Between
အပိုင်း (၃)
အုပ်ဂူအသစ်စစ်စစ်လေးသုံးလုံးဟာ
ဆေးတောင်မခြောက်သေးဘူး။
ဟိုဒေါက်တာသရဲပြောသလို
ကျတော့မိသားစုဟာ ကောင်းရာမွန်ရာရောက်သွားတာဖြစ်မယ်။
သတိရရခြင်း ထူးထူးဆန်းဆန်း တွေ မြင်လာရတဲ့ ကျတော်ဟာ
ကျတော့ရဲ့ မိသားစုကိုတော့ ထပ်
မမြင်ရဘူး။
သုဿာန်တစ်ခုလုံး ဟာ တိတ်ဆိတ်လို့နေတယ်။
ဘာလဲ သုဿာန်မှာ ဘာဝိညာဥ်မှမရှိတာလား။
"ဝိညာဥ်တွေက သူတို့စွဲတဲ့ နေရာကိုပဲတွယ်ကပ်ကြတာ တစ်ခါမှမရောက်ဖူးတဲ့ နေရာကို ဘာလာလုပ်မှာလဲ"
ကျတော်မဟုတ်တဲ့ တခြားတစ်ယောက် အသံကြောင့် ကျတော်ဘေးဘီကို
ဝေ့ဝဲကြည့်လိုက်တယ်။
သုဿာန်ဇရပ်မှာ ဒီဘက်ခေတ်မှာ မြင်ဖို့ ခဲယဥ်းတဲ့ ဆေးတံကြီးကို ဖွာလျက်
အဘိုးကြီးတစ်ယောက်ဟာ တင်ပျဥ်ခွေပြီးထိုင်နေတယ်။
ခေါင်းက ဆံပင် ရှည်တွေဟာ မလျှော်တာ ကြာပြီဖြစ်ပုံရကာ မာကြောကော့လန်နေတယ်။
စိတ်ပုတီးလေးငါးကုံးကိုလည်ပင်းမှာ စွပ်ပြီး လွယ်အိတ်တစ်လုံးလည်းလွယ်ထားသေးတယ်။
အဘိုးကြီးဆိုမှ ကျတော့ကို ဆေးရုံပို့ပေးတာ ဒီအဘိုးကြီးများဖြစ်နေမလား။
"ဒီမှာ လာထိုင်
လူလေးကြည့်ရတာ အတွေးများနေပုံရတယ် "
"အဘိုး ကျတော့ကိုသိလား"
"တိုက်တိုက်ဆိုင်ဆိုင် လမ်းကြုံလို့ဆိုပါတော့"
"ဒါ ဒါဆို ကျတော့ကို ဘယ်လို တွေ့တာလဲ အဘိုးကျတော့ကို တွေ့တော့
ကျတော်တို့ကားကို ဖျက်ဆီးသွားတဲ့ သူတွေကိုမတွေ့ခဲ့ဘူးလား
သက်ဆိုင်ရာက ပြောတာတော့
ဘာသက်သေမှမကျန်ခဲ့ဘူးတဲ့
အသက်သုံးခု ကြွေသွားတာ
သက်သေတစ်ခုတောင်မကျန်ခဲ့ဘူးတဲ့လား"
"လူလေးတောင်
အပေးယူတစ်ခုနဲ့ အသက်ရှင်လာတာမဟုတ်ဘူးလား အသက်ရှင်လာတာရဲ့ တန်ကြေးအနေနဲ့ နာမ်လောကသားတွေကို မြင်နေရတယ်လေ"
"အဘိုးဘယ်သူလဲ"
"မင်းလိုလူတစ်ယောက်ပေါ့"
"ဒါဆို အဘိုးလည်း
ကျတော့လို ထူးဆန်းတာတွေမြင်ရတယ်ပေါ့"
"ဟုတ်တယ်"
"သာမန်လူလို ဖြစ်အောင်ဘယ်လိုလုပ်ရမှာလဲအဘိုး"
"အသက်ရှင်တာရဲ့ တန်ကြေးပါဆို အသက်ရှိနေသမျှ မြင်နေရမှာပေါ့ "
သဘောက ကျတော် အသက်ရှင်နေသ၍ မြင်နေရမယ်ပေါ့။
"အဘိုးကျတော်မေးတာမဖြေသေးဘူး"
"ကျုပ် ရောက်တော့ မီးလောင်နေတဲ့ကားတစ်စီးရယ် လမ်းမပေါ် အသက်ပျောက်နေတဲ့ ကလေးတစ်ယောက်ရယ်
အသက်ရှင်ဖို့ ဆန္ဒတအား ပြင်းပြနေတဲ့ လူလေးကိုတွေ့ခဲ့တာ
သေမှုသေခင်းမို့လို့သက်ဆိုင်ရာကို အကြောင်းကြားပြီး လူလေးကိုအရင်ဆေးရုံပို့ခဲ့တာ
ထူးဆန်းတာက
အခင်းဖြစ်တဲ့ နေရာတစ်လျှောက်မှာ
အားပြင်းတဲ့ဝိညာဥ်အငွေ့အသက်ကို ကျုပ်ခံစားလိုက်ရတယ်
