part(1)uni&zg

238 21 0
                                    

Between

အပိုင်း(၁)

"ကားကြီးတက်မယ် ကားကြီးတက်မယ်
ဘေးကိုဖယ် ဘေးကိုဖယ် မြန်မြန်ဆန်ဆန်မောင်းပါ မြန်မြန်ဆန်ဆန်မောင်းပါ
ရောက်တော့မယ် ရောက်တော့မယ်"
ကျတော့ထက် ဆယ့်ငါးနှစ်လောက်နောက်ကျပြီးမှ မွေးလာတဲ့ လေး
နှစ်အရွယ် ဟန်အသေး
လေးဟာ မူကြိုသီချင်းတွေကို တစ်လမ်းလုံးမမောနိုင်အောင်ဆိုနေတယ်။
ကျတော်ဆိုတာ ကျတော် သုတျာနှောင် ၊ညီလေးက ဟန်စျာနှောင် ၊
မေမေ့ဆီမှာ ညီလေးကိုယ်ဝန်ဆောင်တော့ သားလူပျိုဖြစ်မှ ကိုယ်ဝန်ထပ်ဆောင်ရကောင်းလားဆိုပြီး
မေမေ့ကို စိတ်ဆိုးသေးတယ်။
မေမေက ပြုံးလျက်ပဲ
မေမေတို့ဆီ သူလာချင်လို့နေမှာပေါ့လို့ဆိုတယ်။
မွေးလာတော့ ဒီအသေးလေးကို ကျတော် အသည်းယားပြီးချစ်လိုက်တာဆိုတာ။
ခုလည်း သူ့ဘေးမှာ သီချင်းတွေမရပ်မနားဆိုနေတဲ့ဒီအသေးလေးရဲ့
ပေါက်စီနဲ့တူနေတဲ့ပါးလေးကိုဖျစ်ညှစ်လိုက်တယ်။
"အ့ ကိုကြီး"
"ရပြီ ခါးပတ် ပတ်တော့"
"ပတ်ဝူး"
"နေပါစေ သားရယ် မင်းဖေဖေက ကားကို ဖြည်းဖြည်းမောင်းနေတာပဲဟာ"
ကျတော်တို့က သီတင်းကျွတ်ကျောင်းပိတ်လို့ မေမေ့ မိဘတွေရှိတဲ့ နယ်ကိုပြန်နေတာ။
"မိုးသည်းလာတော့မယ် ထင်တယ် မ"
ခဏချင်းဆိုသလို မိုးရိပ်မဲမဲများက
မဖိတ်ခေါ်ပဲရောက်လာတယ်။
သီတင်းကျွတ်ဦးဖြစ်တဲ့အတွက်
လျှပ်စီးတွေလည်း လက်လျက်ပဲ။
"ဟန်အသေး ထိုင်စမ်း အနွေးထည် ဝတ်ပေးမလို့ဆို"
ကားနောက်ခန်းမှ ကျတော်တို့ ညီအစ်ကို နှစ်ယောက်ကို
မေမေက ပြုံးကြည့်တယ်။
"လေရောမိုးပါ သည်းမယ်ထင်တယ် မ
ပြန်လှည့်လိုက်ရမလား"
"ခရီးတစ်ဝက် ကျိုးနေပြီ ပဲ ကို
မ တို့ ပြန်လှည့်လည်း မိုးကတော့မိမှာပဲ"
ဖေဖေက သူ့အိမ်သူစကားကို ဘယ်တုန်းကမှ မလွန်ဆန်တတ်သူပီပီ
ခေါင်းတဆတ်ဆတ်ငြိမ့်တယ်။
ဖေဖေနဲ့မေမေဟာ သုတျာ မှတ်မိသလောက် ရန်ဖြစ်တာမျိုး တစ်ခါမှမရှိဖူးဘူး။
သက်တူရွယ်တူဖြစ်ပေမယ့်
ခေါ်တာတောင် တစ်ယောက်က ကို တစ်ယောက် က မနဲ့ လေးစားသမှုရှိကြတယ်။
ကျတော်တို့အိမ်ဟာ အချမ်းသာကြီး မဟုတ်ဘူး ဖုန်းဆိုင် နဲ့တွဲလျက်
