အခန်း(၁၉) လျန်လျန် အိပ်ခန်းထိ ဝင်ကစား

2.9K 35 1
                                    


လျန်ကျန်းမူ ခေါင်းခါလိုက်ပြီး သူရဲ့ လက်ဖဝါးတွင် ချွေးစောများပြန်နေပြီး တုန်ယင်နေသည်။

လျန်လျန်သူ့ရဲ့ပုံစံကိုမြင်တော့ ရယ်ရမလိုငိုရမလိုပင်။ လျန်လျန်အမေ သေဆုံးမှုက သူ့ကိုအမြဲခြောက်လှန့်နေနိုင်သည်။

လျန်ကျန်းမူ မတ်တပ်ရပ်ပြီး သူမကိုအထက်အောက်ကြည့်လိုက်သည်။ လျန်လျန်သည် သူမအမေနဲ့ အရမ်းဆင်တူသည်။

အထူးသဖြင့် နက်မှောင်ပြီးကောက်ကွေးနေတဲ့ သူမရဲ့ဆံပင်..

လျန်ကျန်းမူသည် သူ့ရဲ့အာခေါင်ကိုတစ်ခုခုနဲ့ပိတ်ဆိုထားသလိုမျိုးစကားမပြောနိုင်တော့ပေ။

လျန်လျန်သည်
"သမီး အမေသေတုန်းကလဲ အဖေအရမ်းပျော်ခဲ့တာမလား?? သမီးသေသွားရင်တော့ အဖေကျေနပ်နေမှာမလား??"

"တော်ပြီ..အတိတ်ကိုပြန်မပြောနဲ့"

"ဘာလို့ပြန်ပြောလို့မရရမှာလဲ?? ယုံချင်ယုံမယုံချင်နေ ဟန်နင်ကိုပြဿနာရှာရဲရင် သမီးတိုက်ပေါ်ကခုန်ချလိုက်မယ်..ကမ္ဘာပေါ်မှာ သမီးအတွက်တွယ်တာစရာမှမရှိတော့တာ.."

လျန်ကျန်းမူအလန့်တကြားဖြစ်သွားပြီး သူမရဲ့ လက်ကိုဆွဲလိုက်သည်။

အဖေတစ်ယောက်အနေနဲ့ သူလျန်လျန်ကို အရမ်းချစ်ပြီး သူရဲ့ရှေ့မှာ လျန်လျန်မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်မျိုးကိုလုပ်ဖို့ ခွင့်မပြုနိုင်ပေ။

လျန်ကျန်းမူရဲ့ အသံတုန်ယင်လာပြီး

"လျန်လျန်..သမီးဘာလိုချင်လို့လဲ??"

"သမီးအိမ်ပြောင်းနေမယ်..ဒီလို ညှစ်ပတ်တဲ့ အိမ်မှာ ထပ်ပြီး မနေချင်တော့ဘူးအခြေချလိုက်တာနဲ့ အန်ချင်တယ်!"

လျန်လျန်တံခါးကိုတွန်းဖွင့်လိုက်တော့ အပြင်မှာ ရပ်နေတဲ့ ဝူ့မန်လီနဲ့ အကြည့်ချင်းဆုံသွားသည်။

နောက်ဆုံးရလဒ်က ဒီလိုဖြစ်လာမယ်လို့ ဝူ့မန်လီမမျှော်လင့်ထားခဲ့ပေ။

ဝူ့မန်လီလှောင်ရယ်လိုက်ပြီး

"လူကြီးမဖြစ်သေးဘူး ။ အပြင်မှာ ယောကျာ်းလေးနဲ့ တူတူနေချင်နေပြီး လျန်မိသားစု ဂုဏ်သိက္ခာညှိုးနွမ်းသွားမှာမကြောက်ဘူလား"

အချစ်များအားလုံးမင်းအတွက်သာ♥️( Completed)Where stories live. Discover now