ဒီလောက်အားပြင်းတဲ့ဝိညာဥ် ကို ကျုပ်တစ်ခါမှ မကြုံဖူးခဲ့ဘူး"
"ဒါဆို ကျတော့မိသားစုကို ဝိညာဥ်တစ်ကောင်က သတ်သွားတာလား
ကျတော်သတိမလစ်ခင် တွေ့လိုက်ရတဲ့ လူတွေဟာ လူမဟုတ်ပဲ ဝိညာဥ်ဖြစ်နေခဲ့တာပေါ့"
"ဒါတော့ ကျုပ်လည်း အတိအကျမပြောနိုင်ဘူးပဲ
ကဲ ကျုပ်သွားမယ် လူလေးကျုပ်ကိုတွေ့ချင်ရင် အချိန်မရွေးဆက်သွယ်လိုက်"
လှမ်းပေးလာတဲ့ အနက်ရောင်ကတ်လေးကို ကျတော်လှမ်းယူလိုက်တယ်။
ကတ်မှာ ခန့်ခန့်ညားညား
ရွှေရောင်စာလုံးတွေနဲ့
ဦးမဟော်
လောကီပညာ
ဆိုပြီး ဆက်သွယ်ရမဲ့လိပ်စာနဲ့
ဖုန်းနံပါတ်ပါတယ်။
"နေပါဦး ဘာလို့ ကျတော့ဆေးရုံစားရိတ်ကို ကူရှင်းပေးတာလဲ "
""ကျုပ်အတွက် အပေါဆုံးက ငွေပဲ မင်းလည်း မင်းမြင်ရတာတွေ ကောင်းကောင်းအသုံးချတတ်ရင် ငွေဖြစ်လာလိမ့်မယ် ခုလို ပုံစံကလည်း ငွေရှာလို့ကောင်းအောင်ဝတ်စားထားတာ ကျုပ်ကို ဘိုးတော်ယောင်လို့ ထင်မနေနဲ့ဦး ဟားဟား သွားပြီ"
ပြောရင်း အဘိုးကြီးက နေရာကနေထထွက်သွားတယ်။
စုတ်ပြတ်နေတဲ့အဘိုးကြီး တက်စီးပြီးထွက်သွားတဲ့ကားကာ ဘော်ဒီမြင့်မြင့်နဲ့ အနက်ရောင် mercedesအသစ်စက်စက်ကြီး။ လူထူးလူဆန်းအဘိုးကြီး
ထွက်သွားပေမယ့်
ကျတော် ဇရပ်မှာ အချိန်တော်ကြာတဲ့အထိ ထိုင်နေတုန်းပဲ။
ကျတော့မျက်စိထဲ အနက်ရောင်လောင်းကုတ်ရှည်နဲ့ နက်စွေးနေတဲ့ ပုံရိပ်ကိုပဲစွဲနေတယ်။
ကျတော်မှတ်မိသလောက် ကျတော့အဖေဟာ ဒီလို လူမျိုးနဲ့ ရန်ငြိုးဖွဲ့ဖို့ မဆိုထားနဲ့ အဖေ့ပတ်ဝန်းကျင်မှာတောင် ဖြတ်သွားတာတစ်ခါမှမတွေ့ဖူးဘူး။
ဒါနဲ့တောင် တစ်မိသားစုလုံး ကို
ဘာလို့ သတ်ဖို့ကြိုးစားရတာလဲ။
ဖုန်း ဟုတ်တယ် အဖေ့တို့အခန်းထဲကဖုန်း။
ကျတော် ဆေးရုံက ဆင်းဆင်းချင်း
စျာပနကိစ္စနဲ့ အလုပ်ရှုပ်နေတာနဲ့
ဖုန်းကိစ္စကို ခုမှသတိရတယ်။
ကျတော့သူငယ်ချင်းဆီက ယူစီးလာတဲ့ ဒိတ်အောက်နေတဲ့ ကားအစုတ်လေးနဲ့ အိမ်ကို အမြန်ဦးတည်လိုက်တယ်။
ကျတော်သတိလစ်နေတုန်း အကြိမ်ကြိမ်ဖောက်ထွင်းခံရတဲ့အဖေ့ဖုန်းဆိုင်လေးဟာ
ဝါယာရှော့ဖြစ်ပြီး ရုတ်တရက်ကြီးမီးထလောင်လို့ ကိစ္စတုံးသွားခဲ့ပြီ။
စျာပနကိစ္စကြောင့် တခြားကိစ္စတွေ ခေါင်းထဲမရောက်နိုင်ဖြစ်နေတာ
ဖုန်းဆိုင်ကိစ္စကိုလည်း ကျတော်
သိပ်မသင်္ကါဘူး။
သက်ဆိုင်ရာကလည်း
သက်သေမရှိဘူး စုံစမ်းပေးပါမယ်က လွှဲရင် ကျတော့ကိစ္စအပေါ် သိပ်လေးနက်ချင်ပုံမရဘူး။
အိမ်နားမရောက်ခင် လမ်းဘေးက
ဖုန်းဆိုင်လေးဘက် ကျတော်ယောင်လို့တောင် လှည့်မကြည့်ခဲ့ဘူး။
