စက်တင်ဘာလတွင် နေအပူရှိန်ပြင်းလွန်းသည်။
ကျုန်းဟန်နင်သည် သူရင်းနှီးနေပြီးသားဖြစ်တဲ့ စာသင်ကျောင်းကိုကြည့်လိုက်သည်။
ကျောင်းသားများက ကော်ရစ်ဒါပေါ်မှာပြေးလွှားကစားနေကြပြီး သူမြင်နေရတာက အိပ်မက်လားလက်တွေ့လားဆိုတာကိုမခွဲခြားနိုင်ပေ။
ကျုန်းဟန်နင်သည် သူနဲ့လျန်လျန် အကြီးကျယ်စကားများကြပြီးနောက်နေ့တွင် သူ၁၈နှစ်အရွယ်ကိုပြန်ရောက်သွားမယ်လို့မထင်ထားခဲ့ပေ။
၃၀ အရွယ်ကနေ ၁၈ သို့ပြန်ရောက်သွားခြင်းဖြစ်သည်။
သူလမ်း လျှောက်သွားပေမဲ့ သူမရဲ့ပုံရိပ်ကိုရှာမတွေ့ခဲ့ပေ။ သူ့ရဲ့ရင်ဘတ်သည်လည်း အစူးတစ်ခုနဲ့ ထိုးနှက်နေသလိုခံစားရပြီး အရမ်းနာကျင်လာသည်။
သူအရင်ကျောင်းသားဘဝကတည်းက လျန်လျန်ကို အရမ်းသဘောကျခဲ့သည်။ သူ့ရဲ့မိသားစုနောက်ခံဆင်းရဲမှုကြောင့် လျန်လျန်ကို သူ့အချစ်များမဝန်ခံခဲ့တာဖြစ်သည်။
သူအလုပ်ဝင်တဲ့ အချိန်မှာတော့ လျန်လျန်သည် ယောကျာ်းတစ်ယောက်ကိုလက်ထပ်ဖို့ လိုနေတဲ့အချိန်ဖြစ်တာကြောင့် သူတို့လက်ထပ်လိုက်ကြသည်။
လျန်လျန်သည် သူ့အရှေ့တွင်ထိုင်လိုက်ပြီးသူ့ရဲ့မေးစေ့ကိုကိုင်လိုက်ကာ တက်ကြွ စွာစကားပြောလိုက်သည်။
"ကျုန်းဟန်နင် ..နင်ငါ့ကို လက်ထပ်ရင်နင့်အနာဂါတ်တောက်ပလာမှာ..ငါလဲအခု လက်ထပ်ဖို့လူရှာနေတာဆိုတော့ ငါတို့တစ်ဖက်လိုချင်တာကို ပေးကြပြီး လက်ထပ်ကြမလား"
ကျုန်းဟန်နင်သည် စားပွဲအောက် တွင် လက်သီးကိုကျစ်နေအောင်ဆုတ်ထားသည်။
သူပြောချင်တာက သူသဘောကျတာက သူမရဲ့ မိသားစုနောက်ခံကိုမဟုတ်ပဲ သူမကိုဆိုပြီးတော့လေ! ဒါပေမဲ့ ဘယ်သူကယုံမှာလဲ?
သူတို့နှစ်ယောက်လက်ထပ်လိုက်တော့ လူတွေက ဟန်နင် သည် အရမ်းကံကောင်းတဲ့သူဖြစ်လာပြီး လျန်မိသားစုရဲ့ထောက်ပံ့မှုနဲ့ စီးပွားရေးလည်း တရှိန်ထိုးတက်လာသည် ဟုထင်ကြသည်။
![](https://img.wattpad.com/cover/380224028-288-k978646.jpg)
YOU ARE READING
အချစ်များအားလုံးမင်းအတွက်သာ♥️( Completed)
Mystery / ThrillerWarning 21+++ ဒါလေးကတော့ ကျွန်မဘာသာပြန်မဲ့ ကျောင်းသား အချစ်ဝတ္ထုဖြစ်ပြီး မှောင်မှောင်ရိုရိုလေးပါ🌚♥️ Completed