2

107 17 1
                                    

''ဒီမှာခဏစောင့်နေအုံး အစ်ကိုဖုန်းခဏပြောပြီးပြန်လာခဲ့မယ်''

''အေးဆေးပြောရတယ်''

ဒီနေ့ Baekhyun က ဂျာကြီးနဲ့အတူ မနေ့ကပြောတဲ့ သီချင်းရေးဆရာရဲ့ studio ကိုရောက်လာကြခြင်း

ဂျာကြီး ဖုန်းပြောတာစောင့်နေရင်း လက်ထဲက iced americano ကို ပိုက်နဲ့စုပ်သောက်ရင်း ig ထဲဝင်မွှေနေလိုက်တယ်။

''Baekhyunne ခဗျ''

ခေါ်သံကြောင့်အပေါ်ကိုမော့ကြည့်လိုက်တော့ အသံသွင်းတဲ့အခန်းဝကနေ သူ့ကိုပြုံးပြကာ လှမ်းခေါ်နေတဲ့ ကောင်လေးတစ်ယောက်

ဒီကောင်လေးရဲ့အသံကိုသူမှတ်မိလိုက်တယ်ပြီးတော့ Baekhyunne ဆိုပြီးသူ့ကိုခေါ်တဲ့အသံ

''အခန်းထဲဝင်ခဲ့လို့ရပါပြီဗျ ဒါနဲ့ Baekhyunne မန်နေဂျာရော''

''ဖုန်းခဏသွားပြောတယ် ဒါနဲ့ မင်းကဘယ်သူ''

ကောင်လေးကတစ်ချက်ရယ်ပြပြီး သူ့ကိုယ်သူမိတ်ဆက်လာချိန် ကောင်လေးရဲ့မျက်ဝန်းကအပြုံးရိပ်တွေဟာ ဓာတ်လှေကားထဲဆုံဖူးတဲ့တစ်ယောက်နဲ့တူနေသလိုထပ်ခံစားမိပြန်တယ်

''Park Chanyeol လို့ခေါ်ပါတယ် ဟို  songwriter Loey Park ပါဗျ''

''အာ ဟုတ် တွေ့ရတာဝမ်းသာပါတယ် တေးရေးဆရာကြီး Baekhyun ပါ''

''အဟင်း ဒီအတိုင်း Chanyeol ဒါမှမဟုတ် Loey အဆင်ပြေသလိုခေါ်ပါဗျ လာလေ အထဲကို ''

''ဂျာကြီးကိုခဏစောင့်ပြီးမှ..''

''ကျွန်တော်မကိုက်စားပါဘူး Baekhyunne ရယ် အဟင်း ''

''ကျွန်တော်လည်းဘာမှမပြောရပါဘူးနော် ဂျာကြီးလာလို့မတွေ့ရင် စိတ်ပူနေမှာဆိုးလို့သာ''

''ဖုန်းဆက်လိမ့်မှာပေါ့ဗျ ဒီ studio ထဲမှာတော့ Baekhyunne အတွက် ဘာအန္တရာယ်တစ်စုံတစ်ရာမှမရှိပါဘူး စိတ်ချပါဗျ''

''ဝင်ဆိုလည်း ဝင်တာပေါ့ ဘာဖြစ်တာမှတ်လို့ ''

Baekhyun လက်ထဲက အအေးဘူးခွံကို ဘေးက အမှိုက်ပုံးထဲထည့်လိုက်ပြီး ဖုန်းကိုဘောင်းဘီအိပ်ကပ်ထဲထိုးထည့် ပြီတီတီပြုံးပြနေတဲ့ရှေ့ကကောင်လေးကို မသိမသာ နှာခေါင်းရှုံ့ပြပြီး studio ခန်းထဲဝင်လာလိုက်တယ်။

♡𝔈𝔵𝔱𝔯𝔞 𝔖𝔴𝔢𝔢𝔱♡  Where stories live. Discover now