Part 35

1.3K 100 31
                                        

"Ji..."

"တကယ်လို့အဖေ jiကိုတားဖို့ဆိုရင်တော်ပါတော့ရှင့်"

"ဟင်းးးအဖေမတားပါဘူး  ဒါပေမယ့် အဖေကသတိပေးချင်တာ jiအခုလိုမျိုးဆုံးဖြတ်လိုက်တာကတကယ်ပျော်ရွှင်စေမယ်ဆိုတာသေချာလားဆိုတာကိုယ့်ကိုကိုယ်ပြန်မေးကြည့်စေချင်တာပါ"

"Jiတစ်ညလုံးစဉ်းစားပြီးပါပြီ...ဘယ်သူမှကွာရှင်းကြလို့မပျော်ပါဘူးအဖေ၊ဒါပေမဲ့ကွာရှင်းတာကဝမ်းနည်းရတာကိုသက်သာစေတဲ့နောက်ဆုံးနည်းလမ်းပဲမို့လို့ပါ"

"သမီး"

"Jiက သဘောထားကြီးထဲသူ မဟုတ်ဘူးအဖေ၊ ယောက်ျားတစ်ယောက်ကိုတခြားသူနဲ့မျှသုံးရမယ်ဆိုရင် ji နာကျင်တာကိုပဲရွေးလိုက်မယ် "

Jiနဲ့အဖေရပ်စကားပြောနေတဲ့နား ရောက်လာတဲ့သူကို တချက်လှည့်ကြည့်ကာ အကြည့်လွှဲလိုက်သည်။

"ဆ၀ါဒီခ အဖေ"

"အင်းးး"

"Ji....Fot ကိတ်စက.."

"အဖေရှင့်...jiကို အဖေအပြင်မှာစောင့်နေလိုက်ပါနော်"

အဖေထွက်သွားမှ အနောက်ကသူဆီ jiပြန်လှညိ့လိုက်သည်။

"သွားမယ်.....ကိစ္စမြန်မြန်ပြီးအောင်အဆုံးသတ်ကြတာပေါ့ "

ဒီနေ့က ranတို့ရဲ့နောက်ဆုံးနေ့ပဲထင်ပါတယ်...

"ကွာရှင်းချင်တယ်ဆိုတာ khunတို့သေချာပါသလားဗျ"

"ဘယ်မှာလက်မှတ်ထိုးရမှာလဲရှင့် "

"ဇနီးသည်ဘက်ကကျွန်တော်အမှန်ခြစ်ထားတဲ့နေရာတွေမှာလက်မှတ်ထိုးပေးရပါမယ်ဗျ "

တာ၀န်ရှိသူကမ်းပေးလာတဲ့ စာချုပ် ကို ji လှမ်းယူကြည့်လိုက်သည်။

"ခင်ပွန်းသည်ကတော့ကျွန်တော်အမှားခြစ်ရတဲ့နေရာ တွေမှာလက်မှတ်ထိုးပေးရပါမယ်ဗျ"

Ran ကိုလှမ်းကြည့်လိုက်လျှင် ထိုသူသည်လဲ jiကို စိုက်ကြည့်နေသည်။

တညလုံးစဉ်းစားခဲ့ပြီးလဲ အရှေ့က ကွာရှင်းစာချုပ်ကို မြင်လိုက်တာနဲ့ ၀မ်းနည်းမှုသည် ပြောမပြတတ်လောက်အောင်ပင်....

"Ji"

ဘောပင်ကောက်ကိုင်ကာစာချုပ်မှာလက်မှတ်ထိုးရန်ပြင်လိုက်စဉ် ခပ်တိုးတိုးခေါ်သံထွက်ပေါ်လာသည်။

Invests With Heart (Completed)Where stories live. Discover now