အီလက်ထရောနစ်ပစ္စည်းတွေပါ တင်ရောင်းတဲ့ ဆိုင်တစ်ဆိုင်ပိုင်တယ်။
ဖုန်းအသစ်တွေအပြင် အဟောင်းကို အရောင်းအဝယ် အလဲအထပ်လည်းလုပ်တယ်။
မေမေတို့ ဘက်ကအဘွားတွေက ချမ်းသာကြတယ်တဲ့။
မေမေက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မြို့မှာ ကျောင်းလာတက်ရင်း
ဖုန်းအပြင်ဆိုင်သေးသေးလေးဖွင့်ထားတဲ့ ဖေဖေနဲ့ကြိုက်ပြီး အကြောင်းပါတော့ ပစ်ထားလိုက်ကြတယ်။
ဒါပေမယ့်လည်း ဖေဖေ့ရဲ့
ရိုးသား ကြိုးစားမှုကြောင့်
အပြင်ဆိုင်သေးသေးလေးမှ
ခုလို ဖုန်းဆိုင် ကြီးကြီးဖြစ်လာတာ။
ကျတော်ဆယ်တန်းအောင်တော့
ဖေဖေ့မိဘတွေရဲ့အမွေ
အရင် သစ်သားအိမ်ဟောင်းလေးက
တစ်ထပ်တိုက်ပုလေးဖြစ်လာပြီး
တစ်ဝက်ကျ ကားလေးတစ်စီးတောင်ဝယ်စီးနိုင်ခဲ့တယ်။
တစ်လျှောက်လုံး ပစ်ထားခဲ့ပြီး
ခု မှ မေမေ့အမေ ကျတော့ အဘွား အသည်းအသန်ဖြစ်နေတယ် ဆိုပြီး
ဆက်သွယ်လာတာ။
"ဂျိမ်း"
"အား"
မိုးခြိမ်းသံနှင့်အတူ ဟန်အသေးလေးက
ကျတော့ရင်ခွင်ထဲ တိုးဝင်လာတယ်။
"ကား ရေယက်တံက အလုပ်မလုပ်တော့ဘူး အနီးအနားက နေရာတစ်ခုခုမှာဝင်နားမှ ထင်တယ် မ"
မိုးသံလေသံကြောင့် ဖေဖေက လည်ပင်းကြောကြီးထောင်အောင် စကားကို အော်ပြောနေတယ်"
"ဒီနားမှာ တော့ ဘာနားနေဆောင်ဘာအိမ်မှ မတွေ့ဘူး ကို"
ဟုတ်တယ်။
မြင်ကွင်းဟာ ရှေ့နှစ်ကိုက်သုံးကိုက်ထိ မသဲကွဲနိုင်အောင် ဝေဝါးနေတယ်။
လမ်းတစ်ဖက်မှာ မြေသားနံရံတွေနဲ့
လမ်းတစ်ဖက်မှာ မြစ်ကမ်းပါးတွေပဲရှိတယ်။
ကျတော်က လူကြီး နှစ်ယောက်စကားဝိုင်းမှာ ဝင်မပါပဲ
မိုးခြိမ်းသံကြောင့် ကြောက်လန့်နေတဲ့
ဟန်အသေးလေးကို
ရင်ခွင်ထဲမှာ တင်းတင်းဖက်ထားတယ်။
ဟန်အသေးလေးက မျက်လုံးကို တင်းနေအောင် ပိတ်ပြီး ကျတော့ကို သူ့လက်ပုတိုလေးတွေနဲ့တင်းတင်းကြပ်ကြပ်ပြန်ဖက်ထားတယ်။
ကားဟာ လမ်းဘေးမှာ ငြိမ့်ငြိမ့်လေးထိုးရပ်သွားတယ်။
"ဂျိမ်း"
ဒီတစ်ခါမိုးခြိမ်းသံက ပိုကြမ်းတယ် ။
အသံနှင့် အတူ ကျတော်တို့ စီးလာတဲ့ ကားလေးဟာ မြေကြီးပေါ်တစ်ပတ်နှစ်ပတ်လည်သွားတယ်။
ကျတော်ရော ဟန်အသေးပါ
