အပိုင်း 3

326 39 1
                                    

အဆောင်နားက မုန့်စျေးတန်နားက ဆန်ပြုတ်ဆိုင်မှာ
မနက် စာစားပြီးတာနဲ့ မနက်ပိုင်းအတန်းအတွက် ကျောင်းကို အမြန်ပြေးသွားရသည်။ ပြီးတော့ 10 နာရီကျော်မှာ ငါတို့စာသင်ဖို့ အင်ဂျင်နီယာ ဌာနကို ပြန်လာရသည်။ ဘဝမှာ လုပ်စရာတွေ အများကြီးရှိပေမယ့် စာသင်ခန်းထဲမှာတော့ ပျင်းစရာမကောင်းနေပါဘူး။ ဘာလို့လဲဆို flirtဖို့ မိန်းကလေးတွေ ရှိနေတာကြောင့်လေ။

"ဟက်ချိုး"

အချိန်အကြာကြီး ထိန်းထားရပြီး နှာချေလိုက်ရတော့ အတန်းထဲကလူတိုင်းက ငါ့ကို တစ်ချိန်တည်း စိုက်ကြည့်လာကြသည်။

"သေတော့မှာလား၊ ဒါဆိုရင် ကျောင်းမှာတော့ မသေနဲ့နော်”

Thray ဒါက မင်းလို သူငယ်ချင်းတစ်ယောက်ရဲ့ နှစ်သိမ့် စကားလား။

"မင်းရဲ့ဖင်ကိုသေလိုက်ပါလား။"

"Pipoလိုပဲ အောက်ဆင်းပြီး သွားအိပ်လိုက်ပါလား။
အိပ်လိုက်ရင် ခန္ဓာကိုယ်က အနားရသွားပြီး နှာမချေတော့ဘူးပေါ့"

အို ဟုတ်တာပေါ့။ ဒီနေ့တော့ သင်ခန်းစာတစ်ခုမှ ဆက် မတက်နိုင်တော့ဘူး၊ ခန္ဓာကိုယ်က အတန်းချိန်တစ်ခုကနေ အခြားတစ်ခုကို ပြောင်းနေရတာနဲ့တင်လုံလောက်နေပြီ။ ငါ့ရဲ့ခေါင်းက အခုချာလပတ်လည်နေပြီ။

နေ့ခင်းဘက်ရောက်တော့ သူငယ်ချင်းတွေနဲ့ အတူ ထမင်း သွားစားရင်း ကန်တင်းမှာ ချိုမြိန်လှတဲ့ စုံတွဲဖြစ်တဲ့ အစ်ကိုJet နဲ့ အစ်မPunတို့ မလှမ်းမကမ်းမှာ ထိုင်ပြီး ထမင်းသွားစားကြတာကို တွေ့လိုက်ရသည်။

ပြီးတော့ သူတို့ကလဲ ငါ့ကို မြင်သွားပုံရသည်။

"Arm ဒီကို အတူလာထိုင်ပါ"

"အိုး... ဒါပေမဲ့ အခု ကျွန်တော့်သူငယ်ချင်းနဲ့ အတူရှိနေတာဗျ"

"ဒီမှာ ထိုင်ခုံအလွတ်တွေအများကြီးရှိတယ်။ Thray နဲ့ Pipo လည်း ဒီမှာလာထိုင်လို့ရတယ်။" နောက်ဆုံးတော့ ငါတို့ သုံးယောက်လဲ ချစ်စရာကောင်းတဲ့ စုံတွဲရဲ့ ဘေးမှာ ထိုင်ဖို့ဖြစ်လာခဲ့သည်။

"ဒီနေ့ ဘယ်လိုနေလဲ။ စာသင်ရတာ အခက်အခဲရှိလား" အစ်မ'Punက စတင်‌ပြောလာသည်။

Perfect 10 liner( Myanmar translation)Where stories live. Discover now