ကျောင်းကပြန်ရင် ကျတော် ဖုန်းဆိုင်ဝင်တယ် အဖေနဲ့ ဆိုင်ကူရောင်းပြီးမှ
ညကိုးနာရီလောက်မှ အဖေနဲ့ အိမ်တူတူပြန်တာ။
ဒီလိုအခိုက်အတန့်ကို ခုနေပြန်မရတော့ဘူး။
လမ်းခွဲကနေချိုးကွေ့ဝင်လိုက်တော့
ဆိတ်ငြိမ်ရပ်ကွက်လေးထဲ က ခြံဝင်းသီးသန့်နဲ့ စိမ်းစိုနေတဲ့ ကျတော်တို့ အိမ်လေးရှိတယ်။
"ဒုန်း"
ရုတ်တရက်ကြီး ကားရှေ့တစ်ယောက်ယောက်ပြေးဝင်လာလို့
ကားကို အချိန်မှီဘရိတ်အုပ်လိုက်ပေမယ့်မမီတော့ဘူး။
ကားပေါ်ကနေအမြန်ရှင်းပြီး လဲနေသူကိုထူဖို့လုပ်လိုက်တယ်။
ဇတ်ကနဲ လှည့်လိုက်တဲ့ မျက်နှာဟာ
ဖူးယောင်ဖောင်းကားနေတယ်။
"လက် လက်က..."
ညာဘက် လက်ရဲ့ လက်ချောင်းတွေဟာ အရင်းကနေတိရိပြီး ပြတ်နေတယ်။
သွေးတစက်စက်ဟာ ကျတော့ ဖိနပ်ပေါ်ထိ လာစင်နေတယ်။
"အား"
ဘယ်လိုပဲနာမ်လောကသားတွေကို မြင်နေရတယ်ပဲဆိုဆို ခုလိုရုပ်ပျက်ဆင်းပျက်ဝိညာဥ်တွေနဲ့တော့ကျတော်အသားမကျသေးဘူး။
ကားပေါ်ပြန်တက် ဝိညာဥ်ကောင်ကိုကွေ့ပတ်ရှောင်ပြီး အိမ်ထဲ အမြန်ဝင်လာလိုက်တယ်။
ဖိနပ်မှာ ခုဏကစင်ခဲ့တဲ့သွေးစက်တွေရှိမနေတော့ဘူး။
အိမ်ရှေ့ရွက်လှပန်းပင်အောက်
လက်နှိုက်ပြီးစမ်းလိုက်တော့
အရေးပေါ်ထားထားတဲ့ သော့တွဲလေးက လက်ထဲပါလာတယ် ။
လက်တုန်နေတာမို့
သော့ကဖွင့်မရနိုင်ဘူးဖြစ်နေတယ်။
"ငါကူညီရမလား"
"ချွမ်"
အနားနားကပ်ပြီးပြောလာတဲ့ ခပ်အက်အက် အသံကြောင့် ကျတော် လန့်ဖျတ်ပြီး သော့ကို လွှတ်ချလိုက်တယ်။
ခုဏကလိုပုံဆိုးပန်းဆိုးမဟုတ်ပေမယ့်
လက်ကပြတ်နေတုန်းပဲ။
"ကျတော်နဲ့ ဝေးဝေးမှာ နေလို့မရဘူးလား"
"မရဘူး"
ကျတော် အိမ်ထဲရောက်တဲ့အထိ ဝိညာဥ်ကောင်က ကပ်ပါလာတယ်။
ဝိညာဥ်က စွဲစရာရှိတဲ့ နေရာမှပဲကပ်တာဆို ဘာလို့ဒီမှာရှိနေတာလဲ။
"အရင်ဆုံး မင်းကိုတောင်းပန်ချင်တယ်"
"ကျတော့ကိုသိလို့လား"
"မသိဘူး ဒါပေမယ့် မင်းတို့မိသားစုပြိုကွဲတာ ငါ့ကြောင့် ငါ့ဖုန်းက မင်းအဖေလက်ထဲရောက်နေလို့"
"ဘယ်လို "
"ဟုတ်တယ် ငါက မြေအောက်ဂိုဏ်းတစ်ခုကို ထောက်လှမ်းနေတဲ့ လျှို့ဝှက်အေးဂျင်းတစ်ယောက်
ငါ့ပန်းတိုင်ရောက်ခါနီးမှာ ဂိုဏ်းခေါင်းဆောင်က ရိပ်မိသွားလို့ ထွက်ပြေးရင်း ဖမ်းမိရင် သက်သေခံပစ္စည်းက အစပျောက်သွားမှာ စိုးလို့ မင်းအဖေဖုန်းဆိုင်မှာ ဖုန်းရောင်းသလိုနဲ့ တစ်ဖက်လှည့်နဲ့ထားခဲ့တာ wolfရဲ့ မြေအောက်လုပ်ငန်းနဲ့ ပတ်သက်တဲ့သက်သေတွေ ဒီဖုန်းထဲမှာ အကုန်ရှိတယ်"
"ခင်ဗျားကို ဒီဂိုဏ်းက ဖမ်းမိပြီး သတ်ပစ်လိုက်တာပေါ့"
