part 20 ( Unicode )

650 32 1
                                    

ဗလာနတ္ထိ

part 20

"အ့... ကျစ်...ကျစ်.. နာလိုက်တာ"

"သမီးယိမ်းနိုးပီလား သမီး"

ဒေါ်ညိုယိမ်း သမီးဖြစ်သူအားပျောက်လို့ရှာရင်း ချောင်းဘေးကကျောက်တုံးပေါ်မှာရေအားဖြင့်မျောပီးတင်နေ၏ ။ ခေါင်းမှာလဲ ဒဏ်ရာတွေဖြင့်.. စကားကြမ်းကြမ်းမပြောပါနဲ့ဆိုလဲမဟုတ် ...

လွန်း နိုးလာချိန်တွင် ဘေးသို့ဝေ့ကြည့်လိုက်တော့တဲအိမ်လေးဖြစ်ဟန်တူသည် ထရံကာသွပ်မိုးအိမ်လေး လွန်းဘေးတွင်ရှိသောအသက်ကြီးကြီးနဲ့အန်တီကလွန်းကိုစိုးရိမ်သည့်အကြည့်တွေဟာအထင်းသား.. ဘေးပတ်ပတ်လည်တွင်လည်း သနပ်ခါးပါးကွပ်ကြားဖြင့်လွန်း ကိုကြည့်ပီး

"ယိမ်း ဘယ်နားနာနေသေးလဲ "

"သမီးယိမ်း အမေလေ အမေ့ကိုမမှတ်မိဘူးလား"

ယိမ်းတဲ့လွန်းကဘယ်လိုဖြစ်လို့ ယိမ်းဖြစ်ရတာတုန်း သဘောမပေါက်တာကြောင့် ဆက်ကနဲထထိုင်လိုက်တော့သည် ။ မောင်နဲ့မနေ့တုန်း ကစားကွင်းမှာလေ

"ဟဲ့...သမီးယိမ်း ​အမေ့ ကိုကြည့်ပါအုံး"

ဆက်ကနဲထထိုင်ပီး ကြောင်တောင်တောင်ကြည့်နေသည့်သမီးဖြစ်သူကြောင့် ဒေါ်ညိုယိမ်း စိတ်ပူသွားရကာ ယိမ်းသီကျူး ဘေးသို့ထိုင်လိုက်လေတော့...

"ကျွန်...ကျွန်တော်ဘယ်ရောက်နေတာလဲ"

"ဟင်... ဟဲ့ ငါတို့ကိုမေ့သွားပီလား မိယိမ်းမ ငါထွေးထွေးလေငါ့ကိုမေ့လို့ကတော့ ကောင်မ ပါးရိုက်သတ်ပြစ်မှာ"

ကောင်မလေးတွေကလဲ လွန်း ကို သူတို့သူငယ်ချင်းအထင်နှင့်ပြောနေတာကြောင့် လွန်း မှာဘာပြောရမှန်းမသိတော့

"မှန်....မှန် ပေးပါအုံး မှန်ပေးအုံး."

မှန်တောင်းနေသည့် သူငယ်ချင်းအား ထွေးထွေး ကမှန်ကမ်းပေးလိုက်ရင်း

"ဆံပင်အရောင်သွားဆိုးပီးညှပ်လိုက်တာငါတို့ကိုတောင်မခေါ်ဘူးနော်ကောင်မ"

လွန်း မှန်ကြည့်တော့လဲ လွန်းရုပ်ရည်ကလွန်းရုပ်ရည်ပါဘဲ ခေါင်းကပတ်တီးကလွဲလို့ ကျန်တာအကုန်အကောင်း ဘယ်လိုလို့ ဒီကိုရောက်လာတာပါလိမ့်...လွန်း ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်တော့လဲ မိန်းကလေးအဝတ်အစားနဲ့.....အဲ့တာကအကြောင်းမဟုတ် မောင်စွပ်ပေးထားတဲ့လက်စွပ်ကလေး အားကမန်းကတန်းကြည့်လိုက်တော့ လက်သူကြွယ်မှာရှိနေသေးတာကြောင့် အခုမှလေပူလေးတစ်ချက်မှုတ်လိုက်ရင်း... ပျော်ရာမှာမနေ...တော်ရာမှာနေဆိုသည့်အတိုင်း ရောက်တဲ့နေရာမှခနလောင်ဟန်ဆောင်ပီးနေရအုံးမယ်... မောင် လာရှာတာကိုစောင့်ရင်းပေါ့...

🔥 ဗလာနတ္ထိ 🔥 [ Ongoing ]Where stories live. Discover now