4

55 14 2
                                    

"ဂျပန်ကို သွားရမယ်?"

"အဲ့ဒါ Baekhyunne လည်း လာမယ့်အပတ်ထဲ ဂျပန်မှာ festival တက်ဖို့ရော magazine ရိုက်ဖို့ရော ရှိတယ်မလား အဲ့ဒါကြောင့် တစ်ခါတည်း လိုက်ခဲ့မလားလို့မေးတာ "

"အင်း အဲ့ဒါက ခဏနေအုံး ဂျာကြီးကို မေးကြည့်အုံးမယ် ငါထင်တာတော့ photo shooting တစ်ခုရှိသေးတာလားလို့ "

"အင်းပါ တကယ်လို့ အဆင်ပြေတယ်ဆို တစ်ခါထဲလိုက်ခဲ့နော် "

"ထူးထူးဆန်းဆန်း ဇွတ်ခေါ်နေပါ့လား ဘာလို့လဲ တစ်ခုခုရှိလို့များလား"

Baekhyun က ပြုံးရင်း မေးတော့ Chanyeol က ဟော့ပေါ့ အိုးထဲက ကျက်နေတဲ့အသားတွေကို Baekhyun ပန်းကန်ထဲထည့်ပေးရင်း

"ဒီအတိုင်း ဟိုမှာ အေးဆေးလျှောက်လည်ဖို့ခေါ်သွားပေးချင်လို့ပါ ကျွန်တော်က ဂျပန်ကို ခဏခဏ ရောက်နေကျဆိုတော့ ဟိုမှာ စားကောင်းတဲ့ဆိုင်တွေ လည်လို့ကောင်းတဲ့နေရာတွေ တော်တော်များများသိတယ်လေ အဲ့ဒါ Baekhyunne ကို လျှောက်လည်စေချင်လို့ ဒီတလောအလုပ်တွေများနေတာ အနားယူစေချင်တာလည်းပါတာပေါ့"

"အင်း ငါလည်း အနားယူချင်ပါတယ် ဒါပေမယ့် Album ကို အမြန်ဆုံးထွက်ချင်နေပြီဆိုတော့ နည်းနည်းတော့ပိုပင်ပန်းခံရတာပေါ့ "

"အင်းလေ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်လည်း ဂျပန်မှာ နှစ်ပတ်လောက်ကြာမှာဆိုတော့ Baekhyunne မရောက်ခင်အလုပ်တွေအကုန်အပြီးဖြတ်ထားလိုက်မယ် Baekhyunne ရောက်လာတဲ့အခါကျ အချိန်ပေးလို့ရအောင်လေ"

"တကယ်ကြီး? အချိန်ပေးမယ်ပေါ့ ဟုတ်ပြီလေ ဒါဆိုကိုယ်လည်း အဲ့ရောက်ရင် အလုပ်တွေအမြန်ပြီးအောင် ကြိုးစားလုပ်ထားပါ့မယ်"

"ရပါတယ် Baekhyunne မအားလည်း ကျွန်တော် စောင့်ပေးမှာပေါ့ အလုပ်တွေအေးဆေးလုပ်ပါ နဂိုထဲက လူကောင်လေးကသေးပါတယ်ဆိုမှ "

"မင်းကိုက လူကောင်ကြီးနေတာပါကွာ "

"ပုစွန် ခွာထားပြီးပြီ စားလိုက်အုံး "

"အိုက်ယား Chanyeollie က တကယ်ကိုကောင်းတာဘဲ boyfriend idea type ကြီးကွာ မင်းကိုရတဲ့ သူကတော့ ကံကောင်းတာဘဲ"

"ဟုတ်လား ဒါပေမယ့် သူက ကျွန်တော့်ကို လိုချင်ပါ့မလားမသိပါဘူးဗျာ"

You've reached the end of published parts.

⏰ Last updated: Nov 27 ⏰

Add this story to your Library to get notified about new parts!

♡𝔈𝔵𝔱𝔯𝔞 𝔖𝔴𝔢𝔢𝔱♡  Where stories live. Discover now