"ဟုတ်တယ်
နောက်ဆုံးအချိန်ထိ ဖုန်းရှိတဲ့နေရာကို
အစ်ကိုမပြောဖို့ပဲ ဒါပေမယ့် နာကျင်မှုကို ငါသည်းမခံနိုင်ခဲ့ဘူး
တွေ့လား"
တဖြည်းဖြည်း ဝိညာဥ်ကောင်ရဲ့
ကြောက်မက်ဖွယ်သရုပ်မှန်ဟာ
ကျတော့မျက်စိရှေ့ဘွားကနဲပေါ်လာပြန်တယ်။
"သိပြီ သိပြီမို့လို့ ခင်ဗျား ဒီပုံစံကြီး ကျ
တော့
ရှေ့မှာ ထပ်မပြနဲ့"
"မပြစေချင်ရင် မပြတော့ဘူး ဒီတော့ မင်းဘာဆက်လုပ်မယ်စိတ်ကူးလဲ"
"ကျတော့ မိသားစုကိုသတ်တာ
wolfဆိုလား အဲတာသေချာလား"
"သိပ်သေချာတာပေါ့
မင်းဘာလုပ်မလို့လဲ ""
"မသိဘူး လောလောဆယ် ကျတော်သိပ်သေချင်နေတယ်
သေရမယ့် တူတူကို တစ်ယောက်ယောက်ကို ကျတော်နဲ့အတူခေါ်သွားမလားလို့ "
"ဘယ်တစ်ယောက်လဲ"
"အဲဒီညက ကျုပ်တွေ့လိုက်တယ်
ဆံပင်ရှည်ရှည် အရပ်မြင့်မြင့်နဲ့
အနက်ရောင်လောင်းကုတ်ရှည်ရှည်"
"တော် တော်လိုက်တော့
မင်းခေါ်သွားမှာ ဒီလူဆိုတာ သေချာရင် မဖြစ်နိုင်ဘူး လက်ရုံးချင်းယှဥ်ရင်
မင်းလို ကောင်လေးကို လက်တစ်ဘက်နဲ့တောင်ကောက်ပေါက်လိုက်လို့ရတယ် ပြီးတော့ ဒီလူရဲ့စိတ်ဟာ အစိုးမရဘူး ခုတစ်မျိုးတော်ကြာတစ်မျိုးဖြစ်နေတဲ့ဆိုက်ကိုကောင် ငါ့လို သူသတ်လို့သေခဲ့ရတာ မင်းလိုပမွှားလေးဆို အမှုန့်ကြိတ်လိုက်လို့ရတယ်"
"လူသတ်တာ ဒီလောက်ထိ လွယ်တာလား တရားဥပဒေ ကဘာမှမလုပ်ဘူးလား"
"ဟက် တရားဥပဒေ ဟုတ်လား တရားဥပဒေက ဘာကြောင့် ခေါင်ဖျားလက်ထဲမှာ ဆိုတာ မင်းဖုန်းကို ဖွင့်ကြည့်ရင် သိလိမ့်မယ် ကောင်လေး"
တဖြည်းဖြည်း နဲ့ ကျတော့ဘေးက ဝိညာဥ်ကောင်ဟာ ကြောက်စရာလို့ မခံစားရတော့ဘူး။
သနားစရာတောင်ကောင်းနေသေးတယ်။
ကျတော် က ဘုရားခန်းနဲ့ ကပ်လျက် ဖေဖေတို့ အခန်းဆီ လျှောက်လာလိုက်တယ်။ ဝိညာဥ်ကောင်က အရိပ်တစ်ထုလိုကပ်ပါလာတယ်။ ကြောက်သလိုလို မခံစားရပေမယ့် ဘေးနားမှာ ဝိညာဥ်တစ်ကောင်ရှိနေတယ်
ဆိုတဲ့အသိကြောင့် ကျတော့ ဘေးနားကလေထုဟာ အေးစက်စက်ကြီး ဖြစ်လို့နေတယ်။
ကုတင်ဘေး မုဆိုးဒူးထောက်ထိုင်ကာ
ဖေဖေတို့ ကုတင်အောက်က အံဝှက်ကို စမ်းလိုက်တယ်။
လက်ထဲ ကျတော့နာမည် ဟန်အသေးလေး နာမည်နဲ့ ငွေစုစာအုပ်လေးနှစ်အုပ်ပါလာတယ်။
ကျတော့နာမည်နဲ့ စာအုပ်မှာ တစ်လသုံးသိန်းစီပုံမှန်ထည့်ထားပြီး ဟန်အသေးရဲ့စာအုပ်မှာ တစ်လနှစ်သိန်းစီထည့်ထားတယ်။
"အား...အီးးးးးဟီးးးးဟီးး"
ကျတော ဘဏ်စာအုပ်လေးတွေကို
ရင်ဘတ်မှာ ပိုက်ပြီး အားရပါးရငိုချလိုက်တယ်။
