Chapter 2243
လှည့်စားခံရခြင်းရဲ့ နာကျင်မှုနဲ့ သူမဂိုဏ်းကို အမြတ်ဖြတ်သတ်ဖျက်ခံခြင်းသည် ဟုန်ယဲ့၏ လက်စားချေလိုသော ဆန္ဒကိုဆူပွက်လာစေသည် ။
သူမပြန်လည်ခုခံသော်လည်း ရှီယီက သူမထက်သန်မာသည် ။နောက်ဆုံးမှာတော့ သူရဲ့ဓားက သူမရဲ့နှလုံးသားကိုထိုးဖောက်သွားခဲ့သည် ။ဟုန်ယဲ့ မသေဆုံးခင် ရှီယီရဲ့ခြေထောက်ကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ဆွဲထားပြီး " နင် ဘာလို့ငါ့ကိုလိမ်ခဲ့တာလဲ " ဟုမေးလိုက်သည် ။
ရှီယီ ဟုန်ယဲ့ကို အထင်အမြင်သေးတဲ့မျက်လုံးနဲ့ကြည့်ကာ
" နင်က သွေးဆောင်ဖျားယောင်းပြီးမကောင်းတဲ့နတ်ဆိုးဂိုဏ်းဝင်ဘဲလေ "
ဟု မထီမဲ့မြင်ပြောဆိုကာ သူရဲ့ဓားကိုဝှေ့ယမ်းပြီး သူ့ခြေထောက်ကိုဆွဲကိုင်ထားတဲ့ ဟုန်ယဲ့လက်ကိုဖြတ်လိုက်သည် ။မြင့်မြတ်သောနတ်ဆိုးဂိုဏ်းတစ်ခုလုံး ဤသို့ဖြင့် ပျက်သုဉ်းသွားလေသည်။
ဟုန်ယဲ့ သွေးအန်ပြီးနောက် သေဆုံးသွားတော့သည် ။
ဟုန်ယဲ့၏ဆန္ဒ _ ရှီယီရဲ့လှည့်ဖျားခြင်းမခံရရန် ၊ ရှီယီကိုသတ်ရန် ၊ မြင့်မြတ်သောနတ်ဆိုးဂိုဏ်းကို သုတ်သင်ဖို့လာတဲ့ သမာသမတ်လမ်းစဉ်ဂိုဏ်း တွေကိုလက်စားချေပြီး သူမ၏နတ်ဆိုးဂိုဏ်းကို ပြန်လည်ရှင်သန်စေရန်ဖြစ်သည်။
နဉ်ရှု ဇာတ်ကြောင်းကို သိပြီးနောက် မတက်နိုင်ဘဲ သူမ နှုတ်ခမ်းမဲ့ရွဲ့လိုက်မိသည် ။ဒီလို ချီးထုပ်ဇာတ်လမ်းမျိုးက တကယ့်ကိုပြဿနာဘဲ ။
လူတွေက သူတို့ကိုလှည့်စားသွားတဲ့သူတွေကို မုန်းတီးကြတယ် ။ ဒါပေမဲ့ အဲ့လိုအလိမ်အညာကို အောင်မြင်အောင်လှည့်ဖျားနိုင်တဲ့အကြောင်းရင်းက တချို့လူတွေက အဲ့လိုလိမ်ညာလှည့်ဖျားခံရတာကို ကျေကျေနပ်နပ်ကြီးခံနေကြလို့ပေါ့။
အလိမ်အညာဆိုတာ သကြားဖြူးထားတဲ့ အဆိပ်သာသာဘဲ ။
ဟုန်ယဲ့ မကောင်းတဲ့အရာကိုရွေးချယ်ခဲ့တယ် ။ သူမကို ကာကွယ်ပေးနေတဲ့ မြင့်မြတ်တဲ့နတ်ဆိုးဂိုဏ်းကိုကျ နောက်ကျောပေးပြီး သူလိုချင်တာကိုဘဲ ဇွတ်မျက်စိမှိတ်ယုံခဲ့တယ် ။
YOU ARE READING
[နဉ်ရှု] Realm _36 : Demonic Temptress of the scared demonic cult)
Viễn tưởngTitle (Eng )_Quick Transmigration Cannon fodder's record of counterattacks _ Credit to the original writer. This is just translation. _ pic from Pinterest