"Baekhyunne shi နေကောင်းပါရဲ့လားဗျ
ကျန်းမာရေး ဂရုစိုက်ပါဗျ အခုတလော ရာသီဥတုတအားပူတယ်ခဗျ အပူရှပ်မှာကိုသတိထားပြီး ရေလည်းများများသောက်ပါဗျ ဘူဆန်က fansign ကိုအချိန်မရလို့ခဏဘဲလာပြီး ပြန်သွားဖြစ်လိုက်တယ် Baekhyunne မျက်နှာလေးကိုတောင်အနီးကပ်မကြည့်မိလိုက်ရပါဘူးဗျာ ညရောက်မှပုံတွေပြန်ကြည့်ရင်း မျက်ကွင်းလေးနည်းနည်းညိုနေသလားခံစားမိတယ်ဗျ Baekhyunne Album ထွက်ထားတာမကြာသေးလို့အလုပ်တွေပိပြီး ပင်ပန်းနေတာသိပေမယ့် အိပ်ချိန်ကိုလည်းဂရုတစိုက်အိပ်ပါဗျ ဒီတခေါက် album ကလည်းအရမ်းအရမ်းကောင်းပါတယ်ဗျ Baekhyunne fan မို့ ပြီးပြီးရော ကောင်းတယ်ပြောတာမဟုတ်ပါဘူးနော် တကယ် တကယ် တကယ်ကြီးကို ကောင်းတာပါဗျ ကျွန်တော် အကြိုက်ဆုံးသီချင်းကတော့ 'Cold heart' ပါဗျ Baekhyunne အသံလေးနဲ့အရမ်းလိုက်ပြီး စာသားတွေကလည်း ထိမိလို့ပါဗျ စာတွေရှည်သွားပြီထင်တယ် နောက်လမှဘဲ ထပ်ပို့တော့မယ်နော် ဒီလအတွက်နှစ်စောင်ကပြည့်သွားပြီဆိုတော့လေ... ကျွန်တော်လည်း ပို့သာပို့ရတာပါ စာလေးတွေအကုန် Baekhyunne ဆီရောက်ပါ့မလားလဲတွေးရင်း စိတ်မောရပါတယ်ဗျ ကျွန်တော့်ရဲ့ 32 စောင်မြောက်စာလေးကို ဒီမှာဘဲ အဆုံးသတ်လိုက်ပါမယ်ခမျကျွန်တော်မြတ်နိုးရပါသော အကိုအသေးလေးခဗျ စစ်မှန်တဲ့မေတ္တာတွေကြားအမြဲပျော်ရွှင်ရပါစေဗျ အမြဲတန်ဖိုးထားမြတ်နိုးနေပါ့မယ်ခမျ''
......,......................................................................................................
အဝါရောင် စာရွက်လေးကို ခေါက်သိမ်းပြီး fan letter တွေသပ်သပ်စုသိမ်းတဲ့ပုံးထဲမှ အနီရောင် သေတ္တာအသေးလေးကိုထုတ်လို့ အဝါရောင်စာတွေအဲ့ သေတ္တာလေးထဲသပ်သပ်ခွဲထည့်လိုက်တယ်။ အခုဆို သူပြောသလို သုံးဆယ့်နှစ်စောင်မြောက်ပေါ့
YOU ARE READING
♡𝔈𝔵𝔱𝔯𝔞 𝔖𝔴𝔢𝔢𝔱♡
Fanfiction'' တွေ့ရတာဝမ်းသာပါတယ် Baekhyunne '' (ɔ ˘⌣˘)˘⌣˘ c)♡ ''ကျွန်တော် အစ်ကိုအသေးလေးကို မြတ်နိုးပါတယ်ဗျ''