အခန်း(၅) လက်ထပ်ပြီးတာနဲ့ မတူတဲ့ သူမရဲ့ ပျော်ရွှင်နေတဲ့ပုံစံ

4.5K 52 0
                                    

ကျုန်းဟန်နင်သည် နှလုံးခုန်သံမြန်လာပြီး လျန်လျန်ကို ရင်ခွင်ထဲထွေးပွေ့ထားချင်တဲ့ စိတ်ဆန္ဒကို ဖိနှိမ့်ထားလိုက်သည်။

သူမရဲ့ လည်ပင်းမှာခေါင်းကပ်ချင်ပြီး  ကိုယ်သင်းနံ့လေးကို ရှူရှိုက်ချင်သည်။ အရင်ဘဝတုန်းက သူမကို စိတ်လိုလက်ရ ပွေ့ဖက်နမ်းရှုံ့တာမျိုး မရှိခဲ့ဖူးပေ။

ကျုန်းဟန်နင်သည် သူမဘေးတွင် ကပ်လိုက်ပြီးသူကစပြီး စကားပြောလိုက်သည်။

"နေ့လည်ကျရင် group အစည်းဝေးရှိတယ် ..ထွက်မပြေးနဲ့နော်"

လျန်လျန် ခေါင်းငြိမ့်လိုက်ပြီး  ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။

"ငါက အရမ်းဆိုးတဲ့သူဆိုတော့ ငါနဲ့ စာတူတူလုပ်ရင် နင်ခေါင်းကိုက်လာမှာ"

သူမကိုညင်သာသောအကြည့်နဲ့ ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။

"မဟုတ်ဘူး..မင်းက အရမ်းပေါင်းသင်းရခက်တဲ့ သူ မဟုတ်ပါဘူး"

အထက်တန်းတုန်းက လျန်လျန်နဲ့ ရင်းနှီးဖို့ မကြိုးစားခဲ့တာကိုနောင်တရနေသည်။ သူမအထက်တန်းအရွယ်မှာ အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးလေးလိုပင်။

ဒါပေမဲ့ ဘာတွေကြုံတွေ့ခဲ့ရလို့ အသက်ကြီးလာတော့ သူမပြုံးဖို့ အရမ်းခဲခက်သွားပြီး သူမရဲ့ စိတ်ရင်းအား လူတွေကို မပြတော့တာလဲ?

အတန်းချိန်မှာတောင် လျန်လျန်အာရုံစူးစိုက်မှုမရှိပေ။ အရင်တုန်းက သူမအဆင့်က အရမ်းဆိုးရွားနေတာမျိူးမဟုတ်ပေမဲ့ sex စွဲလမ်းမှု ရှိသွားကတည်းက စာကိုစိတ်ဝင်စားခြင်းမရှိတော့ပေ။

သူမအချိန်ပြည့် အာသာဖြေချင်နေပြီး  တဏှာ ကြီးတဲ့ စိတ်ကို မုန်းမိသည်။ ဒါပေမဲ့ အာသာဖြေလိုက်မှ မကောင်းတဲ့ အတွေးတွေကို ခဏမေ့ထားနိုင်သည်။

ဒီနေ့တော့ သူမတစ်နေကုန် အာသာမဖြေခဲ့ပေ။  မလုပ်ရဲခြင်းဖြစ်သည်။ အတန်းထဲတွင် သူမကို တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုမျိုး အမြဲခံစားရသည်။

ကျုန်းဟန်နင်ကို စိုက်ကြည့်လိုက်တော့ စာရေးနေပြီး စာကို အာရုံစိုက်ပြီး ကြိုးစားသင်ယူနေတာကြောင့် သူမကိုကြည့်နေတာမဟုတ်ပေ။

အချစ်များအားလုံးမင်းအတွက်သာ♥️( Completed)Where stories live. Discover now