ကျတော့အဖေဟာ ကျတော် သိသလောက် သူ့ဇနီးအပေါ်ချစ်ဖို့ သူ့မိသားစုကို ဂရုစိုက်ဖို့ ကလွှဲရင်
ဘာတစ်ခုမှ မကောင်းတာမလုပ်ဖူးဘူး။
မူးယစ်ဆေးဝါးဆိုလို့ ကွမ်းစားတာကလွှဲရင် ဘာမှလုပ်နေတာ မတွေ့ဖူးဘူး။
မိသားစုအပေါ်ကြင်နာတဲ့ဖေဖေ အိမ်ရှင်မကောင်းပီသတဲ့ မေမေနဲ့
အရုပ်လေးလို ချစ်ဖို့ကောင်းတဲ့
ဟန်အသေး အားလုံးဟာ ကျတော့အတွက် နိဗ္ဗာန်ပဲ။
ကျတော့မိသားစု ကို ကျတော် ပြန်အားကျရတဲ့အထိ နွေးထွေးပျော်ရွှင်ခဲ့ရတာ"
"ရွှတ်"
နှပ်ရည်များအား အင်္ကျီ လက်တွင်ဖိသုပ်ကာ အံဆွဲထဲ ထည့်စမ်းလိုက်တော့
ဖုန်း
တစ်လုံးကျတော့လက်ထဲပါလာတယ်။
"လျှို့ဝှက်နံပါတ် မရှိဘူး
ဖွင့်ကြည့်လိုက်"
ကျတော် ထိပ်ဆုံးမှာ ပေါ်နေတဲ့ video fileတစ်ခုကို ဖွင့်ကြည်လိုက်တယ်။
"အွတ် အွတ် အုအု"
"အားးး"
"ဒုတ်"
"ဘာကြီးလဲ "
videoထဲက
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ငိုထားတဲ့ မျက်ရည်တွေပါ ပြန်ဝင်သွားတယ်။
ယောကျာ်းတစ်ယောက်ရဲ့ လည်ချောင်းထဲဝင်ထွက်နေတဲ့ အဝှာကြီး။
"အဲ ဒါ wolfရဲ့ ခေါင်းဆောင် ခေါင်ဖျားပဲ မင်းမျက်နှာကို သေချာကြည့်သင့်တယ် "
"မကြည့် မကြည့်နိုင်ဘူး"
"ဘာလဲ ယောကျာ်းနှစ်ယောက်မို့ထူးဆန်းနေတာလား ငါ
သူ့ဆီမှာ ခုလိုမျိုး သူစွန့် ထုတ်ဖို့
ပါးစပ်ကို နှစ်နှစ်လောက် ဟပေးခဲ့တာတောင် နောက်ဆုံး သူ့လက်နဲ့ရက်ရက်စက်စက်သတ်ခဲ့တာ
ဥပဒေနဲ့ သူ့ကို အ ပြစ်
ပေးဖို့ ငါကြိုးစားခဲ့တာ နောက်ဆုံး သူ့ဥပဒေနဲ့ ငါကိုစီရင်သွားတယ် ကြည့်စမ်းငါ့ကို"
ဝိညာဥ်ကောင် မှာ ပြောရင်း ဒေါသထွက်လာပုံရကာ
တစ်ကိုယ်လုံးတွန့်လိမ်ပြီး
ကျတော့မျက်နှာ နား ရုတ်တရက်ကြီး သူ့ပုံပျက်ပန်းပျက်ပုံကြီး
ပေါ်လာပြပြန်တယ်။
ကျတော် ရင်ဘတ်မှာ ဝတ်ထားတဲ့ လက်ဝါးကပ်တိုင်ကို ဆွဲဖြုတ်ပြီး
သူ့ဆီလွှဲရိုက်လိုက်တယ်။
"ခင်ဗျား ဝေးဝေးထွက်သွားစမ်း"
"မင်းဖုန်းပြန်ကောက်လိုက်"
"မကြောက်ဘူးလား ဒါနဲ့မရဘူးလား"
ဘုရားပုံဆွဲသီးကို ဆွဲထုတ်ကာ တခြားလက်တစ်ဖက်နဲ့ဝှေ့ယမ်းပြလိုက်တယ်။
မေမေက ခရစ်ယာန် ဖြစ်ပြီး
ဖေဖေက ဗုဒ္ဓဘာသာမို့
ဘာသာရေးနှစ်ခုလုံးဟာ အရင်က
မေမေ ဘုရားကျောင်းတက်ရင်
လိုက်ပြီး ဖေဖေ ညဘက်ဘုရားရှိခိုးရင် လိုက်ရှိခိုးခဲ့တယ်။
ဘယ်ဘာသာဖြစ်ဖြစ် ကောင်းမှု ကိုသာ အခြေခံတာမို့ ဘယ်ဘာသာဖြစ်ခြင်းဟာ ကျတော့အတွက်အရေးမကြီးခဲ့ဘူး။သူတစ်ပါးအပေါ်မထိခိုက်အောင် ကိုယ့်ကြောင့် တခြားသူ စိတ်ရောလူပါ အနာတရမဖြစ်အောင်ပဲ နေထိုင်ခဲ့တာ။.
