16

386 32 5
                                    

uni

ရေချိုးခန်းတွင်းမှ Offroadသည်လဲ အပြင်ဘက်မှ လူအတိုင်း အဆင်ပြေမနေပေ။ အဆတ်မပြတ် တဒုန်းဒုန်းခုန်လှုပ်နေသော သူ့ရင်ဘက်အား ကြည့်လျက် Offroad မနည်းစိတ်ငြိမ်အောင်ထိန်းနေရလေသည်။

ထိုလူက တကယ့်ပြဿနာပဲ။ သူ့အားထိုသို့ပရမ်းပတာဖြစ်အောင် သိပ်လုပ်နိုင်လွန်းနေသည်။ Offroad သူစိတ်ငြိမ်ရန် ကြိုးစားနေတုန်း အပြင်ဘက်မှ သူ့အားအလိုက်မသိ မေးနေသူကြောင့်
ထိုသူအမေးအား အလျင်အမြန်ဖြေကြားလိုက်ရလေသည်။ တံခါးပိတ်သံကြားမှသာ Offroad ရေချိုးခန်းကြမ်းပြင်ထက်ထိုင်လျက် တံခါးအားမှီထားမိလေသည်။ ခဏတာအတွေးတို့ငြိမ်သတ်သွားတော့မှ ရေချိုးဖို့သာ Offroad ပြင်လိုက်တော့သည်။

Daou အယောင်ယောင်အမှားမှား နဲ့ မနက်စာချက်လို့အပြီးဝယ် စားပွဲထက် ပြင်ဆင်ခင်းကျင်းပြီး Offroad အားစောင့်ဆိုင်းရင်း တီဗီဖွင့်ကြည့်လိုက်လေသည်။ မနက်ပိုင်းသတင်းလာနေတာကြောင့် စိတ်ဝင်တစား‌နားထောင်နေတုန်း မြို့စွန်မှ စက်ရုံတခုနှင့်အတူ မီးလောင်သေဆုံးနေသော လူသေအလောင်တ လောင်းသတင်းအား တိုက်တိုက်ဆိုင်ဆိုင်မြင်လိုက်တာမို့ Daou အပြုံးတခုနှင့်အတူ ဘေးမှ ရေခွက်အားယူလိုက် ရေသောက်နေလိုက်လေသည်။

အလောင်းကတလောင်းပဲ.... ဟုတယ် သူအဓိကသေစေချင်တာ ထိုလူပဲဖြစ်သည်မို့ မဆိုင်တဲ့သူများ
အား သူအလကားနေ သတ်ပစ်ဖို့ အစီအစဉ်မရှိပေ။
ထိုလူများအတွက်ကတော့ Tobသာစီစဉ်နေကြမို့ သူ့အတွက်စိတ်ပူစရာမလိုပေ။

သူသတင်းအားစိတ်ဝင်စားနေတုန်း တံခါးဖွင့်သံကြောင့် လှည့်ကြည့်မိချိန် သောက်နေတဲ့ရေပါသီးသွားရလေသည်။ ရေသီးအရှိန်နဲ့ ချောင်းတွေပါ တဟွတ် ဟွတ် ဆိုးတော့သည်။

'အွတ်... အဟွတ် ... အဟွတ်... အဟန့် '

'P'Ou အဆင်ပြေရဲ့လား ဘယ်လိုဖြစ်တာလဲ '

Daou သူအားအပေါ်မှ ငုံ့မိုးကြည့်လျက် မေးနေသူ
Offroad အား ဘာပြောလို့ပြောရမှန်းကို မသိပေ။ သူဒီလိုရေးသီးရတာကဘသူ့ရှေ့ကထိုလူသားကြောင့်လေ။ မဖြစ်ရိုးလား ထိုလူသားအခုဘယ်လိုပုံစံဖြစ်နေလဲသိသလား ?

Behind (Bl ) (Complete )Where stories live. Discover now