အခန်း(၂၃)

1.7K 35 0
                                    

ကျန်းယဲ့ မွေးနေ့ပွဲကို အတန်းဖော် တစ်ဝတ်လောက်သွားကြသည်။ သူသည် စကားများသူဖြစ်တဲ့အတွက် အိမ်သာသွားနေရင်းနဲ့တောင် သူငယ်ချင်းဖွဲ့နိုင်သူဖြစ်သည်။

ဒီနေ့စာသင်ခန်းထဲတွင် အရမ်းဆူ‌ညံနေသည်။ ကျန်းယဲ့ သည် သူ့ရဲ့မွေးနေ့ပွဲအတွက် သူငယ်ချင်းများအားဖိတ်ကြားနေသောကြောင့်ဖြစ်သည်။
ယွီချီလင်သည် လျန်လျန်ဆီတိုးကပ်လိုက်ပြီး နှုတ်ခမ်းဆူထားကာ

"အထက်တန်းကျောင်းသားရဲ့ မွေးနေပွဲကို ပထမဆုံးအကြိမ် ဆင်နွှဲရမှာ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းမှာပဲ!"

"ဟဲ့အရူးမ ...နင်ဘာသိလို့တုန်း ဒါကငါပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်လေ"

ကျန်းယဲ့ သူမကိုအရူးမလို့ခေါ်နေတာ စိတ်တိုပြီး ယွှီချီလင် သူ့လက်မောင်းကို ရိုက်လိုက်သည်။

သူမသည် လျန်လျန်ရဲ့ နားဆီတိုးကပ်လိုက်ပြီး
"အဲ့ကောင်က စာပေနဲ့ အနုပညာကော်မတီအဖွဲ့ဝင်ကို ဖိတ်တာလဲတွေ့တယ် အဲ့ကောင်က သူအလှလေးတွေနဲ့ သိကြောင်းကြွားချင်နေတာ "

"စာပေအနုပညာ ကော်မတီက ဟန်နင်ကို ကြိုက်နေတာထင်တယ် ...သူမဟန်နင်ကို ဖွင့်ပြောတာ တစ်ယောက်ယောက်တွေ့ခဲ့တယ်တဲ့"

ကျုန်းဟန်နင် ဆရာရုံးခန်းရောက်နေတာကြောင့် ယွီချီလင် ဒီလို အတင်းတုတ်ရဲခြင်းဖြစ်သည်။
သူသာဘေးမှာရှိရင် ဟန်နင်ရဲ့ ခက်ထန်တဲ့ အကြည့်နဲ့တင်သူမကို မူးမေ့စေနိုင်သည်။

ယွီချီလင်ကတော့ လျန်လျန်ကို အတော်အားကျမိသည် ။
တစ်နှစ်ပတ်လုံး ပထရပဲရခဲ့တဲ့ ဟန်နင်ရဲ့ စာပြပေးမှုကြောင့် အောက်ခြေကနေ အလယ်အလတ်အဆင့်ကိုရောက်လာခဲ့သည်။

သူမသာဆက်ပြီးကြိုးစားရင် top 10 ဝင်နိုင်မှာဖြစ်သည်။

လျန်ဟောက်သည် ဟန်နင်နဲ့ ပတ်သက်တဲ့သတင်းကိုကြားတော့ စာရေးနေတာကိုရပ်ပြီးမေးစေ့ထောက်ထားကာ ယွီချင်လင်အားမေးလိုက်သည်။

"‌ကောင်မစုတ် ...နင်ဘယ်ကကြားခဲ့တာလဲ"

စာပေအနုပညာကော်မတီအဖွဲ့ဝင်သည် ကြည့်ကောင်းသူဖြစ်ပြီး ခန္ဓာကိုယ်ကောက်ကြောင်းလှပကာ ဖြူဖွေးတဲ့ အသားရည်ရှိသည်။

အချစ်များအားလုံးမင်းအတွက်သာ♥️( Completed)Where stories live. Discover now