"အား!"
မျက်နှာဆိုးကြီးကို သည်းမခံနိုင်တော့တဲ့အဆုံး နားကို လက်နှစ်ဖက်နဲ့ ပိတ်ကာ အာခေါင်ခြစ်အော်ပစ်လိုက်တယ်။ မျက်လုံးပြန်ဖွင့်လိုက်တော့
ဝိညာဥ်ကောင်ဟာ ရှိမနေတော့ဘူး။
ကျတော ဖုန်းကို ပြန်ကောက်ပြီး
နောက်တစ်ခါ ထပ်ဖွင့်ကြည့်လိုက်တယ်။
ခုဏက video ဖိုင်တော့ ထပ်မကြည့်တော့ဘူး။
ခိုးရိုက်ထားပုံရတဲ့ video ကွာလတီဟာ သိပ်အကောင်းကြီးတော့မဟုတ်ဘူး။
ဒါပေမယ့် videoထဲက နေရာတွေဟာ တကယ့် အဆင့်မြင့်မြင့် နေရာတွေ။
မသိရင် နိုင်ငံခြား ရုပ်ရှင်တွေထဲ ရောက်သွားသလိုပဲ။
အဆင့်မြင့်ကာစီနိုတွေ
လက်ဝှေ့ပွဲ ထိုးပွဲတွေ။
wolfရဲ့ အပုပ်ပွမှန်သမျှ ခိုးရိုက်ထားတဲ့
videoအပိုင်းအစလေးတွေဟာ ဆယ်ပုဒ်ထက်မနည်းဘူး။
ဒါတွေနဲ့ ကျတော်က ဘာလုပ်ရမှာလဲ။
ဥပဒေကို လက်ဝါးထဲ ထည့်အုပ်ထားတဲ့ ဂိုဏ်းခေါင်းဆောင်က
ကျတော့မိသား စုကို
သတ်ခဲ့တယ်ဆို ရင် ကျတော်က
ကျတော့အင်အားလေးနဲ့
ဘာပြန်လုပ်နိုင်မှာလဲ။
ဒါပေမယ့် ကျတော့ ကို ကူညီနိုင်တဲ့ ယုံကြည်ရလောက်တဲ့သူတစ်ယောက်ယောက်တော့ရှိမှာပဲ။
ဟုတ်တယ်။
ငါအကူအညီတောင်းရမယ်။
ကျတော့မျက်စိထဲ
ဆေးရုံမှာတုန်းက စစ်ချက်လာယူတဲ့ စစ်ဆေးရေးမှူး မျက်နှာကို မြင်ယောင်လာတယ် ။
ကျတော့အတွက် တကယ်စိတ်မကောင်းဖြစ်နေပုံရပြီး
ဥပဓိရုပ်ကို ကြည့်ရတာ အကျင့်ပြက်ခြစားနေတဲ့ ရုပ်နဲ့မတူဘူး။
ဖုန်းကို ကျတော် လွယ်နေကျ ဘေးလွယ် အိတ်ထဲကောက်ထည့်လိုက်တယ်။
"မင်းဘယ်သွားမလို့လဲ"
"ခင်ဗျား ပြန်ရောက်လာပြန်တာလား"
"ငါ ဘယ်မှမသွားဘူး ငါ့ဖုန်းနားမှာပဲနေမှာ "
"ကျတော့ကို ကူညီမယ့် စုံစမ်းရေးအရာရှိ တစ်ယောက်ကို သိထားတယ်
အဲဒီကိုသွားမှာ ခင်ဗျားလိုက်ချင်လိုက်ခဲ့ "
"ယုံလို့ရရဲ့လား အဲဒီဖုန်းမရှိရင် ငါလည်း မရှိတော့ဘူး ခေါင်ဖျားရဲ့ လူတွေက လည်းမင်းကို စောင့်ကြည့်နေမှာ"
"နေ့ခင်းကြီး လမ်းလည်ခေါင်မှာ တော့ ကျတော့ ကို ဘာမှလုပ်လို့မရဘူး
"
ဝိညာဥ်ကောင်ဟာ ကျတော့ နား ကပ်ပြီးပါလာတယ်။
နည်းနည်းတော့ လန့်စရာကောင်းပေမယ့် ကျတော်တစ်ယောက်တည်းဆို
ဘာတွေလုပ်မိနေမယ်မသိဘူး။
ခုလို ဝိညာဥ် တစ်ကောင်အနားမှာ ရှိနေတော့ အထီးမကျန်တော့သလိုပဲ။
