အခန်း(၄) မတ်တပ်ရပ်ပြီး အပြစ်ပေးခံရခြင်း

4.3K 37 0
                                    

အရင်ဘဝတုန်းက လျန်လျန်ရဲ့ sexစွဲလမ်းမှုကို သူသတိမထားမိခဲ့ပေ။ ဟန်နင်သည် ဘောပင်ကိုမြဲ နေအာင်ကိုင်လိုက်ပြီး ဖိချလိုက်ကာ သူ့ရဲ့အသံတည်ငြိမ်သွားအောင်ထိန်းလိုက်သည်။

"လျန်လျန် ငါဆရာနဲ့ တိုင်ပင်ခဲ့တယ်! ငါနဲ့စာတူတူသင်ဖို့ groupဖွဲ့လိုက်မယ်ဆိုရင်ကော"

သူ့ရဲ့အသံကို ပုံမှန်လေသံဖြစ်အောင် အားတင်းပြီးပြော နေသည်။

လျန်လျန် ထခုန်မိတော့မလိုပင် "ဘာကို.."

"စာတူတူသင်ဖို့လေ ..နောက်ကျရင် ငါနဲ့မင်းက group တစ်ခုထဲတူတူကျမှာ မင်းကိုငါစာပြ ပေးမယ်လေ"

အပြင်ပိုင်းမှာတော့ ဒီလိုစကားခံပြီးပြောထားပေမဲ့ သူမကိုစာသင်ပေးချင်မှာ မဟုတ်ပေ။ အဲ့ထက်ပိုတာလုပ်ချင်နေသည်။

'အကိုကြီး ကျုန်းဟန်နင် တော့ စတင်လှုပ်ရှားတော့မှာဖြစ်သည်။ '

အရင်ဘဝတုန်းကလို သိမ်ငယ်စိတ်နဲ့ မရှင်သန်ချင်တော့ပဲ ဒုတိယအခွင့်ရေးကို လက်လွှတ်မခံချင်ပေ။

.
.
.
နောက်နေ့တွင် ကောင်းကင်ပြာကြီးသည် ရှင်းလင်းနေပြီး လျန်လျန်သည် သူ့ရဲ့ခါးကိုပဲဖုံးထားပြီး အိပ်ပျော်နေသည်။

မနေ့ညတုန်းက လျန်လျန်အိပ်လို့အရမ်းကောင်းခဲ့သည်။ ကျုန်းဟန်နင်နဲ့ အသံကိုကြားလိုက်တာက သူမကိုကောင်းကောင်းအိပ်ပျော်စေတာဖြစ်သည်။

ဟန်နင်ကို အိပ်မက်ထဲ ထည့်မက်ခဲ့ပြီး သူနဲ့ ချစ်‌တင်နှောခဲ့ကြပေမဲ့ အိပ်မက်သာဖြစ်ခဲ့သည်။

ဝူ့မန်လီ တံခါးကိုခေါက်လိုက်ပြီးလျန်လျန်အားလှောင်ပြောင်ဖို့ကိုမမေ့လျော့ခဲ့ပေ။

"အိပ်ယာထတော့ အရမ်းနောက်ကျနေပြီ မမလေးရဲ့"

ဝူ့မန်လီသည် လျန်ကျန်းမူရဲ့ ဒုတိယမိန်းမဖြစ်သည်။

ဝူ့မန်လီရဲ့ ရုပ်ရည် သွင်ပြင်သည် ပုံမှန်သာဖြစ်သည်။ဒါပေမဲ့ သူမသည် မိန်းမမာယာနဲ့ လျန်ကျန်းမူကို အရယူထားတာဖြစ်သည်။

လျန်ကျန်းမူ ရှေ့မှာတော့ လျန်လျန်ကို အရမ်းကောင်းပြပေမဲ့ အခုတော့ လျန်ကျန်းမူ အလုပ်ခရီးထွက်နေတာကြောင့် ထုံးစံအတိုင်း လျန်လျန်ကို ဆဲ‌ဆိုပြီး အာဏာပြနေတော့သည်။

အချစ်များအားလုံးမင်းအတွက်သာ♥️( Completed)Where stories live. Discover now