုတီးစိပ်နေပြီး ကိုညီမောင်ကတော့ ရုပ်ရှင်ကြည့်နေ၏။ ကျွန်တော့်မှာ အသံကြားရနေရာသို့ သွားရောက်ချင်သည့် စိတ်မှာ ပြင်းပြနေသည်ကြောင့် တာပေါ်တွင်ရှိနေသော လူအုပ်ကြီးဆီသို့ တက်လှမ်းချိန် အနောက်မှ အမေကြည်က
YOU ARE READING
" နွေးထွေးမှု နှင့် အေးချမ်းမှု "
Romanceနွေးထွေးမှုကို အကိုက ပေးပြီး အေးချမ်းမှုကို ကျွန်တော်က ပေးအပ်ပါမည်။ ဆန်းလင်းအောင်