part(4)uni&zg

25 3 0
                                    

Between

အပိုင်း(၄)

"ဟီးးးးဟီးးးခစ်... ခစ်"
"ဟန် က ဒီဘက်မှာကိုကြီးရ"
"မသွားနဲ့ ဟန်အသေး ဒီဘက်ပြန်လာ"
"ဟီးးးဟီး ပျော်ဖို့ကောင်းတယ်
ဟန့် ဆီလာခဲ့"
"မလုပ်နဲ့ အား "

အနက်ရောင်ချောက်ကြီးထဲ
ပြုတ်ကျသွားတဲ့ ဟန်အသေးရဲ့ ကိုယ်လေးဟာ အမှုန်အမွှားလေးတစ်ခုလိုပျောက်ကွယ်သွားတယ် ။
အိပ်မက်ပဲ။
ဟုတ်တယ် ဒါအိပ်မက် မက်နေတာ။
တစ်ယောက်ယောက် နိုးပေးကြပါ။

"ဗွမ်း"

ရုတ်တရက် ကျတော့ မျက်နှာဟာ
ရေအေးအေးနဲ့ အပက်ခံလိုက်ရတယ်။
မျက်လုံးကို အားယူဖွင့်လိုက်တော့
ကျတော်က အေးစက်စက် ကြမ်းပြင်ပေါ်မှာ ဒီအတိုင်းလှဲနေတာ။
ဝမ်းဗိုက်နေရာမှာ ခုထိနာနေတုန်းပဲ။

"အိပ်လို့ကောင်းရဲ့လား"

ကြည့်လိုက်တော့ အဖြူရောင် လည်ကပ်ဆွယ်တာကို အဖြူရောင်စတိုင်ပင်နဲ့ တွဲဝတ်ထားတဲ့
အရေခြုံနတ်ဆိုးကောင်။
ဒီလိုကောင်ကို အဖြူရောင်နဲ့ မြင်နေရတာ ရွံဖို့တောင်ကောင်းတယ်။
အခန်းတစ်ခုလုံးဘာပရိဘောဂမှမရှိဘူး။
ဒီအတိုင်း အခန်းလွတ်ကြီးဖြစ်ကာ
အခန်းထဲမှာ သူနဲ့ ကျတော်ပဲရှိတယ်။

"ခင်ဗျား ကျုပ်ကို ဘယ်ခေါ်လာတာလဲ"

"တွေးကြည့်လေ
မင်းကို ခေါ်လာဖို့က
အရမ်းကို လွယ်ကူနေတာပဲ
မင်းပျောက်သွားလို့
စိတ်ပူပေးမယ့်သူတောင်မရှိဘူး"

"အဲဒါခင်ဗျားကြီးကြောင့်လေ"

ကျတောဝမ်းဗိုက်ကို လက်နဲ့ဖိကာ
ထထိုင်လိုက်တယ်။

"ဒီလိုစောက်ကြောတင်းတာလေးကြောင့် မင်းဒီထိရောက်လာတာ
ပထမက မင်းကို ဒီအတိုင်း လက်စတုံးပြီးထားခဲ့ဖို့ပဲ
ဒါပေမယ့် မင်းရဲ့ ဆတ်ဆတ်ထိမခံတဲ့
ပုံစံလေးက ဒီအတိုင်း သတ်ပစ်လိုက်ရမှာ နှမြောဖို့ကောင်းလွန်းနေတယ်"

"ခင်ဗျားနဲ့ ကျုပ်တို့မိသားစုကြားမှာ ဘာအငြိုးမှ မရှိဘူး
ဘာလို့ အဲလိုလုပ်တာလဲ"

မျက်လုံးနက်စွေးစွေးတွေဟာ
ကျတော့ရှေ့ ဖျတ်ကနဲရောက်လာတယ်။

You've reached the end of published parts.

⏰ Last updated: 20 hours ago ⏰

Add this story to your Library to get notified about new parts!

Between Where stories live. Discover now