ကားပြတင်းမှတစ်ဆင့်
လမ်းပေါ်လွှင့်စင်သွားတယ် ။
ကျတော့တစ်ကိုယ်လုံး
ကတ္တရာလမ်းနှင့် ပွတ်ဆွဲပြီး လမ်းမီးတိုင်နဲ့ ခေါင်း အရှိန်ပြင်းပြင်းရိုက်မိတယ်။
မျက်လုံးမမှိတ်ခင် လမ်းမပေါ် ငြိမ်ငြိမ်သက်သက်လေး လဲလျောင်းနေတဲ့ ဟန်အသေးလေးဆီ ကုန်းရုန်းထချင်ပေမယ့် စိတ်သွားတိုင်းကိုယ်မပါဘူး။
မျက်လုံးထဲ ဝင်လာတာ မိုးရေစက်လား
သွေးတွေလား မသဲကွဲခင်
မေမေတို့ ကားဆီကြည့်လိုက်တော့
ကားဟာ လမ်းဘေးမှာ မီးခိုးတွေအူနေကာ
ပက်လက်ကြီး။
ကျတော်တို့ကားဘေးမှာ ဆယ်ဘီးကားအကြီးတစ်စီး မီးဖွင့်လျက်ရှိနေတယ် ။
ကားရှေ့ခန်းမှလူနှစ်ယောက်ဟာ
ထီးအနက်ကြီးတစ်စီးဆောင်းပြီး
ကျတော်တို့ကားဆီလျှောက်လာတာတွေ့နေတယ်။
"ကယ်ပေးပါ"
ကျတော့်စိတ်ထဲက အသံဟာ အပြင်ထွက်လာမလာကျတော်မသိဘူး။
ထီးအနက်ဆောင်းထားတဲ့လူဟာ
ဝတ်စုံနက်နဲ့ပဲဖြစ်ကာ
လက်တွေအထိ အနက်ရောင်ဖြစ်တယ်။
ထီးအား ဘေးမှ လူအားလှမ်းပေးလိုက်တယ်။
ထူးထူးခြားခြား ဦးထုပ်အနက်ရောင်အောက်မှာ ကျောလယ်လောက်ရှိတဲ့ ဆံပင်ရှည်တွေနဲ့။
သူက မီးခြစ်
ကိုထုတ် လက်ဝါးနှင့် ကာပြီး နှုတ်ခမ်းတွင်တေ့ထားသော
ဆေးလိပ်ဆီ မီးတို့ဖို့ လုပ်နေတယ်။
ကားရှေ့ခန်းမှာ
အငွေ့တလူလူ ထနေတဲ့ ကျတော်တို့ ကားဆီတိုးသွားတယ်။
သူတို့ချင်း ဘာတွေပြောနေတယ်မသိရဘူး။
မိုးက အတော်စဲသွားပြီး မိုးဖွဲ လေးပဲကျန်တော့တယ်။
ခုဏက အနက်ရောင်နဲ့လူဟာ ကားဆီတစ်ချက်ကြည့်ပြီး အနောက် နည်းနည်းဆုတ်လိုက်တယ်။ ပြီးတော့
ကျတော်တို့ ကားဆီမှ ယိုစိမ့်လာတဲ့
ဓာတ်ဆီ စီးကြောင်းဆီ မီးခြစ်ကို ခြစ်ကာ ပစ်လွှတ်လိုက်တယ်။
ကားထဲမှ မေမေ့လက်တွေလှုပ်နေတာ
မြင်နေရသေးတယ်။
"အ့"
"မလုပ်နဲ့ အား"
ဓာတ်ဆီစီးကြောင်းမှတစ်ဆင့်
မီးလမ်းကြီးဟာ ကားဆီရောက်သွားလျှင် ကျတော့ မျက်လုံးတွေကို မှိတ်ချလိုက်တော့တယ်။
အိပ်မက်ဖြစ်ပါစေ။
"ဝုန်း"
နောက်ဆုံး လက်ကျန်
အသိမှာ ပေါက်ကွဲသံ နဲ့
ညှော်နံ့တွေဟာ ဦးနှောက်ဆီရောက်လာသေးတယ်
အိပ်မက်မဟုတ်ဘူးလား။
*******

Between Where stories live. Discover now