"ဘယ်လိုလဲ ငါ့ကိုသဘောကျလာပြီမဟုတ်လား"
"ကျစရာလား ခင်ဗျား ကျတော့ဘေးလာမထိုင်နဲ့ "
ကျတော်အော်ပြောတော့ ဝိညာဥ် ကောင်ဟာ ကားနောက်ခန်း ဆီရောက်သွားတယ်။
ခြံပြင်တောင်မရောက်သေးဘူး
ကားအစုတ်လေးပေါ် တက်ထိုင်တုန်းရှိသေး ခြံရှေ့မှာ ကားအနက်ရောင်
နှစ်စီး ထိုးဆိုက်လာတယ်။
"ခေါင်ဖျားလာပြီ ပြေးမင်းပြေးတော့"
"အပြစ်ရှိတဲ့သူက ကျတော်မှမဟုတ်တာ ဘာလို့ကျတော်ကထွက်ပြေးရမှာလဲ"
စေ့ရုံစေ့ထားတဲ့ခြံတခါးကို တွန်းဖွင့် ကာ ကားနှစ်စီးဟာ ရှေ့ဆက်နောက်ဆက် ကျတော့ကားရှေ့ထိုးဆိုက်လာတယ်။
ကျတော် ဘာလုပ်ရမလဲ။
ကိုယ်စောင့်အနေနဲ့ အသင့်ဆောင်ထားတဲ့ မောင်းချဓားကို လက်ထဲ တင်းနေအောင် ဆုပ်ကိုင်လိုက်တယ်။ ဒီခွေးသူတောင်းစားဆီမှာ
အသက်ရှင်ခွင့်ပေးဖို့တောင်းပန်နေမယ့်အစား သေပြီး မိသားစုနဲ့ သွားတွေ့လိုက်မယ်။
ကျတော်ကားပေါ်က ဆင်းလိုက်တော့
တစ်ဖက်ကားပေါ်မှ စောက်မြင်ကတ်စရာကောင်းလောတဲ့ ခြေတံရှည်တစ်ခုနဲ့အတူ လူတစ်ယောက်ဆင်းလာတယ်။
နက်စွေးစွေး ကားပေါ်က ဆင်းလာတဲ့သူဟာ အဖြူရောင် အပေါ်အောက်ဝမ်းဆက်နဲ့ဖြစ်ကာ သူ့ရဲ့ ကြေးနီရောင် အသားအရေဟာ နေရောင်အောက်မှာ ဝင်းလို့နေတယ်။
ဆံပင်ကို အပြောင်သိမ်းပြီး
နောက်မှာစုထုံးထားတာကြောင့် မျက်နှာ ချောချောဟာ စောက်မြင်ကတ်ဖို့တောင်ကောင်းတယ်။
မျက်ခုံး ထူတန်းတန်းအောက်က
စူးရှပြီး တောက်ပတဲ့မျက်နက်ဝန်းတွေဟာ အရှိန်အဝါတစ်မျိုးကိန်းအောင်းနေတယ်။
ဆံပင်ရှည် ဒီအရပ်ဒီကိုယ်နေဟန်ထားဟာ အဲဒီနေ့က ကောင်ဆိုတာ
သေချာတယ်။
မသေခင် မျက်နှာ ဖြစ်ဖြစ်စုတ်သွားအောင်လုပ်ရမယ်။
"ခွေးမသား"
" ဒုတ်"
"အင့်"
အရှိန်နဲ့ ပြေးသွားတာပေမယ့် ကိုယ့်
ခြေနဲ့ကိုယ် ခလုတ်တိုက်ပြီး မှောက်ရက်လဲတယ်။
မျက်နှာဟာ မြေကြီးနဲ့ မိတ်ဆက်ရမယ့်အား အဖြူရောင် ရှူးဖိနပ်ပေါ်မှောက်ရက်သား။
တိတိကျကျ ပြောရရင် ကျတော့မေးကို ဖိနပ်နဲ့ ပင့်မထားတာ။
ကျတော်မော်ကြည့်လိုက်တော့
မျက်ဝန်းနက်တွေက ကျတော့ကို
ငုံ့ကြည့်နေတယ်။ ကျတော် ထထိုင်လိုက်တော့ လက်က မေးစေ့ကို ဖျစ်ညှစ်လာတယ်။
"ဘယ်မှာလဲ ဖုန်း "
"သတ်ပစ်လိုက် ခွေးမသား"
"သတ္တိကောင်းတာပဲ ကြိုက်တယ်"
ကားပေါ်က ဆင်းလာပြီး လက်နှောင့်ပစ်ရပ်နေတဲ့ သူ့လူတွေဘက်မျက်စပစ်ပြလိုက်တော့ ကျတော့ အိမ်ထဲ လှမ်းဝင်သွားကြတယ်။
ကျတော့မေးရိုးကိုဆုပ်ကိုင်ထားတဲ့လက်တွေဟာ ပိုတင်းကြပ်လာတယ်။
အတင်းဖျစ်ညှစ်ဆုပ်ကိုင်ခံထားရတဲ့ မေးရိုးဟာ နာကျင်လာတယ်။
"ဒီဓားက ငါ့ကို ထိုးမလို့ပေါ့ "
ဘယ်အချိန်ကကောက်ယူလိုက်လဲမသိတဲ့ ကျတော့ မောင်းချဓားလေးကို သူ့လက်ထဲကိုင်ပြီးဆော့ကစားနေတယ်။
"မျက်နှာ လှတာပဲ"
"ခွေးစကားမပြောနဲ့ ခွေးမသားကြီး"
"ဘယ်က စလိုက်ရမလဲ
မျက်လုံးလား"
ဓားဦးချွန်ချွန်ဟာ ကျတော့မျက်လုံးရှေ့မှာ လက်ကနဲ။
"မဟုတ်သေးဘူးပဲ
မျက်လုံးက မဖျက်ဆီးချင်စရာကောင်းလောက်အောင် အရမ်းလှနေတယ်
နားရွက်ကနေစလိုက်ရမလား
နိုး..နိုး... နားရွက်က ပိုလှတယ် ပါးပါးကားကားလေး "
အရူးကောင်ရဲ့
ကျတော့မေးစေ့ကိုဆုပ်ကိုင်ထားတဲ့
လက်တစ်ဖက်ဟာ ကျတော့ နားရွက်ကို ဟန်အသေးလေး အုပ်ကိုင်သလိုမျိုးအုပ်ကိုင်လာတယ်။
"မထိနဲ့"
ကျတော့လက်ထဲမှာ ဘာလက်နက်မှမရှိဘူး။ အားနေတဲ့ပါးစပ်နဲ့ လက်ဖျံကို ကုန်းကိုက်လိုက်တယ်။
"ဟားးးးးဟားးးးး"
ကျတော့သွားနဲ့ ကိုက်ဖောက်လိုက်တဲ့
နေရာက ငန်ကျိကျိအရသာကို ရနေသည့်တိုင်အရူးတစ်ယောက်လို အော်ရယ်နေသူကြောင့် ကျတော် ကြောင်သွားတယ်။
"ဘော့စ် ဖုန်းရပြီ"
ဝိညာဥ် ကောင်ဟာ ဖုန်းကိုင်ထားတဲ့ ဝတ်စုံနက်နဲ့ လူလက်ထဲက ဖုန်းကို ပြန်လုနေတယ်။
ဒါပေမယ့် ထိကိုင်လို့ မရတာမို့ သူ့ရည်ရွယ်ချက်ကိုအကောင်အထည်ဖော်လို့မရဘူး။
"ဒုတ်"
ကျတောမှင်သက်နေတုန်း
ဝမ်းဗိုက်ဆီရောက်လာတဲ့
လက်အားဟာ ပြင်းလွန်းတာကြောင့်
မြေကြီးပေါ်ပြန်ခွေကျသွားတယ်။
နာကျင်အောက်မျက်ခြင်းနှင့်အတူ
ကျတော့ သိမှုဟာ အမှောင်ထဲ ရောက်လို့သွားတယ်။
ကျတော်သေရတော့မလား။
ဒါမှမဟုတ် ကျတော်သေသွားတာလား။
အိမ်ဘေးပတ်ပတ်လည် ခြံစည်းရိုးလို
ပတ်ကာပြီး စိုက်ထားတဲ့ ရွက်လှပင်တွေကို ဒီတစ်ခါ စိတ်ဆိုးမိတယ်။
ဒီရွက်လှပင်ကြီးတွေသာ ကွယ်မနေရင်
ကျတော့ကို တစ်ယောက်ယောက်က မြင်ပြီး လာကူညီမှာပဲ။
YOU ARE READING
Between
Horrorboy love ကိုမှ horror typeပါ ထိတ်လန့်စရာတွေ သွေးထွက်သံယိုတွေ အနိုင်ကျင့်စော်ကားတာတွေပါ ပါတယ် 🔞🔞🔞